တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ရေဖြူမှာ ဆောက်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာစေမှာရယ်၊ စက်ရုံဆောက်မယ့် ဒေသက ပြည်သူထောင်ချီပြီး နေရာရွှေ့ပြောင်းပေးရမှာတွေရယ်ကြောင့် စက်ရုံကို မဆောက်ဖို့၊ ဒေသခံတွေက ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဆီ ပေးပို့တဲ့စာပါ။
ထားဝယ်မြို့ကို နှစ်နိုင်ငံ စီမံကိန်း၊ စီးပွားရေးတွေ ဆွေးနွေးဖို့ရောက်နေတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးဌာန (၅) ခုက ၀န်ကြီးတွေကို ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA) က အိတ်ဖွင့်ပေးစာ ပေးခဲ့တာပါ။
ထားဝယ်ဒေသမှာ လုပ်နေတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း၊ ရေနက်စီမံကိန်းအပါအ၀င် အခြားစီမံကိန်းတွေကြောင့် ဒေသတွင်း ပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း၊ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ဒေသတွေက ဒေသခံပြည်သူတွေ နေရာရွှေ့ပြောင်းကြရမှာကို မလိုလားတဲ့အကြောင်း၊ ထားဝယ်ဒေသက သဘာဝ ပတ်ဝန်းကျင် အလှအပတွေ မပျက်ဆီးစေလိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစာလိုက်နာဖို့ ထိုင်းနိုင်ငံအစိုးရအနေနဲ့ အလေးအနက်ထားပြီး တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း စတာတွေကို ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဆီ လိပ်မူထားတဲ့ စာထဲမှာ ရေးသားထားပါတယ်။
စာပေးပို့တဲ့ DDA အဖွဲ့ကတော့ ထားဝယ်ဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
ထားဝယ်မြို့ကို နှစ်နိုင်ငံ စီမံကိန်း၊ စီးပွားရေးတွေ ဆွေးနွေးဖို့ရောက်နေတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးဌာန (၅) ခုက ၀န်ကြီးတွေကို ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA) က အိတ်ဖွင့်ပေးစာ ပေးခဲ့တာပါ။
ထားဝယ်ဒေသမှာ လုပ်နေတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း၊ ရေနက်စီမံကိန်းအပါအ၀င် အခြားစီမံကိန်းတွေကြောင့် ဒေသတွင်း ပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း၊ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ဒေသတွေက ဒေသခံပြည်သူတွေ နေရာရွှေ့ပြောင်းကြရမှာကို မလိုလားတဲ့အကြောင်း၊ ထားဝယ်ဒေသက သဘာဝ ပတ်ဝန်းကျင် အလှအပတွေ မပျက်ဆီးစေလိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစာလိုက်နာဖို့ ထိုင်းနိုင်ငံအစိုးရအနေနဲ့ အလေးအနက်ထားပြီး တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း စတာတွေကို ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဆီ လိပ်မူထားတဲ့ စာထဲမှာ ရေးသားထားပါတယ်။
စာပေးပို့တဲ့ DDA အဖွဲ့ကတော့ ထားဝယ်ဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။


တိုင်းသူပြည်သားတွေ အနေနဲ့ တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ဖို့ စက်မှုဇုံတွေ လုပ်တာကို အားပေးရမှာပေါ့။
ReplyDeleteထိုင်းနိုင်ငံမှာ ရှိတဲ့ စက်ရုံတွေမှာ ကိုယ့်နိုင်ငံသားတွေ ရောက်နေတယ်လေ။
ကိုယ့်မှာ စက်ရုံမရှိလို့ သူများဆီသွားတာ။
ကိုယ့်နိုင်ငံမှာ စက်ရုံတွေ ရှိလာပြီ ဆိုရင် တိုင်းပြည်အတွက် ကောင်းတာပေါ့။
ဆိုးကျိုးတွေ ရှိနိုင်တာထက် ကောင်းကျိုးဘယ်လောက် ရှိတယ် ဆိုတာကိုလည်း ပြောကြဦးလေ။
အဲသည်စက်ရုံဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်တုံးက ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုမှာ ဆောက်ရင်း တန်းလန်း ဒေသခံပြည်သူတွေ အပြင်းအထန် ကန့်ကွက်မှုကြောင့် ရပ်လိုက်ရတဲ့ စက်ရုံဖြစ်မယ်ထင်ပါတယ်။ အဲသည်တုံးက ချွန်လိပိုင် ဦးဆောင်တဲ့ ဒီမိုကရက်တစ် အစိုးရလက်ထက်ပါ။ လက်သင့်ခံသင့် မခံသင့်စဉ်းစားရာမှာ ဒီစက်ရုံဘာကြောင့် ဘယ်လို ရောက်လာရတယ် ဆိုတာလဲ ထည့်သွင်း စဉ်းစားသင့်ပါတယ်။
ReplyDeleteသူတို့က သွားမလုပ်ဘူးတိုင်း .....
ReplyDeleteလူ့ကန့်လန့်တွေ
တခုလုပ်တော့ မယ်ဆိုရင်မလုပ်နဲ့ ။သဘာဝအလှပျက်လိမ့် မယ်
ReplyDeleteဝိုင်းကန့် ကွက်ကြ ကျေးရွာရွှေ့  ပြောင်းရင်ဒေသခံတွေဒုက္ခရောက်လိမ့ မယ် အဲ့ဒီလိုဝိုင်ကန့်  ကွက်နေကြတော့ ဗမာပြည်ကြီးကဘယ်တော့ များတိုးတက်တော့ 
မှာလဲ။ အဓိပ္ပါယ်မရှိတာ အလကားနေကန့် ကွက်မယ် ဆန္ဒပြမယ်
အလကား အလုပ်မရှိအကိုင်မရှိအတွေးအခေါ်မရှိ
ကမ္ဘာပေါ်ကဖွံ့ ဖြီုးမူ့ အရပ်ရပ်ဘာမှနားမလည်တဲ့ ဟာတွေ။
ိD.D.A..လူကြီးမင်းများ,လူကြီးမင်းတို့စဉ်းစားတွေးခေါ်
ReplyDeleteပုံကလင်လဲလိုချင်တယ်၊ခလေးမွှေးရမှာကိုလဲကြောက်တယ်
ဆိုသလိုဖြစ်နေတယ်။အနှောင်အဖွဲ့ကင်းကင်း၊ပယောဂ
ကင်းကင်းနဲ့တော်တည့်မှန်ကန်စွာတွေးခေါ်ဆင်ခြင်လုပ်
ဆောင်တတ်စေချငိပါတယ်။ဝမ်းတစ်ထွာဝဖို့အတွက်ကာ
ယအားဥာဏအားတစ်ခုခုတော့စိုက်ထုတ်လုပ်ဆောင်ရမှာ
ဖြစ်တယ်၊စိုက်ထုတ်လုပ်ဆောင်ပြီဆိုတာနဲ့ခန္ဓာပမ်းတာ
ဖြစ်လာမှာဘဲလေ။တစ်ခုခုပေးဆပ်ရတဲ့သဘောပေါ့။မပေး
ဆပ်ချင်ရင်တော့မလုပ်နဲ့ဝမ်းလဲမ၀ချင်နဲ့။ငတ်ငတ်ပြတ်
ပြတ်သာနေယုံဘဲရှိမယ်။အဲဒီတော့..ဘာလုပ်မလဲ။
ပတ်ဝန်းကျင်ထိခိုက်မှုဖြစ်စေတယ်ဆိုပြီး ဒေသခံတွေ ဆန္ဒပြလို့ ရပ်လိုက်ရတဲ့ စီမံကိန်းတစ်ခုအကြောင်းကို လွန်ခဲ့တဲ့လအနည်းငယ်လောက်က ဘန်ကောက်ပို့စ်မှာ ဖတ်လိုက်ရပါတယ်၊ ဘာစီမံကိန်းဆိုတာ မမှတ်မိတော့ပါဘူး။
ReplyDeleteတနင်္သာရီတိုင်းစီးပွါးရေးဇုံကို ကြောက်လန့်နေတာက စင်္ကာပူပါ။အမှန်တကယ် နစ်နာမယ်ထင်လို့ပြောတာလက်ခံပါတယ်။စင်္ကာပူအတွက်ပြောပေးရင်လက်မခံနိုင်ပါဘူး။မြန်မာပြည်ဒီမိုကရေစီ စနစ်ကျင့်သုံးတာ မနစ်မြို့တာ အိမ်နီးချင်းနိုင်ငံများပါ။ဒါလေးတွေကိုစဉ်းစားပြီးပြောကြပါ။ကျနော်ကတော့ ကိုယ့်ဒေသ စင်္ကာပူလိုအချက်ချာကြမှာကို သဘောကျတယ်။ပေးဆပ်မှူ ရှိမှ အကျိုးခံစားရမယ်။အားလုံးအလကားတော့မရနိုင်ဘူး။စဉ်းစားပြီးပြောကြပါ။
ReplyDeleteအလုပ်အကိုင်တွေရပြီးတိုးတက်ဖို့စက်ရုံတွေဆောက်တာကြိုက်ပါတယ်။ဒါပေမယ့်သူတို့တိုင်း
ReplyDeleteပြည်မှာဆောက်လို့မရလို့ဒီမှာလာဆောက်တာလက်မခံနှိုင်ပါ။ ကျောက်မီးသွေးအစားကိုယ့်
တိုင်းပြည်ကများများစားစားထွက်တဲ့ဓတ်ငွေ့သုံးလို့မရဘူးလား။အခုတော့ရေတိုဘဲကြည့်ပြီး
ဓတ်ငွေ့တွေကိုဖြုန်းတီးနေတယ်။ထိုင်းကကျောက်မီးသွေးစက်ရုံကြတော့ဒီဘက်မှာလာ
ဆောက်တယ်။သူ့ဘက်မှာတော့မြန်မာကဓတ်ငွေ့နဲ့လျှပ်စစ်ထုပ်တယ်။အများကြီးစဉ်းစား
ဘိုလိုတယ်ထင်ပါတယ်။
ဘော်ဒါကြီး myo နဲ့ ပြည်ငြိမ်းချမ်းခင်ဗျား
ReplyDeleteရေနက်ဆိပ်ကမ်းကြောင့် ဆိုးကြိုးကျိုးထက်ကောင်ကျိုးကပိုများတယ်ဆိုတာ သိပါတယ် ကျောက်မီးသွေးလောင်စါသုံး Mega watt 4000 ဓါတ်ပေးစက်ရုံကြောင့် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ ဆိုးကျိုးတွေက များလွန်းလို့ ကန့်ကွက်ရတာပါ ခုတောင် တီကျစ်ဓါတ်အားပေး စက်ရုံနားတဝိုက်က ဒေသခံတွေခံစါးနေရပြီလေ. ထားဝယ်မှာဆောက်မယ့် စက်ရုံက တီကျစ်မှာထက် အဆ 25 ဆရှိပါတယ်. သဘာဝဓါတ်ငွေ့သုံးမယ်ဆိုရင် ကောင်းတာပေါ့ဗျ ထိုင်းက မြန်မာ့သဘာဝဓါတ်ငွေ့ကို တရက် ကုဗပေ သန်း 2000 ထိဝယ်တိုးဖို့ကြိုးစါးနေပီး သူ့ပြည်သူတွေ ကန့်ကွက်လို့ ဆောက်ခွင့်မရတဲ့ စက်ရုံကို ဒါမှာလာဆောက်မယ်ဆိုတော့ နာတတ်မယ်ဆို သေလောက်ပါတယ် ဘန်ကောက် ပို့စ် မှာရေးထားတယ် ထားဝယ်မှာဆောက်တဲ့ ကျောက်မီးသွေးစက်ရုံကို a sag of shit လို့တောင် ခိုင်းနိင်းထားပါတယ် ထားဝယ်ဒေသခံတွေကို သနားတဲ့အကြောင်းပါ ရေးထားတယ်ဗျာ သေသေချာချာလေ့လာစေချင်ပါတယ် ဗျာ
သူရိန်
ဟုတ်ပါတယ်။ ဒီစက်ရုံဟာ သူတို့ ယိုးဒယားမှာတောင် ၀ိုင်းကန့်ကွက်လို့ ပြသနာတွေတက်ထားတာပါ။ ကျွန်တော်တို့နိုင်ငံကို နားလှည့်ပါးလှည့်နဲ့ ရောက်လာတာဆိုရင်တော့ ဒုတိယမြစ်ဆုံပြသနာလို့ပဲ သဘောထားပြီး အားလုံး ညီညွှတ်စွာ ကန့်ကွက်ကြပါစို့။
ReplyDeleteပြသနာကင်းကင်းနဲ့ရောက်လာတယ်ဆို တစ်ကယ်ကြိုဆိုရမှာဗျာ
ကျနော့်အနေနဲ့ကတော့ အခုလို သူများနိုင်ငံက ကိုယ့်နိုင်ငံထဲမှာ လာပြီး ရင်းနှီးမြှုပ်နှံတာကို မပြောလိုဘူး။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်တိုင်းပြည်အတွက် ၀င်ငွေရလို့ပါ။
ReplyDeleteပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်၊ ဒေသတွင်းပြည်သူတွေ နစ်နာမှုမရှိအောင် လုပ်ရမှာက ကိုယ့်အစိုးရရဲ့ တာဝန်ပါ။ ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့ ပြည်ပ ကုမ္ဗဏီတွေ နဲ့ မဆိုင်ပါဘူး။
နောက်တခုက Comparative Advantage လို့ခေါ်တဲ့ နှိုင်းယှဉ်ခြင်းဖြင့် ရလာမယ့် အကျိုးအမြတ်ပါ။ အကျိုးအမြတ်က ၇၀၊၈၀ ရာခိုင်နှုန်းလောက်ရှိပြီး၊ ဆုံးရှုံးမှုက ၃၀၊ ၄၀ လောက်ပဲရှိတယ်ဆိုရင်လည်း လုပ်ရမှာပါ။
အဲ....အရေးကြီးဆုံးကတော့ ဒီ စီမံကိန်းကို လက်ခံတဲ့ ခေါင်းဆောင်တွေရဲ့ အိပ်ထဲကို စီမံကိန်းက ရလာတဲ့ ပိုက်ဆံတွေ ရောက်မသွားဖို့ပါပဲ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရမှာပါ။
မြန်မာပြည်ထဲကို တရုတ်ပဲ လာလာ၊ ကုလားပဲ လာလာ၊ ထိုင်းပဲ လာလာ တိုင်းပြည်ဝင်ငွေအတွက်၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် (Comparative Advantage အရ အကျိုးအမြတ်က ကြီးတယ်ဆိုရင်) လက်ခံရမှာပါ။ မြစ်ဆုံစီမံကိန်း လိုမျိုးဟာကျတော့ ဆုံးရှုံးမှုက အင်မတန်မှ ကြီးမားတဲ့အတွက် လက်မခံနိုင်တာ သဘာဝကျပါတယ်။
ကျနော်လည်း ဗမာလူမျိုးပါပဲ။ တခါတခါ ကိုယ့်လူမျိုးတွေက သိပ်ကို sensitive ဖြစ် (အထိမခံ ကြွေပန်းကန်) လွန်းအားကြီးတယ်လို့ မြင်မိတယ်။
န၀တ/နအဖအစိုးရအဖွဲ့ဝင်ဟောင်းပိုင်းကစားဖါးကြီးတွေ၊
ReplyDeleteကြံ့ဖွံ့အစိုးရအဇွဲ့ဝင်စားဖါးကြီးတွေအလိုကျပြောနေသူတွေဟာ၊အဲဒီစားဖါးကြီးတွေပစ်ကျွေးတာကိုပြေးဟပ်ပြီးစားဝါးမျိုဆို့နေကြတဲ့လက်ကိုင်ဒုတ်တွေပါဗျာ..။
စက်မှုဇုံတစ်ခုအတွက်လိုအပ်သောလျှပ်စစ်ဓါတ်အားရရှိနိုင်ရန်နည်းလမ်းမျိုးစုံရှိနိုင်ပါသည်။ အထူးသဖြင့်သဘာဝ အရင်းအမြစ်ပေါကြွယ်ဝသောတနင်္သာရီတိုင်းဒေသကဲ့သို့နေရာများတွင်ပိုမိုရွေးချယ်စရာများလှပါသည်၊ ဥပမာအားဖြင့် ရေအား၊ လေအား၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး စသည်အားဖြင့်အမျိုးမျိုးရှိရာ လိုအပ်သောဓါတ်အား ပမာဏထုတ်လုပ်ရရှိနိုင်ရေး၊ ရေတိုရေရှည်ထုတ်လုပ်နိုင် မှုကိုမှန်ကန်စွာတွက်ချက်နိုင်မှု၊ ထုတ်လုပ်မှုနည်းစဉ်အားလုံးမှ သဘာဝပါတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအတိုင်းအတာကို တွက်ချက်ထားခြင်း၊ ဖြစ်ပေါ်လာနိုင်သောကောင်းကျိုးဆိုးကျိုးများ(ဒေသခံလူအပါအဝင်သက်ရှိသတ္တဝါတို့အပေါ်ကျန်းမာရေး နှင့် အခြေချနေထိုင်မှုတို့အပေါ်သက်ရောက်မှု) ကိုတွက်ချက်ထားခြင်း၊ ဖြစ်နိုင်ခြေရှိသော ဂေဟဗေဒပျက်စီးမှုများကိုလေ့လာတွက်ချက်ခြင်း၊ စသည်တို့သည် မည်သည့်စီမံကိန်းမျိုးအတွက်မဆို တွက်ချက်ထားရမည်ဖြစ်ပါသည်။ အားလုံးသောအခြေပြုတွက်ချက်မှုများမှထွက်ပေါ်လာသော ရလဒ်များမှ မကောင်းသောသက်ရောက်မှုအနည်းဆုံးဖြစ်သော ထုတ်လုပ်မှုနည်းပညာကို ရယူသုံးစွဲနိုင်မှသာ လူသားနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုသက်သာ စေပြီးနိုင်ငံတော်အတွက်လည်းစီးပွါးရေးကိုတိုးတက်ဖွံ့ ဖြိုးစေနိုင်မည့် sustainable development သည် လိုက်ဖက်ညီစွါအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ အားလုံးမှန်ကန်စွါတွေးနိုင်ကြပါစေ။ နိုင်ငံရဲ့စီးပွါးရေးတိုးတက်ဖို့လိုအပ်သလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်ကာကွယ်ထိန်းသိမ်းရေးဟာလည်းမဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။
ReplyDeleteယခုခေတ်ကပြိုင်ဆိုင်မှူအရမ်းမြင့်မားတဲ့ ခေတ်ကြီးပါ။နိုင်ငံခြားရင်းနှီးမြုပ်နံမှူရအောင်ဆွဲဆောင်နေကြတဲ့ခေတ်ကြီးပါ။ကိုယ့်မှာရှိနေတဲ့ဟာကိုဘဲ့တွက်ပြနေလို့မရဘူး။ကိုယ့်လိုဘဲ တခြားနိုင်ငံမှာလဲ အခွင့်အလမ်းတွေရှိနေကြပါတယ်။ကျနော်တို့နိုင်ငံမှာဘဲရှိတယ်။သူများဆီမှာမရနိုင်ဘူးလို့တွက်ပြမရပါဘူး။လိုအပ်တဲ့အခြေအနေများကို ဖန်တီးယူနေကြပါတယ်။နိုင်ငံခြားရင်းနှီးမြုပ်နှံမှူတခုရအောင်နည်းမျိုးစုံလုပ်ယူနေကြပါတယ်။နောက်ဆုံးကုန်ကုန်ပြောမယ် အမျိုးသားယဉ်ကျေးမှူကိုတောင်အရှူံးဆုံးခံပြီးလုပ်ကြရပါတယ်။နောက်ပြန်လည်တည်ဆောက်ကြပါတယ်။ဒါတွေကိုသိထားဖို့လိုမယ်ထင်လို့ပါ။
ReplyDelete