Pages

Sunday, January 29, 2012

ကမ္ဘာအေးဘုရားလမ်း ယာဉ်တိုက်မှု

(ဓာတ်ပုံများ - ဧရာဝတီ)

တချိန်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းဆိုတာ စက်ဘီး အချင်းချင်းတိုက်ရင်တောင် မော်တော်ဗဟီကယ်က ပြာယီပြာယာနဲ့ ချက်ခြင်းကို ရွှေ့ခိုင်းဖယ်ခိုင်းတဲ့ နာမည်ကျော် ဗွီအိုင်ပီ လမ်းမကြီးပေါ့ဗျာ၊
အခုတော့ သူလဲပဲ အိုဟောင်း နွမ်းလျ မျက်နှာပန်းမလှတော့ရှာပါဘူး၊

သောကြာနေ့ ညနေ ၃ နာရီလောက်ကထဲက သာမာန် (၃စီးတိုက်တယ်ပြောတာပဲ) ယဉ်တိုက်မှုတခု ကမ္ဘာအေးဘုရားလမ်းမကြီးနဲ့ ဘူတာရုံလမ်း ( စာတိုက်မှတ်တိုင်အနီး )မှာ ဖြစ်ပွားခဲ့ပါတယ်၊

ညနေ ၆း၀၀ အထိ ရန်ကုန်မှ တံတားလေးလမ်းဝ အသွား ယဉ်ကြောတဖက်ပိတ်ဆို့
နေပါတယ်၊ အကြောင်းမူကား... လိုင်စင်လွယ်လွယ်ရ၊ လက်တချောင်းထောင် ယဉ်ကြောပြောင်းလို့ရနေတဲ့ ဂနေ့ မြန်မာပြည်ကြီးရဲ့ ယဉ်မောင်းလောက အိုလောဘ ကြားမှာ ထိလွယ်လျလွယ်
သေကြေလွယ်တဲ့ ပေတစ်ရာဘဝတွေ ထဲက ယဉ်အက်စီးဒင့်မလှတော့ .. အမြင်မတော်လို့ ဆင်းရိုက်လိုက်ပါတယ်။

အရည်အချင်းမပြည့်မီတဲ့ ယဉ်မောင်းလိုင်စင်တွေ လွယ်လွယ်ထုတ်ပေးတာတွေ၊ လမ်းကြောစည်းကမ်းမဲ့နေတာတွေ၊ ယဉ်ထိန်းတွေအလုပ်မလုပ်တာတွေ၊ တာဝန်ပေါ့လျော့မှုတွေကြောင့် ယာဉ်တိုက်မှုတွေက
ဖြစ်နေတာပါ။




9 comments:

  1. အဲသည်နေ့ဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ယာဉ် / လမ်း အန္တရာယ် ကင်းရှင်းရေး ပြပွဲပြိုင်ပွဲ ( တပ်မတော် ခန်းမ ) မှာ ပြတဲ့နေ့ပေါ့ဗျာ။ မီးပွိုင့် ဆိုတာလည်း အခစား ယာဉ်ထိန်း လို့ မှတ်ရလောက်အောင် ယာဉ်ထိန်း နဲ့ ကားသမား နဲ့ Adjust လုပ်လို့ ရနေရင် သည်လိုအဖြစ်မျိုးတွေ ဖြစ်နေမှာပါပဲခင်ဗျာ။

    ReplyDelete
  2. have to drive left hand drive car to reduce accident according to road lane system. should only allow to use and import left hand drive car . more right hand drive car more increase accident rate
    tourist and foreigner really confuse and afraid to take taxi and walking on the street because of that right hand drive car.

    ReplyDelete
  3. မောင်ကောင်းJanuary 30, 2012 at 1:02 AM

    မောင်ကောင်း တီးမိခေါက်မိသလောက်တော့ အငှားယဉ်မောင်းသမားလေး ဆီးအိမ်ကွဲ အသည်းရှ သတင်းမလှတဲ့၊ မသာပို့ပြန်လာတဲ့ ဘီအမ်က မွှေသွားတာဆိုပဲ ဇုံပစ်ကပ်နဲ့ မြန်မာ့တက္ကစီ ခါးလှစီးခံရသည်တဲ့။ သြော်.. ဒုက္ခ .. သြော်.. ဒုက္ခ။

    ReplyDelete
  4. ယာဉ်တိုက်မှု့ဖြစ်ပြီဆိုလျှင်လူကိုယ်လွတ်ရုန်းထွက်ပြေးခဲ့။
    ပြီးတော့မှသူတို့နဲ့လာရောက်ဆက်သွယ်ညှိနှိုငိး။အငှါးဝင်
    ပေးမယ့်တရားခံလူစားသူတို့မှာအဆင်သင့်ရှိတယ်လို့
    ရွှေဥာဏ်တော်စူးရောက်စွာအတတ်ကောင်းသင်ကြားပေး၊လက်တို့သတင်းဖြန့်ထားပေးတဲ့အကျင့်ပျက်ရဲရှိနေသ၍
    ယာဉ်တိုက်မှု့တွေလက်ညှိုးထိုးမလွဲ၊မမြင်ချင်အဆုံးရှိနေ
    အုန်းမှာပါဘဲ။

    ReplyDelete
  5. good lesson for those undisciplined, rowdy, backseat-taxi drivers

    ReplyDelete
  6. စပယ်ရာမောင်ပျာလောင်January 30, 2012 at 2:31 AM

    ယဉ်တိုက်မှုတိုင်းမှာ ဒရိုင်ဘာမှာအပစ်ရှိသလို ယဉ်ထိန်းရဲ တွေမှာလည်း အပစ်ရှိပါတယ်။ သူတို့ ကို
    ကြောက်ပြီးရှောင်မောင်းနေတာကြောင့် ဘေးကလာသောကားကိုမမြင်ရတာကြောင့် တိုက်မိတာလည်းမနည်းတော့ပါ
    ဘူး။ စပယ်ယာတွေ ၀ိုင်းကြည့်ပေးတာတောင် မမြင်ရတဲ့
    ဒေါင့်ကနေ ခိုးကြည့်နေတဲ့ ယဉ်ထိန်းတွေကိုပါ အရေးယူသင့်တယ်။

    ReplyDelete
  7. လက်ယာကပ်မောင်း ကျင့်သုံးတဲ့ နိုင်ငံမှာ လက်ယာမောင်း ကားတွေ မရှိသင့်တော့ပါ။
    ကား အသစ်တွေ လဲရင် လက်ဝဲမောင်းတွေသာ သွင်းသင့်ပါတယ်။

    နောက်ပြီး ရန်ကုန်က ကားတွေက သိပ်အိုနေပါပြီ။
    ယာဉ်တိုက် မှုဖြစ်ရင် အင်မတန် အန္တရယ်များပါတယ်။
    သံပြား အဆွေးတွေကြားထဲမှာ ညပ်သေနိုင်တယ်။

    ကားအသစ်တွေ ပါမစ်တွေ များများချပေးပါလို့ သမ္မတကြီးကို တောင်းဆိုလိုပါတယ်။

    ReplyDelete
  8. လက်ဝဲမောင်းကားတွေ သွင်းတာထက်...လမ်းတွေကို လက်ဝဲကပ်မောင်းစနစ် ပြောင်းလိုက်တာကပို မှန်မှာပေါ့ ညာမောင်းကားကအများကြီး...ဘယ်မောင်းကားကနဲနဲလေး...

    ReplyDelete
  9. ကို အမည် မသိ ခင်ဗျား

    ကမ္ဘာမှာ လက်ယာကပ်မောင်း ကျင့်သုံးတဲ့ နိုင်ငံ က ၇၂ ရာခိုင်နှုန်းရှိပြီး လက်ဝဲကပ်မောင်း ကျင့်သုံးတဲ့ နိုင်ငံ က ၂၈ ရာခိုင်နှုန်းရှိပါတယ်။
    အောက်က လင့်မှာ လေ့လာနိုင်ပါတယ်။
    Right- and left-hand traffic
    http://en.wikipedia.org/wiki/Right-_and_left-hand_traffic

    ဒါပေမယ့် မြန်မာက ဂျပန်, စင်ကာပူ, မလေးရှား စတဲ့နိုင်ငံတွေက တစ်ပတ်ရစ် ကားတွေ အများဆုံး လက်ရှိသုံးနေတဲ့ အတွက် အခုလိုဖြစ်နေတာပါ။

    ReplyDelete