မြန်မာပြည်က အချိန်အတွယ်တွေကို ပြောင်းလဲဖို့ လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ။နိုင်ငံတကာလိုပဲ မက်ထရစ်စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ အဆိုတင်၊ ထောက်ခံဆွေးနေကြတာပါ။
လက်ရှိသုံးနေတာ ၃ မျိုး ရှိတယ်
၁။ ရှေးရိုးအစဉ်အလာစနစ်
၂။ အင်္ဂလိပ်တိုင်းတာမှုစနစ်
၃။ မက်ထရစ်စနစ်
နောင်မှာ မက်ထရစ်စနစ်ကိုပဲ သုံးမယ်၊ နိုင်ငံအများစုမှာ ဒီလို စနစ်ပြောင်းတာ ကာလ ကြာရှည်တာတွေ့ရတယ်၊ တိကျစွာတိုင်းတာမှုနည်းပညာဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေ ညှိနှိုင်း နေကြတယ်၊ ဥပဒေ အတည်ပြုပြီးရင် ပညာပေးတာတွေလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီအတိုင်းဆိုရင် ရှေးရိုးအစဉ်အလာသုံးနေကြတဲ့ ပိဿလေးတွေ၊ ပြည်တောင်းတွေ အနာဂတ်မှာ ပြတိုက်ထဲ ရောက်သွားကြမှာပါ။




ညွှန်း - ယနေ့ မြန်မာ့အလင်းကြေးမုံသတင်းစာများ
မစ်ထရစ်စနစ်ဟာ ၁၀ကိန်းဂဏန်းကိုအခြေခံတဲ့.အန်မတန်
ReplyDeleteတိကျတဲ့ သင်္ချာဆိုင်ရာ တွက်ချက်မှုစနစ်တစ်ခုဖြစ်ပါတယ်..
အတိမ်းအစောင်းဘက်လိုက်မှုမရှိဘူး..ညီမျှတယ်..
မြန်မာပြည်ဒီမိုကရေစီနဲ့တိုင်းရင်းသားအရေးကိုလည်း..
မစ်ထရစ် စနစ်လိုဖြစ်စေလိုပါတယ်..
ဥပဒေ ပြုရတာလွယ်ပါတယ်။ ဘယ်လိုအကောင်အထည်ဖော်မလယ်ဆိုတာရော စဉ်းစားဖို့လိုပါတယ်။
ReplyDeleteတောသူတောင်သားတွေရဲ့ အရိုးစွဲနေတဲ့ လက်ရှိအချိန်အတွယ် ကိုပြောင်းဖို့ဆိုရင် မျိုးဆက်တဆက် လောက်ကြာနိုင်ပါတယ်။
လက်ရှိချိန်တွယ်ကိရိယာတွကိုအစားထိုးဖို့ အချိန်ဘယ်လောက်လိုသလဲ?
ပြောင်းလိုက်လို့ နောက်ဆက်တွဲ အကျိုးအပြစ်များကို စဉ်းစားထားပြီးပြီလား?
နမူနာ အနေနဲ့လက်ယာမောင်းစနစ် ကိုပြင်ထားတာ ဥပဒေနဲ့ပါဘဲ ဒါပေမဲ့ ခုထိအံဝင်ဂွင်ကျမဖြစ်သေးတာ မျက် မြင်ပါဘဲ။
န၀တ လက်ထက်မှာ လူတွေ ပိုပျက်စီးရတာပါဗျာ ၊ အလေး တင်းတောင်း အခြင်အတွယ် တွေလည်းမမှန် တော.တာ ဒင်းတို.တွေထိမ်းရမဲ.အစား ကိုယ်ကျိုးရှာ အာဏာရူးပြီး ပြည်သူတွေကိုဒုက်ခပေးဖို. တောက်လျောက်လုပ်ဆောင်ခဲ.တာ ယခုအနေနဲ.နဂိုရိုးရာ အတိုင်းအသုံးပြုပြီး တိကျမှန်ကန်အောင် ထိမ်းသိမ်းကြပ်မတ် အရေးယူ ဖို.ပဲလိုကပါတယ်...။
ReplyDeleteဖြစ်သင့်တာကြာပါပြီ၊ သပန လို Government body က၀င်လုပ်မှ ရမှာပါ၊ စင်ကာပူမှာဆို Spring မှာ အစစ်ခံပြီး၊စံအလေးတုံးနဲ့ တိုက်ပြီးအသုံးပြုရတာပါ၊ အာစီယံစံလို့ပြောတာပေါ့၊ ဒါတွေဟာ ကျွန်တော်တို့ အနေနဲ့ အာစီယံက ပစ္စည်းတွေဝယ် သုံးတဲ့ အခါမှာ မရှိမဖြစ်ပါ၊ ၂၀၁၅ မှာ ဒီစံနစ်နဲ့ ၀ယ်သုံးမယ်ဆိုရင် ဒေသတွင်း အာစီယံနိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ ဆီက အကျိုးအမြတ် အများကြီးရမှာပါ၊ သူတို့ အတွက်ပြင်ထားပေးဖို့ လိုပါတယ်။
ReplyDeleteကျွန်တော်တို့နိုင်ငံဟာ နှစ်ငါးဆယ်နောက်ကျကျန်နေခဲ့တာပါ..
ReplyDeleteဒီစနစ်တွေနိုင်ငံတကာမှာဖြစ်ထွန်းနေပြီ..မြန်မာပြည်ဟာ
အာဏာရူးတွေကြောင့်အခုလို နောက်ကျခဲ့ရတာ..
နောင်လူတွေ အတုယူစရာပါ..
မြန်မာပြည်က ပိသာချိန်နဲ့ဝယ်ပြီး သူတို့ပြည်ထဲရောက်သွား
တော့ ကီလိုနဲ့ပြန်ရောင်း အကြိုက်တွေ့နေကြတာတော့
အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံလို့သူတို့ကိုယ်သူတို့ပြောတဲ့
ငလိမ်တွေပါ..မြန်မာပြည်ကအဆီအနှစ်ကိုစုပ်ထုတ်ကြပြီး
သူတို့နိုင်ငံထဲရောက်နေတဲ့မြန်မာတွေကိုကျတော့ ကျွန်တွေ
လိုတိရိစ္တာန်တွေလိုသဘောထားပြုမူကြတာ နိုင်ငံခြားမှာ
အလုပ်လုပ်ဖူးသူတိုင်းသိကြမှာပါ..မလေးတို့ထိုင်းတို့ဆိုအဆိုးဆုံးပါပဲ..မြန်မာလို့ပြောလိုက်တာနဲ့.တဆင့်နှိမ့်ဆက်ဆံကြတာ.ကျွန်လူမျိုးလို့သူတို့ထင်နေကြတာ..
အဲဒါ ခေါင်းဆောင်တွေအသုံးမကျခဲ့လို့ပါ..မြန်မာပြည်
ဘက်စုံအမြန်ဆုံးတိုးတက်ပါစေဗျာ..
လောလောဆယ်အနေအထားမှာ အဲဒီပြည်တောင်းတွေ
ReplyDeleteပြောင်းတာကအရေးမကြီးသေးပါ..
ကုန်ဈေးနှုန်းအရင်ချဖို့က အရေးကြီးပါသည်...