Pages

Tuesday, January 3, 2012

KIA ဒေသ ဓာတ်ပုံများ (၁)





ကချင်ပြည်နယ်၊ လဂျားယန်မှာ တွေ့ရတဲ့ KIA ခေါင်းဆောင်များ။ ဗိုလ်မှူးကြီးသန်းအောင်တို့နဲ့ ဆွေးနွေးဖို့ စောင့်နေကြတာပါ။ ၂၀၁၁ ဇွန် ၃၀။ (ဓာတ်ပုံများ - ဧရာဝတီ)

လိုအပ်တဲ့အခါ ပြန်ရှာရလွယ်အောင်၊ လိုလိုမယ်မယ် သိမ်းလိုသူတွေ သိမ်းထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ရှာရတာ သိပ်တော့ မခက်ပါ။ ဒီဘလော့ ညာဘက်ကော်လံ Tag ဆိုတဲ့ နေရာမှာ Photo သို့မဟုတ် ဓာတ်ပုံကို ကလစ်လိုက်ရင် ဓာတ်ပုံတွေ တွေ့ရမှာပါ။

အင်တာနက်မှာ တွေ့ရတဲ့ KIA ဒေသ ပုံကောင်းကောင်းတွေဟာ ထိုင်းမှာ အချိန်အတော်ကြာ နေသွားတဲ့၊ နေထိုင်ဆဲဖြစ်တဲ့ ဓာတ်ပုံဆရာ နှစ်ယောက် သုံးယောက်ရဲ့ လက်ရာတွေချည်းပါပဲ။

တရုတ်ပြည်က ဘလော့တွေ ၀က်ဆိုက်တွေကလည်း အိမ်နီးချင်း KIA ဒေသ အကြောင်း ဖော်ပြရင်
အဲဒီ နှစ်ယောက် သုံးယောက်ရဲ့ လက်ရာတွေပဲ ယူသုံးကြတာ များတယ်။ ကိုယ်ပိုင်ပုံ ရှိကြဟန်မတူပါ။

အထက်မှာ ပြောခဲ့တဲ့ ဆရာတွေကလည်း သတင်းဌာနများ သူတို့ပုံတွေ သုံးမသုံး စောင့်ကြည့်နေပုံရပါတယ်။ အခကြေးငွေ မပေးဘဲ၊ ခွင့်ပြုချက်မတောင်းဘဲ၊ နာမည်မဖော်ပြဘဲ သုံးလိုက်ရင် ကန့်ကွက်နေလို့ပါ။ ဒါဟာ သူတို့အလုပ် သူတို့လုပ်တာပါပဲ။

ဒီပို့စ်မှာ ဖော်ပြထားတဲ့ပုံတွေကိုတော့ ဧရာဝတီက ပိုင်ပါတယ်။ ဧရာဝတီ အမည်ကို ဖော်ပြပြီး ဘလော့ဂ်တွေမှာ၊ ဖေ့စ်ဘုတ်မှာ သုံးနိုင်ပါတယ်။

KIA ဒေသ ဓာတ်ပုံတချို့ကို မကြာခင် ထပ်မံ ဖော်ပြပါအုံးမယ်။













































7 comments:

  1. ကချင်အရာရှိပုံတွေကတော့ ဥပတိရုပ်ရည်အားဖြင့်ကောင်း
    ကြပါတယ်..ကတိတည်ကြည်သစ္စာရှိတယ်ရိုးသားတယ်
    ဖြောင့်မတ်တယ်မှန်ကန်တယ်ဆိုတဲ့ စကားတွေနဲ့ညီတယ်ဆို
    တာ ဥပတိရုပ်ကိုကြည့်လိုက်တာနဲ့သိပါတယ်..

    ဟော မြန်မာအစိုးရစစ်ဗိုလ်ပုံကတော့ နှာဘူးပုံပေါက်နေတယ်..တိုင်းရင်းသားတွေကိုအချိုသပ်ဖို့လာတဲ့ပုံပဲ..မျက်လုံး
    တွေရဲ့နောက်ကွယ်က အကောက်ညဏ်ပါလာတယ်ဆိုတာ
    ပုံကြည့်လိုက်တာနဲ့သိသာပါတယ်..တော်တော်ကောက်ကျစ်
    မဲ့ရုပ်ပဲ..

    ReplyDelete
  2. ဟုတ်ပါ့....မြန်မာစစ်ဗိုလ်ရဲ့...ရုပ်ကလပ်ကလဲ...စုတ်ပြတ်နေတာဘဲဗျူာ။

    ReplyDelete
  3. Absolutely correct. Cunning faces of Than Aung and his followers.

    ReplyDelete
  4. (ကချင်အရာရှိပုံတွေကတော့ ဥပတိရုပ်ရည်အားဖြင့်ကောင်း
    ကြပါတယ်..ကတိတည်ကြည်သစ္စာရှိတယ်ရိုးသားတယ်
    ဖြောင့်မတ်တယ်မှန်ကန်တယ်ဆိုတဲ့ စကားတွေနဲ့ညီတယ်ဆို
    တာ ဥပတိရုပ်ကိုကြည့်လိုက်တာနဲ့သိပါတယ်) ဒီ ဟာသလေး ၇ယ်စ၇ာ အလွန်ကောင်း...ဖားကန့် ခေတ် ကောင်းတုန်းက သူတို့  အကြောင်း လေ့လာပါဦး ညီလေး

    ReplyDelete
  5. ကချင်အရာရှိဆိုတဲ့ ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်နေတဲ့သူတွေကို မင်းတို့က အားကျနေတာလား.. လာနေကြည့်ကြပါ ကချင်ပြည်နယ်မှာ..

    ReplyDelete
  6. No Please No Burmese to Kachin. If Kachin can governor our own state then Burmese will still be allow to do business. What is wrong with Burmese. Cunning People?

    ReplyDelete
  7. ဘယ်သူမဆိုကိုယ့်အသားထိရင်နာတတ်ကြတယ်...ဒါပေမယ့်တစ်ခါတရံ ကိုယ့်အသားပုပ်သိုးလားမယ့်အရာကိုတော့မဖုံးကွယ်ထားသင့်ပါဘူး...သူများအသားဖဲ့ဖာသင့်ရင်လည်းဖာကုရမှာပေါ့...ဟိုပြည်ပအားကိုးပစိန်းရိုးလို့တော့ မသတ်မှတ်လိုက်ပါနဲ့နော်...အမှန်တရားကိုကြည့်တတ်ဖို့ပြောတာပါ...အမှန်တရားဆိုတာ ဖုံးကွယ်ထားရင်ပျောက်သွားတဲ့အရာမှ အဟုတ်ပါဘူးလေ...စကားကိုအားလုံးကြည့်ပြောရင်းအမှန်တရားကိုသိလျှက်နဲ့မပါချင်ရင်တောင်မပုတ်ခတ်ပါနဲ့လို့ အားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်...

    ReplyDelete