Pages

Monday, January 30, 2012

MPT ရှင်းပြတဲ့ ငါးထောင်တန် လက်ကိုင်ဖုန်းလိုင်း


ဧရာဝတီဝိုင်းတော်သားတယောက် သုံးတဲ့ လက်ကိုင်ဖုန်း နဲ့ card ။ ထိုင်းမှာ ၀ယ်တယ်။
ဖုန်းတန်ဖိုး - ဘတ် ၆၀၀ ($ 20)
sim card တန်ဖိုး - ၄၉ ဘတ် ($ 2 ခန့်)

MPT (မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း) ၀က်ဆိုက် www.mcpt.gov.mm မှာ တွေ့ရတဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။ လူပြောများနေတဲ့ လက်ကိုင်ဖုန်းလိုင်းတခု ငါးထောင်တန် အစီအစဉ်ဟာ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ရှင်းထားပါတယ်။

မကြာခင်အနာဂတ်မှာ sim card တခု ကျပ် ၅၀၀၀ ($ 6 ခန့်) ဖြစ်လာမယ် ဆိုပြီး မီဒီယာမှာ သတင်း ဖော်ပြနေကြတာကို တုန့်ပြန်ထားတာပါ။

ရက်စွဲတပ်မထားတဲ့ ထုတ်ပြန်ချက်ပါ။ တံဆိပ်တုံးမှာပါတဲ့ ခပ်ဝါးဝါး ဂဏန်းများအရ မနေ့ကထုတ်ပြန်တယ်လို့ ယူဆရပါတယ်။


ထပ်မံဖြည့်စွက်ချက်
ဒီနေ့ အစိုးရထုတ် သတင်းစာမှာ ဒီထုတ်ပြန်ချက်အကြောင်း အခုလို ဖော်ပြထားပါတယ်။

18 comments:

  1. ၁၅ သိန်းရှိခဲ့ရာမှ.... လို့ ပြောတာ လုံးဝမှားပါတယ်။ ဖုန်းတစ်လုံးဟာ ၁၅ သိန်း ဘယ်တော့မှ မရှိခဲ့ပါဘူး။ ဒါညာစားခဲ့တာ၊ လိမ်စားခဲ့တာ၊ လူလည်လုပ်တာ၊ ပြည်သူအပေါ် မတရားလုပ်တာ... ဒါတွေကို ပြန်တောင်း လျှော်သင့်ပါတယ်။ ခွင့်မပြုဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ပြောတာဟာ ခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောနေတာနဲ့ အတူတူပါပဲ။ ပြည်သူတိုးတက် ဖို့ပါဆိုပြီး ပြည်သူတွေရဲ့ လည်ပင်းကို ရသလောက် ညစ်ထားနေသေးတာ ယုတ်မာလွန်း အားကြီးလွန်းပါတယ်။ ကိုယ်လုပ်မှာလည်း မဟုတ်ဘဲနဲ့... မဖြစ်နိုင်ဘူးလို့ သူများအစားလိုက် ပြောပေး နေတာ ဘာသဘောလဲ...

    ReplyDelete
  2. ဖုန်းလိုင်းတွေ တည်ဆောက်ဖို့အတွက် လိုအပ်တာတွေကို လာပြောနေပါလား။ ဒုက္ခပါပဲ ... ဖုန်းသုံးမယ့် လူတွေက သူတို့ ဆောက်လုပ်ရမယ့် ဟာတွေအတွက်ပါ ကျခံရမယ်ဆိုတဲ့ သဘောပေါ့။ နွားနို့ရောင်းမယ့်လူက နွားနို့ဝယ်သောက်မယ့် လူတွေကို နွားဝယ်ဖို့ ငွေတောင်းနေသလိုမျိုး ... ရယ်စရာကြီးပါလားဗျ။ ဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၅ ကျပ်ပဲ မြတ်တယ်ထားဗျာ ... ဆင်းကဒ် တစ်သန်း ဖြန့်နိုင်မယ်ဆိုရင် ဝင်ငွေ ဘယ်လောက် ကောင်းသလဲဆိုတာ လူတိုင်း သိပါတယ်။ ဒီလို စားပေါက်ချောင်တဲ့ အလုပ်မို့လို့လည်း အများကို လုပ်ခွင့် မပေးချင်တာ နေမှာ ....

    ReplyDelete
  3. ထိုင်းမှာ sim card (နံပါတ်) တွေကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ အလကားဝေတာတွေ့ဖူးပါတယ်။ True Move ကပါ။ True Move ကြော်ငြာတော့ မြန်မာလက်ကမ်းကြော်ငြာ၊ R. Zarni တို့လို Celebrity တွေနဲ့ ကြော်ငြာပါတယ်။ .. ထိုင်းအဝင် လေဆိပ်မှာလဲ sim တွေ အလကား ဝေတာကြုံဖူးတယ်။

    မြန်မာပြည်မှာမှ တစ်ခါမှ မကြားဖူးတဲ့ ဈေးနှုန်းတွေရှိနေတာ ပြည်သူတွေကို ညှဉ်းဆဲနေတာပဲ ဖြစ်တယ်။ ဒါဟာ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေကို မတရား အမြတ်ထုတ်၊ ဂုတ်သွေးစုပ်၊ ဖိနှိပ်နေတာပဲ ဖြစ်တယ်။

    မြန်မာပြည်ကို ချစ်ပါတယ်/တစ်ကယ်တိုးတက်စေချင်ပါ တယ်ဆိုရင် စီးပွားရေးသမားတွေအနေနဲ့ MPT ကို သပိတ်မှောက်ဖို့ အကြံပြုပါတယ်။ ဗြိတိသျှခေတ်က ဦးနာအောက်လိုမျိုး စိန်ခေါ်ရင်ကောင်းတယ်။

    လုပ်ငန်းရှင်တွေအနေနဲ့ ဒုတ္ခပင်လယ်ထဲက ပြည်သူတွေ အဆင်ပြေစေဖို့ ဦးနာအောက် စိတ်ဓာတ်ကို အရင်းပြု MPT နဲ့ မြန်မာအစိုးရကို ဒီလိုအချက်တွေနဲ့ စိန်ခေါ်စေချင်တယ်။
    - ပြည်သူတွေအဆင်ပြေစေဖို့ ဦးထိပ်ထားမယ်။
    - တာဝါတိုင်တွေ၊ ဆက်သွယ်ရေး စက်တွေ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအကုန်လုံးကို ကိုယ့်ဖာသာဝယ်ပြီး တပ်ဆင်မယ်။ (MPT စက်တွေ လုံးဝမသုံးဘူး)
    - အမြတ်ငွေရဲ့ ၉၉ % သို့ ၅၀ သို့ % ၆၀ % ကို အစိုးရကို အခွန်ဆောင်မယ်။
    - ပြည်သူတွေကို sim (နံပါတ်) တစ်ခု တစ်ရာကျပ်နဲ့ ရောင်းမယ်။
    - ဖုန်းခေါ်ဆိုခကို လက်ရှိအတိုင်းထားမယ်။ သို့မဟုတ် လျှော့ယူမယ်။

    အဲ့လိုလုပ်စေချင်တယ်။ ဦးနာအောက် တစ်ယောက်လောက် ဖြစ်ဖြစ် ပေါ်လာပြီးတော့ အစိုးရကို မီဒီယာတွေကနေ တဆင့် စိန်ခေါ်သင့်တယ်။ အဲ့လိုလုပ်ပြီး ဝိသမလောဘသား MPT နဲ့ cronies တွေကို ရစရာမရှိအောင် အလဲထိုးသင့်တယ်။

    ReplyDelete
  4. လွန်ခဲ့သော10နှစ်တုန်းက လက်ကိုင်ဖုန်းလေးတလုံးရဖို.ငွေကြေးအမြောက်အများသုံးစွဲကြရပါတယ်။ ဆက်သွယ်ရေးလေးအဆင်ပြေဖို.အတွက် ၀ယ်ရတာလေ။အခုလိုဖောဖောသီသီပေးမယ်ဆိုတော့ဘာပဲပြောပြောမုဒီတာပွားရတာပေါ့။အရင်တုန်းက၁၅သိန်းဆိုတဲ့အင်အားကနည်းမှမနည်းတာ။ အခုတော့အများမျှော်နေတဲ့ တန်ဖိုးနည်းဆင်းကဒ်ကြီး ဘယ်ဆီရောက်နေပြီလဲ....နောင်5နှစ်မျှော်....

    ReplyDelete
  5. ၅ ထောင်တန်ဆိုတာဟာ၊ လက်ရှိ လုပ်နေတဲ့ အဖွဲ့ တွေကို မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ကောင်တာလုပ်တဲ့ သဘောသက်ရောက်နေပါတယ်။ အခုဆို ၃ သိန်းတန်ထုတ်ပေးမဲ့ အဖွဲ့ တွေက ၂သိန်းခွဲ အထိချရောင်းဖို့ လုပ်နေရပြီ၊ ၅၀၀၀ ထောင်တန် က ဆက်သွယ်ရေး ဘက်ဘုန်းမသုံးဘဲ၊ ကိုယ်ပိုင်ဘက်ဘုန်းသုံးရင်တောင် အရင်းကျေမှာပါ။ လက်ရှိသုံးတဲ့သူတိုင်း ၅၀၀၀ တန်ထွက်ရင် ၅၀၀၀ တန်ကိုဘဲပြောင်းသုံးချမှာပါ။
    လက်ရှိ အစိုးရအနေနဲ့ ယခင်စစ်အစိုးရက စီးပွါးရေးသမားတွေကို အစားထိုးဖို့ လုပ်နေတဲ့ အစီအစဉ်တွေလည်းရှိနေပါတယ်။ ဌက်ခါးတိုင်းတော့ အမြဲဘယ်အမြင့်မှာ မပျံနိုင်ပါဘူး။
    ဒါကြောင့် ၅ ထောင်တန်ဟာ မြန်မာ့ဆက် သွယ်ရေးရဲ့ တစ်ဖက်လှည့် အစီအစဉ်ဖြစ်နိုင်ဖို့ ကို ထည့်စဉ်းစားသင့်ပါတယ်။

    ReplyDelete
  6. ဆက်သွယ်ရေးက + ကုမ္ပဏီ တွေ( ရီုက်စားကုမ္ပဏီ တိုင်းပြည်တွင်းဘာ ကုန်ထုတ်လုပ်ငန်းမှ မလုပ်တဲ့)နဲ့ပေါင်း ပြီး ၇ိုက်စားဂွင် တွေ ပျက်သွားမှာ ကြောက်လို့ ကန့်လန့်နေတာပါ ။
    လူထု အများ တွေ လိုချင်တာ ကို ဖြစ်အောင်လုပ်ဖို့
    သဘော မရှိလေ။။ စေတနာ ၇ှိ ၇င် 3 သိန်းဖုန်း နောက် ဆုတ်ပေးလိုက်ပေါ့ ????

    ReplyDelete
  7. မောင်ကောင်း (အမိမြေ)January 30, 2012 at 2:00 PM

    မြန်မာနိုင်ငံမှာ ကျပ်ငါးထောင်တန် လက်ကိုင်ဖုန်း ဆင်းမ်းကဒ် ကိစ္စ မဖြစ်နိုင်သေးတဲ့ အဓိက တစ်နံပတ်တရားခံကို မောင်ကောင်း ဥာဏ်မီသလောက်ပြောချင်ပါသည် စာဖတ်ပရိသတ်ကြီးဖြစ်နိုင်ခြေရှိမရှိ ဆင်ခြင်ကြည့်တော်မူကြပါ၊ အဓိကကတော့ဗျာ အခုလက်ရှိရောင်းနေတဲ့ငါးသိန်းတန်ဖုန်းတွေ၊ အက်ဖ်အီးစီ၂၀တန်ကဒ်တွေ စီဒီအမ်အေတွေ၊ ဂျီအက်စ်အမ်တွေ မှာ အာဏာရှင်စစ်အစိုးရ သားတော် သမီးတော် ဘေးအရံမြှောက်ထိုးပင့်ကော်၊ ဟိုဒင်းတူမတော် ဒီဒင်းမောင်တော် etc တွေနဲ့ ကန်ထရိုက်ချုပ်ထား၊ အပေါ်ကြေးဝါးထားတဲ့ကိစ္စတွေ မပြီးသေးမပြတ်သေး လက်ကျန် နှစ်တွေရှိနေသေးပါသဖြင့် ဒင်းတို့ခရိုနီအမျိုးတွေ အရိုးစုပ်ပြီးကာမှ အားလုံးရှင်းမှ လင်းမှ ကျပ်၃၀၀၀ တန် ဆင်းမ်ကဒ်တို့ ဘာတို့ဖြစ်လာအုန်းမှာမို့ ခံလက်စနဲ့ ဆက်ပြီး စိတ်ရှည်သည်းခံ အဖြေမှန်လေကန်တော်မူကြပါအုန်းလို့။

    ReplyDelete
  8. ၅၀၀၀ ကျပ်တန် ဖုန်းကဒ်လုပ်ချင်တဲ့သူကိုအစိုးရ
    ကလုပ်ကိုင်ခွင့်သာချထားပေးလိုက်ပါ၊ သူတို့ကရ
    အောင်လုပ်ပါမယ်လို့သူတို့လူထုကိုအတိအလင်း
    ကြေငြာပြီးပြီဘဲ၊ သူတို့ဖြစ်အောင်လုပ်နိုင်လို့ပြော
    ထားတဲ့ဈေးနဲ့ရောင်းနိုင်ရင်ပြည်သူလူထုအကျိုး
    ရှိပါတယ်၊၀န်ကြီးဌာနကလည်းပြည်သူလူထုအ
    ကျိုးကိုအဓိကမျှော်ကိုးပြီးခွင့်ပြုမိန့်ချပေးစေချင်ပါတယ်၊စကားပုံရှိတယ်လေ၊အကြံတူနောက်လ သာမြဲလေ

    ReplyDelete
  9. ဘယ်လိုမှတော့မထင်နဲ့ဗျာ၊စိတ်ထဲရှိတာပြောမယ်၊ အဲ့ဒီ ဖုန်းကိစ္စဘယ်လောက်များအရေးကြီးနေလို့တုန်း။
    ဟုတ်ပါတယ်။ပေါပေါနဲ့ရတော့ကောင်းတာပေါ့။လူအား လုံးသုံးနိုင်တော့ကောင်းတာပေါ့။လွယ်ကူတာပေါ့၊
    ဒါပေမဲ့အဲ့ဒါကြီးကသိပ်ကိုအရေးကြီးနေလား၊မရှိတော့ ဘာဖြစ်လဲဗျာ။လမ်းဘေးကဖုန်းနဲ့ပြောမယ်၊အိမ်ဘေးကဖုန်းနဲ့ပြောမယ်မဖြစ်ဘူးလား။
    ဆိုလိုတာကျနော်တို့လူတွေကိုကလဲခက်ပါတယ်။ဘာလို့ ၁၅သိန်း။ သိန်း ၂၀၊သိန်း ၃၀ တွေနဲ့ဝယ်ကိုင်ကြသေးလဲ။ မတန်တဆကြီးဖြစ်နေတာကိုဘဲအလုအယက်။ကိုယ့်လခနဲမှမတန်။ကိုယ့်ဝင်ငွေနဲ့မှမတန်ရှိစုမဲ့စုနဲ့ကိုဟန်းဖုန်းလေး တလုံးကိုင်လိုက်ရမှ။ခုမှလိမ်ယူတယ်တို့လည်ပင်းညစ် တယ် တို့မပြောနေနဲ့တော့လေ။ကိုယ်တွေဘာလို့ဒီလောက် ညံ့လဲ။ဒီဖုန်းမရှိတော့သေမှာမို့လား။သဘောပြောတာပါ။မဝယ်ကြနဲ့ပေါ့။ကိုယ်တွေဘဲအဲ့ဒီမတရားအမြတ်ထုတ်လူထုကိုအားပေးခဲ့ကြတာမဟုတ်လား။ တကယ်တော့၅၀၀၀ ဆိုတာတောင်များနေပါသေးတယ်။အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်လေ။ပြီးတော့မမေ့ကြနဲ့ကိုယ်ဝင်ငွေကဘယ် လောက်လဲဆိုတာ။ဖုန်းပြောပြီးဗိုက်မှောက်နေလို့ရတာမဟုတ်ဘူး။ဘိုးဘွားအမွေအနှစ်ကိုထုခွဲပြီး ဖုန်းဝယ်တဲ့သူတောင်ရှိလိုက်သေး။ဘယ်လောက်များ ဖုန်းချဉ်ချင်းတကြတလဲဆိုတာ။မရှိတော့ဘာဖြစ်လဲ။ရှိတော့ရောဘာဖြစ်သွားလဲ..ကဲကဲတက်နေသမျှသူတပါးအမြတ်ထုတ်တာခံကြရမှာဘဲ

    ReplyDelete
  10. ရျွှေပြည်တံခွန်က ၅၀၀၀/- တန် ဖုံးကိစရှင်လင်းပွဲ လုပ်ရင် ဆက်သွယ်ရေးရုံးက အင်ဂျင်နီယာ ချုပ်ကြီးကို ခေါ်ကြပါအုံး ။ တော် ကြာစိတ်ဆိုးသွားအုံးမယ် ။ သူ.ကိုယ်သူ ၀န်ကြီးထင်နေတဲ.သူလေ ...

    ReplyDelete
  11. မြန်မာပြည်က MPT တို့ ရတနာပုံ တယ်လီပို့က ကောင်တွေနိုင်ငံရပ်ခြားကိုခဏလောက်ထွက်ကြည့်ကြ
    ပါအုံး သူများနိုင်ငံမှာ sim cardအလကားပေးတာတို့hand set အလကားပေးတာတို့ဆိုတာကြာခဲ့ပြီကွ ။မင်းတို့ကိုယ်တိုင်ကလဲဘာမှမသိ ဘာမှနားမလည် ဘာမှမတက်ပဲနဲ့လုပ်ပေးမဲ့သူရှိတာတောင်မင်းတို့ကလက်မခဲ့ဘူး.။ဘာကောင်တွေလဲကွ ငါးပိကောင်တွေလား
    အရင်တုန်းကပဲလိမ်လို့ကောက်လို့ရမယ်။ခုမရတော့ဘူးကွ။နားလည်လား။မင်းတို့ကြောင့်တိုင်းပြည်အောက်ကျ နောက်ကျဖြစ်နေတာကွ။ ဂဲဆက်ကီးယားတွေ

    ReplyDelete
  12. အာရ်၊ အက်ဖ်၊ အေ မှာ ပါလာတဲ့ သတင်းတစ်ပုဒ်ကိုရော ကြားပြီးကြပြီလား၊၂၉-၁-၂၀၁၂ ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရွှေပြည်တံခွန် ကကျင်းပတဲ့ ဆွေးနွေးပွဲမှာ"မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
    ပညာရှင်တွေရဲ့ နည်းပညာပိုင်းဆိုင်ရာမေးခွန်းတွေကို ပြန်ဖြေကြားနိုင်တာမတွေ့ရဘူးလို့လည်း မီဒီယာတွေက ပြောပါတယ်..................။"ဆွေးနွေးပွဲအပြီးမှာ ကျပ်(၅၀၀၀)တန် အစ်ီအစဉ် မဖြစ်နိုင်သေးတဲ့အကြောင်းကို MPTနဲ့ရွှေပြည်တန်ခွန် တို့က ပြောဆိုလိုက်တယ်တဲ့

    ReplyDelete
  13. တို့တွေသေချာ စဉ်းစားချင့်ချိန်သင့်တယ်......ပထမပဲလောကမှာ အကြီးအကျယ်လိမ်တယ်..ကြားလိုက်ကြမှာပါ၊မကြာခင်ကတော့ ယုံကြည်လို့အပ်နှံထားတဲ့ ဟွန်ဒီ ဒေါ်လာ တွေလိမ်တာ တော်တော်ခံလိုက်ရတယ်.လိမ်သွားတာလည်း company ဖွင့်ထားတဲ့သူဘဲ...ခုဖုန်းမှာထပ်လိမ်ခံရရင်တော့မကောင်းတော့ဘူး

    ReplyDelete
  14. for those who do not know .......
    Lu Gyee Min Phone Shop in Latha Street in Latha Township is OWNED by Minister ZAW MIN .

    Ma Yone Ma Sheet Neth .

    his son and his daughter in law

    ReplyDelete
  15. ဟုတ်တယ်ဗျို့ သူတို့နဲ စာချူပ်ထားတဲ့ စစ်အစိုးရရဲ့ အာဏာရှင်ရဲ့ လက်ဝေခံစီးပွားသမားတွေ ဆုံးရှုံးမှာ စိုးပြီး ပြည်သူတွေကို ထပ်ပြီးနှိပ်စက်ကျဦးမှာပေါ့။ သူတို့ အမြဲလက်ညှိုးထိုးနေတဲ့ ထိုင်းမှာတောင် တယ်လီဖုန်းကတ်တွေ အလကားဝေနိုင်နေတာကို မဖြစ်နိုင်သေးပါဘူးလို့ပြောတာ သူတို့ညံ့တာလို့ပြောပြီး လူတွေကို အာဏာရှင်ထပ်လုပ်ချင်နေသေးတယ်ဆိုတာထင်ရှားနေတာပဲ။ ဘာဒီမိုကရေစီမှ မရှိဘူးဆိုတာပြနေတာပဲ။ လုပ်နိုင်တဲ့ သူကတောင် လုပ်ပါမယ်လို့ပြောနေတာလေ။ ဧရာဝတီတုံးကလိုပဲ သပိတ်မှောက်၊ဆန္ဒတွေပြ၊ ဆွေးနွေးပွဲတွေ လုပ်လိုက်ကြရင် သူတို့တတွေ မပြောင်းပေးလို့ မရနိုင်တော့ပါဘူး။

    ReplyDelete
  16. နိုင်ငံတော်ခေါင်းဆောင်ကြီးများရယ် ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတဲ့ ဆိုင်းဘုတ်တွေကတော့ တစ်နိုင်ငံလုံးတင်မကဘူး ရုပ်ရှင်တွေ ဗွီဒီယိုထဲတွေမှာပါ မလွပ်တမ်းပါနေပါတယ်။ ဟန်းဖုန်းစင်းကဒ်တစ်ခုကို မြန်မာငွေ(၅၀၀၀) ကိုတော့ ဖြစ်အောင်မလုပ်ဘူး ဖြစ်ပါလိမ့်ဦးမယ် စင်္ကာပူလို နိုင်ငံတော်ကြီး။

    ReplyDelete
  17. ဒီလောက်တောင်နောက်ကျလာခဲ့တာကိုနောက်ကျတယ်လို့ မသိသေးတဲ့သူအတွက်တော့ဒီတောင်းဆိုချက်ကိုဆန့် ကျင်မှာဘဲဗျာကျနော်အထင်တော့လုံးဝကိုဖြစ်သင့်တယ်ဗျာ ဘာဖြစ်လဲဆိုတော့ကျနော်တို့ ခုထိုင်းနိုင်ငံမှာ ဖုန်းတစ်လုံး
    ကိုဘတ်ငွေ 500ပေးပြီးဝယ်လို့ ရတယ်ပြီးတော့ ဆိမ်းကဒ်
    လဲတစ်ခုကိုဘတ်49နဲ့ ဝယ်လို့ ရတယ်လေ အဲဒါတွေကိုမြန်
    မာငွေနဲ့ ပြန်ပြီးတွက်လိုက်ရင်ဖုန်းတစ်လုံးကိုကျပ်ငွေ12500လောက်နဲ့ ပြီးတော့ဆိမ်းကဒ်တစ်ခုကိုကျပ်1200နဲ့ ဝယ်နိုင်တယ်လေ ခုဟာကြီးကဘာလို့ မဖြစ်နိင်တာလဲဆိုကျနော်လဲနားမလည်တော့ဘူးဗျာ အဲဆိုရင်ကျနော်တို့ မြန်မာနိုင်ငံဟာလူတိုင်းဖုန်းသုံးနိုင်တဲ့ခေတ်မရောက်သေးဘူးလို့ ပြောရမှာပေါ့နော်

    ReplyDelete
  18. အော်ကျွန်တော့်တို့နိုင်ငံမှာဖုန်းကဒ်၅၀၀၀တန်အတွက် အငြင်းပွားနေရတာမြန့်မာဆက်သွယ်ရေးကဘာတွေလဲ လုပ်မည့်သူကိုယ်တိုင်ကလုပ်ပါ့မယ်လို့ပြောနေတာ ကိုတောင်သူ့တို့ငတ်တော့မယ်အတိုင်းပဲ မင်းတို့အဲလောက်တောင်တိုင်းပြည်ကိုခုချိန်ထိမျက်စိ ပိတ်အောင်လုပ်နေချင်သေးတာပဲနိုင်ငံတော်သမ္မတကြီးကလဲဒီတိုင်းကြည့်မနေပါနဲ့ ကျွန်တော့်တို့ခုသူများတွေတိုင်းပြည်မှာပြောရရင်ေ အာက်ခြေအဆင့်လုပ်နေရတာဖုန်းသုံးတယ်ဆိုတာ ကလေးတွေမုန့်စားသလိုဖြစ်နေတာ ကုန်ကုန်ပြောရရင်အိမ်သာဆေးတဲ့ဝန်ထမ်းတောင် အိတ်ထဲမှာဟန်းဆက်နဲ့သုံးနိုင်တာပေါ့ဆက်သွယ်ရေး ကိုသက်သာဆုံးနဲ့အဆင်ပြေဆုံးသုံးနိုင်အောင်လုပ်ပေးထား တာလေ။sim card ကဒ်ကို 45dhs မြန်မာငွေ ၉၀၀၀လိုင်းပွင့်တာနဲ့ 25dhs free ပြန်ပေးတယ်ကဒ်ရဲ့တန်ကြေးက20dhsပေါ့ မြန်မာငွေ၄၀၀၀ပေါ့ အဲဒီတော့အောက်ခြေထိရောသုံးနိုင်တာပေါ့ မြန်မာ့ဆက်သွယ်ရေးကရိုက်စားလူကြီးမင်းတို့ အစတုန်းကမြန်မာန်ုငံမဟုတ်တော့ဘူးလေ တိုးတက်တော့မယ့်မြန်မာနိုင်ငံဖြစ်နေပီ ခင်ဗျားတို့ရိုက်စားဝါဒတွေကိုလျော့သင့်နေပီလို့ထင်ပါ တယ်။အကြောင်းပြချက်တွေပေးပြီးကန့်သတ်နေတာ ကတော်တော်သိသာလွန်းပါတယ်။ဖြစ်အောင်လုပ်ပါ့မယ်လို့ပြောနေတဲ့သူရှိနေတာကိုလုပ်ခိုင်းလိုက်ပေါ့။ နိုင်ငံတော်ကြီးတိုးတက်စေချင်တဲ့စေတနာရှိရင်ပြောတာပါ။ ရှိမှာလဲမဟုတ်ပါဘူး.မောပါတယ်သူ့တို့နည်းပညာ နဲ့လုပ်ရင်ရပါတယ်ပြောတာတောင်ဘာလို့ဇွတ်ငြင်းတာလဲအိတ်ထဲကဆိုက်ရမှာမဟုတ်တာတောင်..ထုတ်ပြန် ချက်စာကိုကြည့်ပြီးရှက်စရာကြီးနော်.ဟိုလူတွေကတတ်ပီးမြန်မာ့ဆက်သွယ်ရေးကဘာမှမတတ်သလိုပဲ။ အင်းးးးးးးတကယ်လဲခေါင်းဆောင်ပိုင်းတွေ
    ဘာမှမတတ်ခဲ့ကြလို့မြန်မာနိုင်ငံဆင်းရဲခဲ့တာပဲလေ... စေတနာကမ္မံဘိက္ခဝေ..ပေါ့

    ReplyDelete