
အရင် စစ်အစိုးရလက်ထက်ကလို ပဒေသရာဇ်ပုံစံ လက်ဆောင်ပဏ္ဍာနဲ့ ထိုင်ကန်တော့စရာမလို ... သမ္မတကတောင် လက်ဆောင်ပြန်ပေးနေသေးလို့ ... ချီးမွမ်းမယ် ရှိတုန်း ... နောက်စာမျက်နှာကျ ဒီအောက်က ပုံတွေ့ပြန်တယ်။ လက်အုပ်တော့ ချီထားတာ မမြင်။ ကန်တော့ရသေးလား၊ မကန်တော့ရတော့ဘူးလားတော့ မသိ ...။ ထိုင်ခုံမရှိလို့လည်း ဖြစ်ချင်ဖြစ်မှာတော့ ... :D
ဇာဂနာလဲ ဒေါ်စုကို ကန်တော့တာပဲ။ မျှမျှတတ တွေးနိုင်ကြပါစေ
ReplyDeleteအောက်မှာ ထိုင်နေသူတွေက သမ္မတနဲ့ သမ္မတကတော်အပေါ်မှာ တကယ်ကို ရင်ထဲက လေးစားလို့ သူတို့နဲ့ တန်းတူ မထိုင်ဘဲ အရိုအသေပေးသောအားဖြင့် အောက်မှာ ဆင်းထိုင်တာမျိုးဆိုရင်တော့ လက်ခံပါတယ်။ လေးစားလို့ လုပ်တာဆိုရင် ဦးသိန်းစိန် ခြေတောက်ကို ခေါင်းနဲ့ တိုက်တာပဲ ဖြစ်ဖြစ်၊ ဒေါ်ခင်ဝင်း ထမီစကို ခေါင်းနဲ့ တိုက်တာပဲ ဖြစ်ဖြစ် ဘာမှ မဝေဖန်လိုပါဘူး။
ReplyDeleteဒါပေမဲ့ ၀န်ထမ်းတွေ ဖြစ်လို့ နိုင်ငံအကြီးအကဲတစ်ယောက်ကို အရိုအသေပေးတာဆိုရင်တော့ ရိုသေတဲ့လူတွေကိုရော အရိုအသေခံတဲ့ လူကို ရော နှစ်ဖက်လုံးကို အလကားလူတွေလို့ သတ်မှတ်ပါတယ်။ အားလုံးဟာ ရာထူးကြီးတာနဲ့ ရာထူးငယ်တာဘဲ ကွာတယ်၊ ၀န်ထမ်းတွေသာ ဖြစ်လို့ ကိုယ့်တာဝန်ကိုယ်ကျေဖို့ပဲ လိုတယ်။ ဖားဖို့ ယားဖို့ မလိုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ဇာဂနာ အန်တီစု ကိုကန်တော့တာ
ReplyDeleteကြည်ညိုလေးစားလွန်းလို့။
အန်တီစုသွားလေရာပြည်သူတွေက
သောင်းသောင်းဖျဖျကြိုဆိုကြတာ
ကြည်ညိုလေးစားလွန်းလို့။
သူ့ကို မကန်တော့တဲ့လူ
မကြိုတဲ့လူ အလုပ်မပြုတ်ဘူး။
ပါးရိုက်မခံရဘူး၊
အဆဲမခံရဘူး၊ထောင်ထဲလည်းမရောက်ဘူး။
သူ့ကို ကန်တော့လို့လည်း
ရာထူးအတိုးမခံရဘူး၊
စားရဝါးရမဲ့ခွင်မရဘူး၊
ရာထူးမြဲမှာလည်းမဟုတ်ဘူး။
အကျောက်တရားနဲ့
ကြည်ညိုလေးစားမှုလည်း
ခွဲခြားတတ်ပါဦး။
အောက်မှာ ထိုင်နေတဲ့ သူတစ်ယောက် စိတ်ထဲကပြောတယ် ထိပ်ပြောင်ကြီး မြန်မြန်ပြန်မကြွဘူး အောက်မှာထိုင်ရတာ ခြေထောက်တွေကိုကျင်နေပြီ နောက်ဆို ထိုင်ခုံမှာ ဂျပိုးတွေလွတ်ထားမယ်
ReplyDeleteမှတ်ပြီလား မှတ်ပြီလား စိတ်ထဲကနေ ခေါင်းကို ၃ ခါခေါက်လိုက်တယ်
Dear ALL,
ReplyDeleteI am just wondering people just throw away our traditional value just they become other nationalities or just been in overseas.
We use to pay homage to elder person, our parents, our teachers and our old relatives. It is our tradition and it mean respect, not the meaning of fear.
President is head of country and it is considered to be father of all the citizen. Showing respect to him is our tradition.
We have seen a lot of disrespect from new generation especially rise up in overseas and if our value lose, we will lost our dignity as Myanmar in the future.
Please think of how do you want to raise up your children.
အကျင့်ကိုက ပါနေတာ။ ပီးရင် ငါ့အရင်ပြဆိုတာကြီးပဲ။
ReplyDelete90 seconds with Thein Sein
http://vimeo.com/35940897
ဘာပဲဖြစ်ဖြစ်ပါ မွေးလာကတည်းက ဆယ်စုနှစ် ၃ ခုအထိ သမတကြီးတယောက်ပဲ ပြည်သူ့ကို နဲနဲ အလေးဂရုပြုတတ်ရုံ ရှိတာတော့ အသိအမှတ်ပြုပါတယ်.
ဒီစာမရေးခင် သတင်းစာကို လင့်(ခ်) အသစ်တခု ထပ်ဖွင့်ပြီး ပုံကြီးချဲ့  ဖတ်လိုက်ပါတယ်။ သံအမတ်ကြီးရဲ့ နေအိမ်မှာလို့  တွေ့ ရပါတယ်။ ဒီလောက်များတဲ့လူတွေ
ReplyDeleteအကုန်လုံး သံအမတ်ကြီးရဲ့အိမ်မှာ၊ စည်းဝေးပွဲတခုမှာလို ထိုင်ခုံကိုယ်စီနဲ့ ထိုင်နေသင့်တယ်လို့  ထင်နေမြင်နေရင် မှားသွားနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ တပြေးညီထိုင်ကြ
မယ်ဆိုရင်လည်း အမြင်မတော်သလို၊ အိမ်ရှင် (သံအမတ်ကြီး) လည်း၊ အပြောလွတ်မှာ မဟုတ်ပါဘူး။ နောက်ပြီး သမ္မတကော၊ သမ္မတကတော်ကော နှစ်ယောက်လုံးဟာ ကျန်သူအားလုံးထက်အသက်ပိုကြီး
ပုံရပါတယ်။ ကိုယ့်အိမ်ကို လာလည်သူဟာ၊သာမန်ပုဂ္ဂိုလ်
တဦးတောင် မဟုတ်ပဲ နိုင်ငံ့ခေါင်းဆောင်တဦးဖြစ်နေ
တော့ ပိုပြီးရိုကျိုးမှုပြုတာဟာ မင်္ဂလာရှိပါတယ်။
သမ္မတကြီးက ကြမ်းပေါ်မှာ တူတူထိုင်မယ်လို့  ပြောရင်တောင်၊ အိမ်ရှင်က အတင်းပဲ ဆိုဖါပေါ်မှာပဲ ထိုင်ခိုင်းမှာ မလွဲပါဘူး။ ဒါတွေကို ကျနော်တို့  မသိပါဘူး။ သေချာတာကတော့ အားလုံးကိုကြည့်ရတာ စိတ်လက်သက်သာ ရှိနေကြတာပါ။ ဒါ မင်္ဂလာပါ။