Pages

Monday, February 6, 2012

မိသားစုတချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်


(ရွှေသံစဉ်တီးဝိုင်း ဂီတမှူး ကိုဝင်းမော်ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားတဲ့ "ဒေါ်အောင်ဆန်းစုကြည်၏ ဧည့်ခံပွဲ" နဲ့ ဓာတ်ပုံများ)

ယနေ့ (၅.၂.၂၀၁၂) ညနေ ၅း၀၀ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်
ရွှေသံစဉ် တေးဂီတအဖွဲ့ခေါင်းဆောင် ဂီတမှူး ကိုဝင်းမော်နှင့်
သူ၏ သမီးငယ် ဒုတိယနှစ် ဥပဒေကျောင်းသူ ခင်စုကြည်
ကိုမင်းဇေယျနှင့် ဇနီး၊
ကိုပြုံးချိုနှင့်ဇနီး၊
ကိုဂျင်မီနှင့်ဇနီး၊
မနီလာသိန်း နှင့်သမီးငယ်လေးတို့နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ နွေးထွေးရင်း နှီးစွာ တွေ့ဆုံ စကားပြောကြသည်။

(ဖေဖော်ဝါရီ ၇ ပြင်ဆင်ချက် -
ကိုဂျင်မီနှင့်ဇနီးမနီလာသိန်း နှင့် သမီးငယ်လေး ဟု ဖတ်ရှုပါရန်)

ဒေါ်အောင်ဆန်းစုကြည်က ညနေစာဖြင့် ဧည့်ခံခဲ့သည်။

ညနေစာကိုအကျဉ်းထောင်အတွင်းတွင် ဘ၀တူရဲဘော်များကို ဟင်းချက်ရေး တာဝန်ယူခဲ့ဖူးသူ သုံးရောင်ခြယ် အဖွဲ့မှ ကိုကျော်ဆန်းကပင် ကိုယ်တိုင် ချက်ပြုတ်ပေးခဲ့ပါသည်။

ည ၈း၀၀ နာရီအထိ ရင်းနှီးခင်မင်စွာဖြင့် လူမှုရေး၊ နိုင်ငံရေး ကိစ္စများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၁၉၉၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် အတွက် ‘ခွပ်ဒေါင်းဝိညာဉ်’ နှင့် ‘၈၈တော် လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ သီချင်းနှစ်ပုဒ် ဖန်တီးပေးခဲ့မှုဖြင့် ထောင်အတွင်းတွင် ၆ နှစ်ကျော်နေခဲ့ရပြီး ချိန်မှစပြီး ယခု အကြိမ် ပြန်လွတ်လာသည့် ကာလအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဝင်းမော် တို့ ပြန်လည် ဆုံတွေ့ခွင့်ရသည်မှာ ယခု ပထမဦးဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် သမိုင်းတွင် အလွန် အရေးပါကြောင်းနှင့် ယခုနှစ် ဧပြီလတွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးသည်လည်း အလွန်အရေးကြီးကြောင်း ပြောပြခဲ့သည်။

ညစာစားပြီးနောက် မပြန်မီ ဒေါ်အောင်ဆန်းစုကြည်က တစ်ဦး ချင်းစီကို လက်ဆောင်များ ပေးခဲ့ပါသည်။

ကိုဝင်းမော်က မိမိ၏ဂီတ အနုပညာဖြင့် အကူအညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါသည်။

16 comments:

  1. အဲဒီ ထမင်းစား ပွဲ မှာ ကျနော် ပန်းကန် ဆေးပေးချင်ပါတယ် ....

    ကျနော် အင်ဂျင်နီယာ တဦးပါ

    ReplyDelete
  2. Dear Admin ,

    As far as I know , Ma Nilar Thein is wife of Ko Jimmy , why there is a " ၊ " between Ko Jimmy and his wife Ma Nilar Thein ? It means different person in Myanmar usage !!!!!!!

    ReplyDelete
  3. what a good comment!!!! me too wanna do it:)

    ReplyDelete
  4. ကျနော်က ဆရာဝန် တစ်ဦးပါ ၊ နောက်ပွဲတွေကျရင် ကျနော် စားပွဲထိုး ပေးခွင့်ရမယ်ဆိုရင် ၀မ်းသာမိမှာပါ ။

    ReplyDelete
  5. မမီးမီးကိုဘာလို.မဖိတ်တာလည်း သူ.ကိုလည်းပါစေချင်ပါတယ်

    ReplyDelete
  6. invite also Ko Mya Aye's wife

    ReplyDelete
  7. အပေါ် က အင်္ဂျင်နီယာ နဲ့ ဆရာဝန် တို့ကို လေးစားပါတယ်

    ReplyDelete
  8. သူတို့ ကမှ ထူးခြားတဲ့ ၈၈ အုပ်စုမဟုတ်ပါ။ ၈၈အုပ်စုတွေအများကြီး ရန်ကုန်မှာ အဲဒီလို ခွဲခြား ခွဲခြားမလုပ်ကြပါနဲ့ 

    ReplyDelete
  9. အင်ဂျင်နီယာနဲ့ ဆရာဝန်တို့ရဲ့စိတ်ဓါတ်ကို လေးစားပေမယ့် သူတို့ ကမှ ထူးခြားတဲ့ ၈၈ အုပ်စုမဟုတ်ပါ။
    ဆိုသူကိုတော့ သေသေချာချာ သမိုင်းကြောင်းကို လေ့လာပြီး နှိုင်းယှဉ်စေချင်ပါတယ်...

    ReplyDelete
  10. ဆရာဝန်လိုလည်းစားပွဲမထိုးချင်ဘူး
    အင်ဂျင်နီယာလိုလည်းပန်းကန်မဆေးချင်ဘူး
    အဲဒီဝိုင်းမှာအတူသောက်ချင်တယ်

    အရက်သမား

    ReplyDelete
  11. ကျနော်ကတော့ဆရာဝန်စားပွဲထိုးတာ၊
    အင်ဂျင်နီယာပန်းကန်ဆေးတာ၊
    အရက်သမားအရက်သောက်တာ၊
    အဲဒါမျိုးမဖြစ်ရအောင်၊ထမင်းဝိုင်းကို
    သဲနဲ့ ပက်ချင်တယ်။


    ကြံ့ဖွတ်၊စွမ်းအားရှင်

    ReplyDelete
  12. ထမင်းဝိုင်းကိုသဲနဲ့ပက်ချင်တဲ့ကြံ့ဖွံ့၊စွမ်းအားရှင်ကို
    ပြည်သူလူထုက ဆွမ်းကြီးလောင်းပါလိမ့်မယ်။

    ReplyDelete
  13.ိုမြင့်မြတ်တဲ့သူကို အောက်တန်းကျသူကမနာလိုတာ ခုမှမဟုတ်ပါဘူး ဘုရားရှင်လက်ထက်ကတည်းကရှိခဲ့တာပါ ဂရုစိုက်စရာမလိုပါဘူး...ဒီမိုကရေစီလိုလားသူတိုင်းကို လေး စားပါတယိ
    soemoe

    ReplyDelete
  14. အထက်ကသဲနဲ့ ပက်ချင်တယ်ဆိုတဲ့စိတ်ဓါတ်သေးသိမ်ညံ့
    ဖျင်းပြီးအောက်တန်းစားဆန်တဲ့စွမ်းအားရှင်ရေခင်ဗျားသေ
    ပြီးတဲ့နောက်ဘ၀ဆက်တိုင်းသဲတရှပ်ရှပ်နဲ့ ထမင်းစားရပါ
    စေလို့ ပြည်သူတစ်ရပ်လုံးကဆုတောင်ပေးနေပါတယ်ဗုဒ်ဓကတူသောအကျိုးပေးပါလိမ့် မယ်တဲ့။

    ReplyDelete
  15. မာမာဦး နှင်းမေအောင် ခေါ် နိုဘယ်လ်အေး မမီးမီး နှင်းနှင်းမွှေး ကိုအောင်မျိုးဆန်း ကိုမျိုးအောင်နိုင် ကိုဇေယျကြီး ကိုသက် ကိုထွန်းကြည် ကိုသက် အစရှိသဖြင့် အများကြီးရှိပါသေးတယ် သူတို့ က တကယ်အနစ်နာခံခဲ့ကြတဲ့သူတွေပါ။ ခင်ဗျားတို့  တွေနဲ့ မီဒီယာတွေ ဖေါ်ပြတိုင်း ဘာဖြစ်လို့ သူတို့ ကို ချန်ထားခဲ့ကြတာလည်း ဒေါ်စုကရော ဘာလို့ ချန်ထားခဲ့တာလဲ၊ ၈၈ တွေကို ခွဲခြားဆက်ဆံလို့  မသင့်ဘူးထင်တယ်။ အားလုံးကိုလေးစားပါတယ်။

    ReplyDelete
  16. အခုမှ ပေါ်လာတဲ့ မီဒီယာ အသစ်လေးတွေက ၈၈ အုပ်စုအားလုံးကို မသိဘူးနဲ့ တူတယ်။

    ReplyDelete