သို့ 
နိုင်ငံတော်သမ္မတကြီးခင်ဗျား
ကျနော် မြန်မာနိုင်ငံသား မောင်စိုးအောင်သည် စင်ကာပူနိုင်ငံတွင် ခေတ္တလာရောက် အလုပ် လုပ်ကိုင်နေပါသည်။
ကျနော်မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ကျနော်၏နို င်ငံကူးစာအုပ်ကို အသစ်လဲရန်အတွက် နိုင်ငံက
ဝင်ငွေခွန်ထမ်းဆောင်စေသော ၄၀%ကို တရားဝင်စင်ကာင်္ပူဒေါ်လာမှ အမေရိကန်ဒေါ်လာသို့  တန်ဖိုး
ပြောင်းလဲပြီး MFDBတွင် ဆောင်စေပါသည်။
ထို့ နောက်စာအုပ်ကိုအသစ်လဲပါသည်။
ယခုကျနော်သည်စာအုပ်ကို
သက်တမ်းတိုးရန်အတွက်စင်င်္ကာပူရှိမြန်မာသံရုံးတွင် သွားရောက်လျောက်ထားစဉ် ကျနော် ထမ်းဆောင်ခဲ့သော
ဝင်ငွေခွန်းများကိုမြန်မာနိုင်ငံမှာဆောင်ခဲ့သောကြောင့် ခြားနားခွန်ဆိုပြီး ယခင် ထမ်းဆောင်ခဲ့သော အခွန်များကို
ထပ်လောင်း၍ တောင်းဆိုပါသည်။
ထို့ ကြောင့်ကျနော်တို့ မြန်မာနိုင်ငံသားများသည် မည်သည့်နိုင်ငံ၏ဥပဒေကို
အတည်ယူ၍ မည်သို့ မည်ပုံပြုလုပ်ရပါမည်နည်း။
မြန်မာနိုင်ငံတော်အခွန်ရုံးက၄၀%၊ စင်င်္ကာပူရှိမြန်မာသံရုံးက ခြားနားခွန် ဆိုပြီး
အမျိုးမျိုး ပါးစပ်ဥပဒေများပြုလုပ်နေသောကြောင့် ဒုက္ခတော်တော်ရောက်ကျရပါသည်။
မည်သည့်နိုင်ငံတွင် အလုပ်လုပ်၊ နေနေ အခွန်ဥပဒေကို တစ်ညီတစ်ညွတ်ထဲဖြစ်စေခြင်ပါသည်။
အခွန်ထမ်းဆောင်ရန် သံရုံးသို့ သွားလျင်လဲ၂ပတ်၃ပတ် အချိန်ယူပြီး ရက်ချိန်းပေးတတ်ပါသည်။
သမ္မတကြီးထံ ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
စိုးအောင်
ခေတ္တ
စင်င်္ကာပူ
ပထမတစ်ခါအခွန်ဆောင်ပြီး မြန်မာနိုင်ငံမှာစာအုပ်သက်တမ်း တိုးခဲ့ပြီး ၊ နောက်တစ်ကြိမ်သက်တမ်းတိုးဖို့ကို စင်္ကာံ သံရုံးမှာလျှောက်တာလား ၊ ဒါမှမဟုတ် မြန်မာပြည်မှာ အခွန်ဆောင်ခဲ့ပြီးမှ စင်္ကာံပူမှာ စာအုပ်သက်တမ်းသွားတိုးတာလား သေချာသိ
ပါရစေခင်ဗျား။ ဟိုးအရင်အရင် မြန်မာပြည်မှာအခွန်
ဆောင်ခဲ့ပြီး စာအုပ်သက်တမ်းတိုးထားပြီးကာလတွေ
အတွက်ပါ ခြားနားခွန်ပြန်တောင်းတာလားဆိုတာလည်း
သိသူများဖြေကြားပေးစေလိုပါတယ်ခင်ဗျား။ ကျေးဇူးပါဗျာ...