ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ နေပြည်တော်မှာ မဲဆွယ်နေတဲ့ မစန္ဒာမင်း နဲ့ ကိုဇေယျာသော် (ဓာတ်ပုံများ - Kyaw Thuya Ko Ko/Facebook)
အဆိုတော် ဇေယျာသော်က ပုဗ္ဗသီရိ မဲဆန္ဒနယ်ကနေ ၀င်ပြိုင်မှာပါ။အဲဒီနယ်မြေဟာ သီဟသူရ ဦးတင်အောင်မြင့်ဦး အနိုင်ရခဲ့တဲ့ နယ်မြေပါ။
ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတဖြစ်သွားတဲ့အတွက် ပုဗ္ဗသီရိဟာ လစ်လပ်တဲ့ မဲဆန္ဒနယ် ဖြစ်နေပါတယ်။
NLD ကိုယ်စားပြုပြီး နေပြည်တော်မှာ ၀င်ရောက်အရွေးချယ်ခံမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းများ
မစန္ဒာမင်း - ဇဗ္ဗူသီရိမြို့နယ်၊
အဆိုတော် ဇေယျာသော် - ပုဗ္ဗသီရိ
ကိုမင်းသူ (မိုးကုတ်မြို့NLD) - ဥတ္တရ သီရိ
ကိုနိုင်ငံလင်း - ဒက္ခိဏ သီရိ
NLD က နေပြည်တော်နယ်မြေများအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို စေလွှတ်လိုက်သလို ဖြစ်နေပါတယ်။
တကယ်တော့လည်း NLD နဲ့ ပူးပေါင်းသူတွေ၊ NLD မှာ လှုပ်ရှားနေသူတွေ အများစုဟာ ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံရေးလောကမှာ ရောက်နေကြသူတွေ ဖြစ်ပြီး အထိန်းသိမ်းခံရဖူးသူတွေ ဖြစ်နေတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။
pls,come again.
ReplyDeletenld က တော့ ဥပဒေကို ချိုးဖောက်နေပြန်ပြီ
ReplyDeleteမဲဆွယ်စည်းရုံးရေးဆိုတာ ကော်မရှင်က ကိုယ်
စားလှယ်လောင်းအဖြစ်စီစစ်ပြီး အတည်ပြု
ကြောင်းကြေငြာပြီးမှ ကိုယ်စားလှယ်လောင်း
အဖြစ်တရားဝင် မဲဆွယ်စည်းရုံးလို့ရတာပါ
ဇေယျာသော်တို့ကမသိရင်လဲ ပါတီကနေ
ကိုယ့်ကိုယ်စားလောင်းတွေကို စီးမျဉ်းစီးကမ်း
တွေကို ညွှန်ကြားရမှာပါ နိုင်ငံကို အုပ်ချုပ်ဖို့မဲ့
သူတွေအနေနဲ့ ဥပဒေကို လေးစားလိုက်နာသင့်
ပါတယ်၊ တရားဝင်ကိုယ်စားလှယ်လောင်းစာရင်း
က ၁၀.၂.၂၀၁၂နေ့မှ အတည်ပြုမှာပါ။