ဖေဖေါ်ဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် တာလောကြီးကျေးရွာသား ၁၄ ဦးအား ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့များက ပေါ်တာအဖြစ် စေခိုင်းဖို့ ခေါ်ဆောင်သွားကြောင်း ယင်းရွာမှ ရွာသားများက ပြောသည်။မြစ်ကြီးနားမြို့တာလောကြီးရွာမှ ရွာသားများ မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျှက်ရှိရာ ယခင်လကုန်ခါနီးတွင် ဒုက္ခသည်များထဲတွင်ပါဝင်သည့် ကျောင်းဆရာမများကို မိမိတို့နေထိုင်ရာကျေးရွာသို့ ပြန်ပြီး ကျောင်းဖွင့်ရန် ၎င်းတို့အား ကချင်ပြည်နယ် ၀န်ကြီးချုပ်က ညွှန်ကြားခဲ့သည်။
ထိုသို့ညွှန်ကြားပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဒုက္ခသည်များက ၎င်းတို့ နေရပ် တာလောကြီး ကျေးရွာသို့ ပြန်သွားပြီးနောက် ယခုလ ၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေး တပ်မတော်က ပေါ်တာအဖြစ် အသုံးပြုရန် ကျား ၄ ဦး မ ၁၀ ဦးကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။
တာလောကြီးကျေးရွာနှင့် အဆက်အသွယ်ရှိသူ တဦးကပြောရာတွင် “ ရွာသားတွေ ကသူတို့ရွာက ဆရာမတွေ ပြန်သွားပြီးကျောင်းဖွင့်ပြီဆိုတော့ ရွာသို့ပြန်သွားတာ၊ အဲဒီနောက် ရက်ပိုင်းအတွင်းမှာ ဆီမုံညင်းရိတ်သွားရင်း ညနေဘက် ကေအိုင်အေက ပေါ်တာခိုင်းဖို့ခေါ်သွားတာပဲ” ဟုပြောသည်။
ခေါ်ဆောင်သွားခံရသူ များအနက်တွင် ကျား ၄ ဦးနှင့် မ ၁၀ ဦးပါဝင်ကာ အသက်၂၀ အရွယ် မိန်းကလေး တဦးလည်းပါဝင်သည်ဟု ၎င်း၏ မောင်ဖြစ်သူက ရွာသားများအား ပြန်လည်ပြောပြသည်။ ထိုနေ့က ရွာနှင့် ၂ မိုင် ၃ မိုင်ကွာဝေးသည့် မုံညင်းခင်းများရှိရာသို့ သွားရောက်ရာမှ အပြန်တွင်ခေါ်ဆောင်သွားခြင်းဖြစ်၍ ယင်းနေ့တွင်ပင် ဧရာဝတီမြစ်ကမ်းအနီးရှိ ရှမ်းလူမျိုးစုများ နေထိုင်ရာကျေးရွာများမှ ပေါ်တာအဖြစ်စေခိုင်းရန် လူ ၆၀ ကျော် ၇၀ ကိုခေါ်ဆောင်သွားခဲ့သည်ဟု မြင်တွေ့လိုက်သူများက ပြောသည်။
တာလောကြီးကျေးရွာတွင် ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့က ပေါ်တာဆွဲခြင်းမှာ ယခုအကြိမ်သည် တတိယအကြိမ် မြောက်ဖြစ်သည်ဟုလည်း ရွာသားများ၏ ပြောဆိုချက်အရသိရှိရသည်။ ယင်းဒေသကို ကေအိုင်အေ တပ်မဟာ ၅ နှင့် မြန်မာအစိုးရစစ်တပ် ကပါ လှုပ်ရှားသည့်နယ်မြေ ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဇွန်လဆန်းကတည်းက ဖြစ်ပွားလျှက်ရှိသည့် ကေအိုင်အေနှင့် အစိုးရစစ်တပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းနေထိုင်သူ အများအပြား မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ လိုင်ဇာ၊ မိုးမောက်နှင့် မံစီမြို့များသို့ ထွက်ပြေးခိုလှုံလျှက်ရှိရာ ဖေဖေါ်ဝါရီလ ပထမပတ် ကောက်ယူထားသည့် စာရင်းများအရ မြို့နယ်အသီးသီးတွင် ဒုက္ခသည်ပေါင်း ၂၆၀၀၀ ကျော်ရှိသည်ဟု ဒုက္ခသည်ကူညီရေး အသင်းအဖွဲ့များက စုဆောင်းသည့် စာရင်းများအရသိရသည်။ ။
ပေါ်တာဆွဲတာမဟုတ်ဘူး။ စုဆောင်းရေးဆွဲတာ။ ကေအိုင်အေ စစ်သားလုပ်ခိုင်းမလို့။ လက်နက်မရှိတဲ့ ပြည်သူတွေက မြေဇာပင်ဖြစ်နေကြရတယ်။ ဥပဒေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးကြပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရမ်းကားနေတာတွေကို ဖော်ထုတ်အရေးယူပေးကြပါ။
ReplyDelete၁၉၆၂ ခုကတည်းက ဒေသခံ ကချင်မဟုတ်သော ပြည်သူများ လူအခွင့်အရေး ချိုးဖေါက်ခံခဲ့ရသည်မှာ ပြောမဆုံးပေါင် တောသုံးထောင်ပါဘဲ၊
ReplyDeleteကျနော်အသက့် ၁၅ နှစ်မှာ သေသွားကြတဲ့ ဦးဘရန်ဆိုင်း ဦး ဇော်နော် တို့ ဦးဆောင်တဲ့ ကေအိုင်အေ တွေကို ဆက်ကြေးပေးခဲ့ရတယ် ပြီးတော့ စုဆောင်းရေးတွေဆွဲတယ် ကျနော့်အမေဘက် ဦးလေး ရဲ့မိန်းမကို ဦးဇော်နော် ရဲ့ မယားငယ်ဖြစ်ခဲ့ရသေးတာကို အခုထိမျက်စိက မထွက်သေးဘူး ..တပ်မ ၂၂၂ သုံးလုံးဝင်လာတော့ ရွာသားတွေ အကုန်ထွက်ပြေးရတယ် ..ကျနော့်အဖေဘက် က ဦးလေးက ရွာလူကြီးဆိုတော့ ပြေးလို့မရဘူး ယောက်ျားလေးက သူတယောက်ထဲ ဘဲ ကျန်ခဲ့တယ် .. ၂၂၂ သုံးလုံးတပ်ရင်းက ကျနော့်ဦးလေးကို လမ်းပြရှေ့ကို သွားခိုင်းတော့ ဗိုလ်ဘရန်ဆိုင်းတို့ ထောင်ထားတဲ့ မြေမြုပ်ဗုံးနှင်းမိပြီး ခြေပြတ် ကြီးနဲ့ ရွာကိုပြန်သယ်ခဲ့တယ် ရွာမရောက်ခင် တောင်ရွာတဲလေးထဲမှာဘဲ သေးသွားတာကိုအခုထိ ရင်နာလို့မဆုံးဘူး.. ကျနော့်ဦးလေးသေပြီးတော့ ကျနော့် အဖေ ရွာလူကြီးဖြစ်လာတယ် ဗိုလ်တူးဂျာ ဦးဆောင်တဲ့ ကေအိုင်အေ ပြန်ဝင်လာပြီး ကျနော့်အဖေ ကြိမ်လုံးနဲ့ အချက်၅၀ အရိုက်ခံတဲ့ ည အဖေရဲ့ အော်သံကို အခုထိနားထဲက အထွက်သေးဘူး..ကျနော်ပြောခဲ့တာတွေဟာ လုပ်ကျန်ပြောခြင်းမဟုတ်ပါ အမှန်တကယ်ဖြစ်ပြက်ရင်နာလွန်းလို့ရင်ဖွင့်တာပါ..ကချင်ပြည်နယ် လွတ်လပ်ရေး အမည်ခံ ရွာသားတွေကို ဘော်ဒါဆွဲ တပ်သားစုဆောင်းတာ ကို ကျနော် လုံးဝဆန့်ကျင်တယ်.. ဒီမိုကရေစီ ခေတ်မှာ ဒီလူတွေ ပြန်ပြီး ပြည်နယ်ကို ဦးဆောင် မှာကို လုံးဝဆန့်ကျင်တယ်...
ReplyDeleteပေါ်တာဆွဲတာမဟုတ်ပါ။ နယ်ချဲ့တွေကိုတွန်းလှန်ဖို့ စစ်သားစုဆောင်းတာဖြစ်မှာပါ။
ReplyDeleteအခုတော့ ဗမာတွေ တော်တော်စည်းလုံးနေပြီပေါ့ ဟုတ်လာ???
ReplyDeleteတခြားအဖွဲအစည်းကိုအပြစ်တင်ရအောင် ခင်ဗျားတို့ ဗမာအစိုးရ လုပ်နေ၊ လုပ်ခဲ့တဲ့ဟာတွေက အရမ်းကောင်းတာကို
တော်တော်တိုးတက်အုံးမယ် ဗမာတွေအုပ်ချုပ်တဲ့နိုင်ငံ
သမိုင်းလေးဘာလေးဖတ်ကျလေ့လာကျပါအုံး
ဘယ်သူမှမကောင်းဘူး.. ကျွန်တော်က ကချင်ပြည်နယ်သားပါ...ဗမာလဲမဟုတ်ဘူး...ကချင်လဲမဟုတ်ဘူး.. ငယ်တုန်းက
ReplyDeleteမြို့မှာ ဗမာစစ်တပ်လည်း ရှိတယ်.. ငြိမ်းချမ်းရေးမယူခင်အချိန်တုန်းကပေါ့..
ခဏခဏ စစ်ကြောင်းထွက်တယ်... ကချင်ရွာတွေဘက်ပေါ့... စစ်ကြောင်းထွက်တော့မယ်ဆိုရင်
ဗမာစစ်တပ်က ပေါ်တာဆွဲပြီ။ အဲဒီအချိန်ဆို အိမ်ထဲပုန်းနေရတယ်... မြို့ပြင်လည်း
တော်ရုံတန်ရုံမထွက်ရဲဘူး... ကချင်သူပုန်တွေရဲ့ စုဆောင်းရေးဆွဲတဲ့အထဲ ပါသွားမှာစိုးလို့..
အဲဒီတော့ အိမ်က အစ်ကို၂ယောက်ကို အဘိုးအဖွားတွေရှိတဲ့ မြို့မှာသွားပို့ထားရတယ်...
ကချင်မှဗမာမှမဟုတ်ပါဘူးကျေးရွာတွေမှာနေကြတဲ့ပြည်သူ
ReplyDeleteအားလုံးဟာ၊လက်နက်ကိုင်အဖွဲ့ အစည်းများရဲ့ လူ့ အခွင့်
အရေးချိုးဖေါက်မူ့ တွေကိုခါးသီးစွာနဲ့ ခါးစည်းခံကြရပါတယ်၊ဒါတွေအားလုံးဟာပြည်တွင်းစစ်ကြောင့်ဖြစ်ရတာပါ၊တစ်
ယောက်နဲ့ တစ်ယောက်အပြစ်တင်ငြင်းခုံနေမဲ့အစားအပြစ်
မဲ့ကျေးရွာနေပြည်သူတွေလူ့ အခွင့် အရေးထပ်ပြီးအချိုးအဖေါက်မခံရအောင်ခုဖြစ်နေတဲ့ပြည်တွင်းစစ်ကြီးရပ်စဲပြီးစစ်
မှန်တဲ့ငြိမ်းခြမ်းရေးရအောင်ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ။
KIA တပ်မ ၂၂၂ ဟုတ်လား မကြားဘူးပါဘူး ဟိုကောင်ပြောတာလေ ။လျှောက်ပြောမနေနဲ့။KIA ကဘယ်လို လမ်းပြ ခေါ်မှာလည်း သူ့နယ်မြေူကျွမ်းနေတဲ့ ဟာကို ရယ်ရတယ်
ReplyDeleteဗမာစစ်တပ်က ကျူးလွန်ရင်တော့ ဗမာတွေ ဘာမှမပြာကြဘူး တော်တော် တရားတယ်
ကျွန်တော်ထင်တာက ကေအိုင်အေ လည်းပဲ သူတို့ မလုပ်သင့်မလုပ်ထိုက်ဘူးဆိုတာသူတို့ သိမယ်. မြန်မာပြညါမှာ အစိုးရလုပ်တဲ့သူက အခြားသူတွေကို လူမထင်လို့ အမြစ်ပြတ် ချေမုန်းဖို့ ကြိုးစားနေတယ်လေ.ဒါတွေက သိပ်ဆိုးနေတယ်ကွာ..
ReplyDeleteဒီလိုဖြစ်နေတော့ သူတို့ မှာ လူအင်အားတွေ အများကြီးလိုနေတယ်...ဒါကြောင့်စစ်သား
စုဆောင်းတာဖြစ်နိုင်တယ်.. သူတို့ မူပေါ်လစီအရတော့ ကချင်ပြည်နေမှာနေထိုင်တဲ့ ဘယ်လူမျိုး ဘယ်ဘာသာမဆို ကချင်ပြည်နယ်လွတ်မြောက်ရေးမှာ ပါဝင်ရမယ်လို့ ဆိုထားတယ်.
တကယ်မှာတော့ ကြားနေ ပြည်သူလူထု ပဲ ဒုက္ခပိုရောက်ပါတယ်.
if you stay in kachin land you have to serve for your own land because kIA is doing for all.It is not a mistake to collect people or things.
ReplyDeleteတရားတဲ့လုပ်ရပ်၊ မတရားတဲ့လုပ်ရပ် ဆိုတာရယ်၊ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာရယ်ကို မခွဲခြားဘဲ ဘယ်သူလုပ်တာမှ အမှန် ဘယ်သူလုပ်တာက အမှားဆိုပြီး လူမျိုးရေးခွဲခြားမှုတွေနဲ့ တစ်ယောက်ကို တစ်ယောက် (ကွန့်မင့်ပေးသူများကို ရည်ညွှန်းသည်) အပြစ်တင်နေတာဟာ သဘောထား သေးသိမ် ကျဉ်းမြောင်းတာဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားအပြစ်တင်နေခြင်းထက် မတရားတာလုပ်သူမှန်သမျှကို ဘယ်သူဘယ်ဝါရယ်လို့ မကြည့်ဘဲ ဘက်မလိုက်ကြဘဲ အစွဲကင်းကင်း တွန်းလှန်ဖို့ စုစည်းညီညွတ်ခြင်းသာ အမှန်ပဲဖြစ်ပါတယ်။ အစွဲကင်း ခွဲခြားမှုကင်းနိုင်ပါစေ။ အမှန်တရားကို အစွဲကင်းကင်း ကာကွယ်နိုင်ကြပါစေ။
ReplyDeleteပေါ်တာဆွဲတာမဟုတ်ပါ။ နယ်ချဲ့တွေကိုတွန်းလှန်ဖို့ စစ်သားစုဆောင်းတာဖြစ်မှာပါ။ >>>>> အဲ့သလိုပြောရင် တရုတ်ဘက်ကိုသွားစောင့်နေလို့ ပြန်ပြောလိုက်မယ် . . . ဗမာနဲ့ကချင်ဟာ ဟိုယခင်ထဲက တစ်အိမ်ထဲအတူနေတဲ့ အိမ်သားတွေ . . . အေး အဲ့သလို ညီကိုချင်းရန်စောင်နေ . . . နောက်ပေါက်ကနေ တရုတ်က မင်းတို့ တွေကို ၀င်လုပ်သွားလိမ့်မယ် . . . ဒါဘဲပြောချင်တယ် . . .
ReplyDeleteThe meaning of KIA is Kachin Independence Army. Its objective is to free the Kachins from any oppressive government and defend the Kachin land which belongs to Kachins. Because of KIA, Kachins are being considered and recognized as one of few major ethnic forces in the country and a-must-listen-to force if so called democracy turning burmese government in Naypyidaw wants to get rid of the US sanctions
ReplyDeleteIf you want to run business in Kachin land, you must pay tax to KIA. If you can stay out of jade mines, gold minings, timber from the Kachin land, well then fine my friend. If you dont want to return what you owe, dont think about coming! Its simple sh*t!!!
ReplyDelete