
ဇန်န၀ါရီ လဆန်းပိုင်းက စင်္ကာပူလေဆိပ်တွင် တွေ့ရသည့် ရန်ကုန်သွားမည့် MAI ခရီးသည်များ။
ယခုလဆန်းပိုင်း ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ရောက်လာသော ခြိမ်းခြောက်စာတစောင်တွင် MAI လေကြောင်းလိုင်း ဗုံးဖောက်ခွဲခံရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ ဗုံးသတင်းကြောင့် ခရီးသည် လျော့ကျသွားခြင်းမရှိဟု MAI က ဆိုသည် (ဓာတ်ပုံ - ဧရာဝတီ)
ယခုလဆန်းပိုင်း ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ရောက်လာသော ခြိမ်းခြောက်စာတစောင်တွင် MAI လေကြောင်းလိုင်း ဗုံးဖောက်ခွဲခံရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ ဗုံးသတင်းကြောင့် ခရီးသည် လျော့ကျသွားခြင်းမရှိဟု MAI က ဆိုသည် (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်တိုင်းမ် အွန်လိုင်းသတင်း
မြန်မာအပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သတိပေးစာ အပို့ခံထားရမှုကြောင့် MAI လေကြောင်း လိုင်းကို လုံခြုံရေး တင်းကျပ်စွာ ဆောင် ရွက်ထားကြောင်း MAI မှ မားကက်တင်း မန်နေဂျာ မအေးမရသာက ပြောသည်။
ဖေဖော်ဝါရီ ၈ရက်နှင့် ၉ရက် တို့တွင် MAI ၏ လေကြောင်းခရီးစဉ် တစ်ခုခုအပေါ်၌ ဗုံးခွဲရန် ကြံစည်ထား ကြောင်း အဆိုပါ ခြိမ်းခြောက် သတိပေးစာ တွင် ဖော်ပြထားသည်။
''ကျွန်မတို့အနေနဲ့ MAI ရဲ့ သက်ဆိုင်တဲ့ လုံခြုံရေးအပိုင်း အားလုံးကို တင်းတင်း ကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ လေဆိပ်မှာဆိုရင် MAI Security Departenment လဲရှိတယ်။ သူတို့ခြိမ်းခြောက် စာပို့ထားတဲ့ ဒီရက်တွေမှာ လုံခြုံရေးကို အရင်ထက်ပိုပြီး ဆောင်ရွက်နေတယ်။ သူတို့လေဆိပ်အပိုင်းကလဲ လုံခြုံရေးကို တင်းတင်း ကျပ်ကျပ်ဆောင်ရွက်နေတယ် လို့ သိရတယ်။ သက်သက် ခြိမ်းခြောက်စာ ပို့တဲ့သဘောပါ။ လောလော ဆယ်တော့ ခရီးသည်တစ်ယောက်ချင်း စိစစ်နေတာ မသင်္ကာတဲ့ ခရီးသည်မတွေ့ရဘူး။ ဘယ် သူဘယ်ဝါပို့တယ် ဆိုတာကိုတော့ စုံစမ်း စစ်ဆေးနေပါတယ်။ MAI ရဲ့ ဝန်ထမ်း တွေအားလုံကိုလဲ လုံခြုံရေး သတိရှိဖို့ နှိုး ဆော်ထား တယ်'' ဟု ယင်းက ပြောသည်။
MAI လေကြောင်းအနေဖြင့် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်း ခြောက်စာ အပို့ခံထားရသော်လည်း ခရီး စဉ်များကို ဖျက်သိမ်း မှုမရှိကြောင်း သိရ သည်။
''ဒီသတင်းကြောင့် ခရီးသည်တွေ လျော့ကျသွားတာမျိုး မရှိဘူး။ ပုံမှန် ပါပဲ။ ဒါပေမဲ့ ခရီးသည် တွေရဲ့ လုံခြုံရေး ကိုတော့ MAI က တာဝန်ရှိသူတွေ အနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်'' ဟု ယင်းက ဆက်ပြောသည်။
ညွှန်း - http://www.yangonmedia.com/news/2012/02/mai-myanmar-ari-ways-bomb-intimidate
ဘီဘီစီ အွန်လိုင်းသတင်း

http://www.bbc.co.uk/burmese/burma/2012/02/120208_burma_threat.shtml
ဒီစာ မလာခင်က ဘန်ကောက် စျေးတစျေးက မြန်မာ မိသားစုနဲ့ အစ္စလာမ် ဘာသာဝင်ကြား စကားများရာက မြန်မာ မိသားစု အဖမ်းခံရ တာကို သံရုံးကို ဖြေရှင်းပေးဖို့ စာရောက်လာ ပြီးမှ ဗုံးခွဲမယ်ဆိုတဲ့ စာရောက် လာတာမို့ ဒါဟာ အစ္စလာမ် ဘာသာဝင်ကို ဒုက္ခရောက်အောင် ဖန်တီးတာ ဖြစ်နိုင်တယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။
ReplyDelete{The Myanmar Embassy official becomes a very wise man!} His words are very true.
အဲ့ဒါကုလားတွေကိုချောက်တွန်းချင်လို့ son of allah လို့ေ၇းတာပါ သိသာလွန်းတယ်လိမ်တာကလည်း၊ဘယ်မူဆလင်ကမှallah ၇ဲ့ သားလို့ မပြောဘူး ဘာကြောင့်လည်းဆိုတော့ allah မှာသားတို့ သမီးတို့ မရှိဘူး အရူးတွေ၇ဲ့ လိမ်တာလည်းယုတ္တိ ရှိအောင်လိမ်၇တယ်မှတ်၊၊
ReplyDeleteလုံခြုံတွေလုပ်နေတာကောင်းပါတယ် ဒါပေမဲ့လေယဉ်လဲကောင်းအောင် လုပ်ဖို့ လိုနေတယ် ဒီလ ၂ ရက်နေ့ နဲ ဒီနေ့  ၉ ရက်နေ့  မိတ်ဆွေ ၂ ယောက် ပြန် သွားတယ် ဒါပေမဲ့ လေယဉ်စက်ချို့ ယွင်း လို့ ၎ နာရီ လေယဉ်ချိန်နောက်ကျ တယ်
ReplyDeleteMAI ကကြော်ညာနည်းသစ်တွေ သုံးတတ်လာပြီတော့
ReplyDeleteဟေဟေ့ ရီရတယ်
ဗြဲ××××