အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ ဟု ဂျာနယ်တွင် ဖော်ပြ
Internet Journal ကောက်နုတ်ချက်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၂

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။
Y-talk အမည်ရှိ အဆိုပါ အင်တာနက်ဖုန်း ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများ ဖြစ်သည့် Skype, Pfingo နှင့် အခြားသော အင်တာနက်ဖုန်း ဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။
“ဈေးက အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ ကျမှာပါ။ နိုင်ငံအလိုက်တော့ ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်က ဆိုသည်။
အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက် ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမူ ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
http://voip.yatanarpon. com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို လက်ရှိကာလတွင် ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ပြည်ပမှ ခေါ်ဆိုမည့် ဖုန်းများကို အဆိုပါအကောင့်မှ လက်ခံဖြေဆိုနိုင်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ)
ညွှန်း - http://moemaka.blogspot.com/2012/02/burmese-can-use-voip-to-call-overseas.html

This is exploitation and unfair dealing on the people of Myanmar.
ReplyDelete"150"! crazy,ist a good way to earn money?Think how to do good internet connection and Ph line first,public totally do not reliable on everything,inclusively inet and Ph,but only have these so no choice have to used,shameless,no morality.
ReplyDeleteတကယ်တော့ ရီစရာကြီးပါဗျာ တစ်ကမာလုံးမှာသုံးနေတဲ့  Skype, Pfingo နှင့် အခြားသော အင်တာနက်ဖုန်း တွေ က voice and Video ကို အလကားသုံးနိုင်အောင်လုပ်ထားတာပါ ခုခေတ်မှာ အင်တာနက်၇ှိတာနဲ့  boundary မရှိပဲ တကမာလုံး ဆက်သွယ်လို့ ရအောင်လုပ်ထားတာ ကို မြန်မာ အာဏာပိုင်တွေ က တရားမ၀င်ဘူးဆိုထဲ က သူတို့ ဘယ်လောက် စိတ်ဓါတ်အောက်တန်းကျတယ် ငတ်ကြီးကြတယ်ဆိုတာ ပေါ်ပြနေပါတယ် သူတို့ လုပ်တဲ့  Y-Talk ဘယ်လောက်များ ကောင်းမလဲ ကြားဖြတ်နားထောင်မှာဘဲ ၀လုံးခေါင်းထဲမှာဘဲ လသာနေကြတဲ့  အောက်တန်းကြလှတဲ့  အာဏာပိုင်တွေနဲ့ သူတို့ ပေါင်းစားနေတဲ့ ကောင်တွေ အရည်အချင်းရှိရင် gtalk skype ကိုပြိုင်နိုင်တဲ့  program တွေရေးပြီး တက်ကမာလုံး ရောင်းရအောင်လုပ်ပြီး တရားသဖြင့်နဲ့ လုပ်ပါလား ခုတော့ ခိုးချောင်ခိုးဝက်နဲ့  ဘာလုပ်လုပ် အာဏာပါသ၀ါ နဲ့ ထိန်းချုပ်ပြီး ပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲအောင် အမြဲလုပ်တဲ့ အောက်တန်းကျတဲ့ ကောင်တွေ
ReplyDeleteWe want a fair competition, when they trying to competitate Skype, Gtalk, etc... I don't want to see those to block access from their gateway. So that the local users will have no option. Let the local users to have choice.
ReplyDelete(ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း .....)
ReplyDeletewhy???????
to FEB 7.......7 13 PM
ReplyDeletewhat is ' competitate ' ?
No such word .
compete ........compete
If u don't know , write in Myanmar
Do not bluff .
No one will think big of you.
Use simpler Myanmar .
If you don't know English ...use simple and easy words.
Irrawaddy Watch သို့ 
ReplyDeleteCompetitate ဆိုတဲ့ စကားလုံး အင်္ဂလိပ်စာမှာ ရှိပါတယ်။ အလွန်တရာ အသုံးနည်းလို့  မရှိဘူးလို့  ထင်ရတာပါ။ Compete က ကိုယ်ဘယ်သူ့ ကို ယှဉ်ပြိုင်နေလဲ၊ ဘာကို ယှဉ်ပြိုင်နေလဲဆိုတာ သိနေပါတယ်။ တဖတ်သူကလည်း သိနေတဲ့ သဘောမျိုး ရှိပါတယ်။ Competitate ကျတော့ သူများမသိဘဲ ကိုယ်က လိုက်ပြိုင်နေတဲ့ သဘောမျိုး ပိုဆောင်ပါတယ်။ အလုပ်ရှင်ကနေပြီးတော့ သူရဲ့အလုပ်သမားကို၊ တခြားကုမ္ပဏီကပေးတဲ့ လစာမျိုးနဲ့ မတူအောင် ပေးမယ်လို့ ဆိုထားတဲ့ အောက်က ကြော်ငြာလေးကို ဝေမျှပေးလိုက်ပါတယ်။ ဂျော်ဂျီယာပြည်နယ်Henderson လျှပ်စစ်ကုမ္ပဏီကပါ။
We are always looking for qualified individuals to join our team. Each individual should be a team player and eager to learn from those around them. By offering competitate wages, 401K, health and dental benefits, and paid vacation and holidays, we are able to attract and retain some of the best workers in the industry.
ကျေးဇူးတင်ပါတယ်။
“ဈေးက အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ ကျမှာပါ။ "
ReplyDeleteတော်တော်သက်သာတာပဲ ငါ စကိုင်းပီနဲ့ခေါ် ရင် မြန်မာကလွဲရင် US cent 2 နဲ့ 10 cent အတွင်းပဲကျတယ်
ဂျီမေးကနေဆို အမေရိကန်ကိုဖရီးတောင်ခေါ်လို့ရတယ်
ရီဖို့ကောင်းလိုက်တာကွာ ဈေးသက်သာတယ်ဆိုလို့
Ha Ha, It's really funny. Even we can't access http://voip.yatanarpon.com.mm/. Can anyone access that link ? The website is down. How they can give such service to our Myanmar People.
ReplyDeleteအရူး ဈေးသက်သာတယ်တဲ့။
ReplyDeleteဒီအစိုးရက ပြည်သူတွေဆီကပိုက်ဆံဘယ်လိုလိမ်ညာယူရမလဲဘဲစဉ်း
ReplyDeleteစားနေတာ။ကားပါပစ်တွေမတန်တဆဈေးနဲ့ရောင်း။
နိုင်ငံတကာမှာအလကားပေးနေတဲစင်ကတ်တွေ
မတန်တဆဈေးနဲ့ရောင်း။
အင်တာနက်ဖုံးလိုင်းပေါ်မှာတောင်ပြည်သူကို၈ုတ်သွေး
စုတ်
ရန်ကုန်မြို့ကြီးကလည်းစုတ်ပြတ်သတ်။
အမတ်မင်းများခင်ဗျားတို့ဒါတွေမပြောပဲ ဘာတွေပြောနေလဲဗျ။