Pages
▼
Friday, March 23, 2012
ဦးသိန်းစိန်ရဲ့ စစ်တပ်ချီးမွမ်းခန်း
ဦးသိန်းစိန်ရဲ့ ၃ဝ-၃-၂ဝ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းကောက်နုတ်ချက်တခုကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ် သတင်းစာ ၃ စောင်ရဲ့ မျက်နှာဖုံးထိပ်မှာ ဖော်ပြထားပါတယ်။ စစ်တပ်ချီးမွမ်းခန်း ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ကို အမည်ပြောင်းထားတဲ့ မတ်လ ၂၇ တပ်မတော်နေ့ နီးလာချိန်မှာ ဒီကြော်ငြာ ၀င်လာတာ ဖြစ်ပါတယ်။
''တိုင်းပြည်ဖရိုဖရဲပြိုကွဲတော့မယ့်အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့ အခါတိုင်း၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးပါးရတော့မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာတိုင်း တာဝန်သိပြီး သစ္စာရှိတဲ့တပ်မတော်ဟာ တိုင်းပြည်ကို ဝင်ရောက် ကယ်တင် ထိန်းကျောင်းပေးခဲ့ရတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။
တပ်မတော်အစိုးရက နိုင်ငံတော်ကို အသစ်ပြန်လည် တည်ဆောက်ကာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် ဆက်လက် တည်ဆောက်ဖို့ အမွေခံကောင်းတွေ ပေးထားခဲ့ပြီးဖြစ်ပါတယ်။
တပ်မတော်အစိုးရက အသင့် ခင်းပေးထားတဲ့လမ်းကို လျှောက်၊ အသင့်ထိုးပေးထားတဲ့ တံတားကိုဖြတ်ကျော်ပြီး ပို၍ တည်ငြိမ်အေးချမ်းသောနိုင်ငံ၊ ပို၍ဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်အောင် ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေရှိတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။''
Sound foundations laid down
The Tatmadaw with a strong sense of duty and loyalty saved the country several
times whenever the country was close to collapse and loss of independence and sovereignty.
Also in 1988, the Tatmadaw government saved the country from deteriorating conditions
in various sectors and reconstructed the country. Now, it has laid sound foundations to build
a peaceful, modern and developed nation. In order to accomplish the demanding duties,
our new government will lay down new policies and programmes according to the
objective conditions of the nation.
President U Thein Sein
(The excerpt from address delivered at regular session of Pyidaungsu Hluttaw on 30-3-2011)
မူရင်းဖော်ပြချက် - https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUsKw_6XILMBAqqW6uO1C9TZHCrhjzAD3X7fWvAgLUuPFfigZBEgQ-wbLfzTBg_85iFfUHZIZbwp0zDRH1qrL1FLPmhFZsBLSxPLD0AFBZeWodLldlsrfDJlt69ryFnB2Eq54Mhgg8mjA/s1600/000ef+knu1q.jpg

''တိုင်းပြည်ဖရိုဖရဲပြိုကွဲတော့မယ့်အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့ အခါလို့  ပြောတဲ့ အကြိမ်တိုင်း၊ ဘုန်းကြီးတွေ ကျောင်းသားပြည်သူတွေကို အပြတ်ရှင်းပေးတဲ့ တပ်မတော်ကြီးပါ။"
ReplyDeletePoor!
ReplyDeleteWhy do those pathetic Bo Jokes still propagandizing that kind of obsolete words huh?
Please sirs!!!!! OPEN YOUR EYES. STOP LYING YOURSELF AND TO THE PEOPLE.
လုပ်ခဲ့သမျှ သောက်တလွဲတွေ ရယ်.. စားကြွင်းစားကျန်တောင်မကျန်အောင် ရှိသမျှအကုန်အိပ်ထဲထည့်သွားတဲ့အပြင်.. အကြွေးလည်ပင်းရောက် နဲ့ တတိုင်းပြည်လုံး corruption ဆိုတဲ့ အမွေဆိုးကြီး ကို ၂ ခုတွဲပြီး ချုန်းချုန်းကျအောင် ချန်ထားခဲ့တာတွေရယ်.. တရုတ်ကို အဖေခေါ်ရမတတ် ကြောက်နေရတာတွေရယ်.. အားလုံးကို ဘယ်နားသွားထားခဲ့လို့.. အသင့်ခင်းထားတဲ့လမ်းကြီး အသင့်ထိုးထားတဲ့ တံတားကြီးဖြစ်နေပါလိမ့်။ တကယ်တော့ အသူတရာနက်တဲ့ ချောက်ကြီးထဲမှာ တတိုင်းပြည်လုံးကို စုံးစုံးနစ်အောင်ထားခဲ့တာပါ။ အခံရခက်လိုက်တာနော်..။
ReplyDeleteနေပါအုန်း ချီးမွန်းခန်းလို့လဲ ပြောသေး သမ္မတကြီး ဦးသိန်းစိန်က ငိုနေတာလား ရယ်နေတာလား???????
ReplyDelete"တပ်ကခေါင်းဆောင်တွေ ဖရိုဖရဲပြုတ်မယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့ အခါတိုင်း၊
ReplyDeleteအာဏာ ဆုံးပါးရတော့မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာတိုင်း တာဝန်သိပြီး သစ္စာရှိတဲ့တပ်မတော်ဆိုပြီး တိုင်းပြည်ကို ဝင်ရောက် ကယ်တင် သလိုလိုနဲ့ အာဏာကို ထိန်းကျောင်းပေးခဲ့ရတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ယ္ခုလည်း နည်းလမ်းမျိုးစုံသုံးပြီး ထိန်းနေရသဗျ။ နားလည်မှာပါ။" ဟီး.. ဟီး...
ပုံ /
သိန်းစိန်
Director Myat Lay's ( Myat Lay, Daisy Kyaw Win )
ReplyDelete' Ngoe Ywet, Yee Ywet , Ma Ya Taw , Myet Hnar '
တာဝန်သိပြီး သစ်စာရှိ တဲ့ န၀တတပ်မတော်ဟာ တိုင်းပြည် အတွက် မဟုတ်ပါဘူး ဗိုလ်ချုပ် တွေကောင်းစားရေးအတွက် ဆိုတာ ဦးသိန်းစိန် မလိမ်ညှာ ပါနဲ့တော့ ပြည်သူတွေသိပြီးသားပါ။ အရှက်မရှိတဲ့ ပါးစပ်က ပြောထွက်လိုက်တာ ကျွှတ်ကျွှတ်.......
ReplyDeletewhat a joker ! Wake up thein sein. Yr papa than shwe and yr mi dwe daw khaing khaing had done enough for myanmar country. Most of us cannot stay in mm and have to go out of the country to make a living.
ReplyDeleteAnd because of u and the army stupidity, burma has become what it is nowadays. What a shame thein sein. Go back to yr soldier house and just do the army work. U are not worth doing the president post.
i dun care democracy and nothing.. just hate those stupid army ppl. What a non sense!!!
Wow! What a speach.........You all guys are extremely shameless....Very sad for our contry and our ppl coz such a lier are leading our country...
ReplyDeleteသမ္မတကြီးကို အရမ်းကျေးဇူးတင်ဖို့ကောင်းတယ် ''တိုင်းပြည်ဖရိုဖရဲပြိုကွဲတော့မယ့်အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့ အခါတိုင်း၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးပါးရတော့မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာတိုင်း တာဝန်သိပြီး သစ္စာရှိတဲ့တပ်မတော်ဟာ တိုင်းပြည်ကို ဝင်ရောက် ကယ်တင် ထိန်းကျောင်းပေးခဲ့ရတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။
ReplyDeleteတပ်မတော်အစိုးရက နိုင်ငံတော်ကို အသစ်ပြန်လည် တည်ဆောက်ကာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီး ဖြစ်နေလို့ ကမ္ဘာ့ အလယ်မှာ မြန်မာဆိုပြီးတော့ အငတ်ဆုံး၊ အမွဲတေဆုံး၊အဆုပ်ခြာဆုံး နေရာမှာရှိနေ့ရတာ ၁၉၀၀ ခုနှစ်ရဲ့နောက်ပိုင်းတပ်မတော်ရဲ့ ကျေးဇူးတရားပေါ့ ယခုအချိန်ထိ မြန်မာဟာ ကမ္ဘာရဲ့ကျွန်နေရာမှာနေရတာ ၁၉၀၀ ခုနှစ်ရဲ့နောက်ပိုင်းတပ်မတော်ရဲ့ ကျေးဇူးတရားပေါ့
၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်တပ် ဟာ တိုင်းပြည် အတွက် ဘယ်လိုမှ အကျိုး မပြုခဲ့ပါဘူး .. ၀န်ထုတ်ဝန်ပိုးတွေ သာ ပိစေခဲ့ ပါတယ်။
ReplyDeleteကွန်မြူနစ်တွေ တိုင်းရင်းသား အုပ်စုတွေ နဲ့ တိုက်ခိုက်ခဲ့ ကြတာတွေ .. အဲဒီလို တိုက်ပွဲတွေ မှာ သူရ တို့ သီဟသူရ တို့ ရတာတွေ ဟာလည်း .. ဂုဏ်ယူစရာ မရှိပါဘူး ... လက်နက်ကိုင် အခြင်းခြင်း တဖက် နဲ့ တဖက် သတ်ဖြတ် ကြတာဘဲ ... ဒါကို တိုင်းပြည်တာဝန်ထမ်းဆောင် တယ် တိုင်းပြည် အတွက် အသက်ပေးတယ် .. ပြောတဲ့သူကပြော ယုံတဲ့သူက ယုံ ရင်တော့ ..
.
စစ်တပ် က သာလို့ နိုင်ရင် ပြည်သူတွေ စစ်တပ် အုပ်စိုးတာခံ ရတယ် .. ကွန်မြူနစ် နိုင်ရင် ကွန်မြူနစ် အုပ်စိုးတာ ခံရမှာဘဲ ...
ခုတော့ အားပျော့နေတဲ့ တိုင်းပြည်ကို တခြား ဘေး နိုင်ငံ တခုခု ကသာ တိုက်ခိုက် လာရင် ... စစ်တပ် ကာကွယ်နိုင်မယ် တော့ မထင်ပါ ...
Just Angel Tatmadaw.