
ဟုတ်ကဲ့...မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် သင်ဂုဏ်ယူလို့ ရပါပြီ။
အထူးသဖြင့် ဒီလို မဟာ့ မဟာ ဥာဏ်ကြီးရှင်တွေ ဦးစီးတဲ့ ကြံ့ခိုင်ရေး ပါတီကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ လူဖြစ်ခွင့်ရတာကိုပဲ သေမယ်ဆိုရင် သေပျော်ပြီလို့ ကျေကျေနပ်နပ် မှတ်ယူနိုင်ပါပြီ။
တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီဝင်လူကြီးမင်းများက
တာမွေဈေးကို မပြောင်းစေရပါဘူးလို့ ဒီလိုလေး အတိတ်ပြပြီး မဲဆွယ်ခဲ့ပါတယ်...တဲ့။
(ပြောင်းဖူးပေါ်မှ “မ” လို့ ထင်ထင်ရှားရှားရေးပြထားပါတယ်)
ဟုတ်ကဲ့.. ဒီကမ္ဘာပေါ်တွင်သာ မက .. ဘယ်ကမ္ဘာပေါ်မှာမှ မတွေ့နိုင်တဲ့ ခန့်ခန့်ငြားငြား မဲဆွယ်နည်းဖြစ်ပါသည်။
အို.. နိုင်ငံသူ၊ နိုင်ငံသား အပေါင်းတို့..
သင်တို့သည် သေပျော်သူများ ဖြစ်သွားကြပါပြီ တမုံ့။
(မှတ်ချက် ။ ထိုနေ့ ညနေဂဏန်းအဖြစ် ၅၅ အပူးထွက်ကာ တာမွေတစ်ဈေးလုံး ၀က်ဝက်ကွဲ ပေါက်ကြလေသတည်း) :P
[ Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံ နဲ့ ရေးသားချက်များ ဖြစ်ပါတယ် ]
ဟားဟားဟား
ReplyDeleteချဲ ဂဏန်းပါပေးတဲ့ မဲဆွယ်နည်းပဲ အောင်မြင်မှာသေချာတာပေါ့ဗျာ. . .
ခေတ်သစ် ဘိုးဘိုးအောင်ပဲ (အေးလေ. . အောင်သိန်းလင်းဆိုတော့)
ဘာတွေ မ . မယ်မသိ. .ဟိဟိ
အမေစု ဘူးသီးပေးတုန်းကလဲ အဲလိုပဲ
ReplyDeleteWhat an ignorant Old-man.
ReplyDeleteYou should be committed good deeds to the future of the country before you die.
Is he gonna sell corn at Tarmwe market in future?
ReplyDeleteပြောင်းဖူး ဟု ပြောသူများ..
ReplyDeleteများများ နှင့် မြန်မြန် ပြုတ်မည် ဟု
အဓိပ္ပါယ် ရပါကြောင်း ။
Ha ha ,,,, so right.
DeletePercy Jackson and The Lightning Theif? :)
ReplyDeleteအဲဒီ့ကြောင်တောင်တောင်တွေ လက်အောက် တို့တိုင်းပြည်ကြီး ရောက်ခဲ့တာ ကြာပေါ့။ ခုလဲဘယ်နတ်ကတော်က မြှောက်ပေးလိုက်ပြန်ပြီလားမသိဘူး။ ဦးနှောက်ကို မရှိ။
ReplyDeleteဖွတ်တို့ကတော့လုပ်ချလိုက်ပြန်ပြီ
ReplyDeleteဘူးသီးပေးတုန်းက ၀ိုင်းမြှောက်ပင့်လိုက်ကြလို့ အားကျစရာ နိုင်ငံရေး စတန့်လို့ ထင်သွားပုံရပါတယ်.. ပေါပုံတူပေမဲ့ လူကွာပါတယ်.. ဒီတော့ ဟိုမှာတုန်းကတော့ တီထွင်ညာဏ်ကွ.. ပြောပုံကတော့လှတယ် ဖြစ်သွားပြီး ဒီမှာတော့ ငကြောင်ဘာညာ ဖြစ်သွားတာပါပဲ.. လူပေါ်တည်ပြီး ကော်မန့်တွေလဲ အမျိုးမျိုး မျက်နှာပြောင်တိုက်နေရတာ ကြာပါပြီ.. ပြီးတော့ ဘူးသီးခေတ်လဲ မဟုတ်တော့ပါဘူး.. ဖရုံသီးခေတ်ဖြစ်နေပီလေ..
ReplyDeleteHa ha ha!!!!!!!that means,it will be gone soon
ReplyDeleteပြောင်းဖူးသည် လမ်းတ၀က်ခင်း ဦးအောင်သိန်းလင်း ရေ လာမလုပ်နဲ့တော့ကြိုတင်မဲ ခေတ်မရှိ တော့ဘူးဟေ့။ံ ကြံဖွံ အဖွဲ့ တွေ ပြာနြေ့ပီ ဟေ့။
ReplyDeleteမြန်မာနိုင်ငံတော်ကြီးကိုပညာပြည့်ဝပြီး၊စိတ်နှလုံးလှသူများမြန်မြန်အုပ်ချုပ်နိုင်ပါစေ။
ReplyDeleteသူ့မိန်းမကြိုက်တာနေမှာပေါ့
ReplyDeleteဧရာဝတီရေ...ပေါက်ကရတွေ မတင်ပါနဲ့။ တာမွေးဈေးသူဈေးသားတွေက တာမွေဈေးကို မပြောင်းချင်ကြောင်း ကန့်ကွက်တဲ့ အနေနဲ့ ပြောင်းဖူးမှာ " မ " ရေးပြီး ဈေးရှေ့မှာ ချိတ်ဆွဲထားတာပါ။ အဲဒါကို သတင်းသမားတွေ ရေးတိုင်း ဦးနှောက်မရှိတဲ့ သူတွေကလည်း ၀ိုင်းပြီး ဆွမ်းလောင်းကြတာဘဲ။ ရှက်လိုက်တာ သူတို့အစား။
ReplyDeleteအောင်သိန်းလင်းကိုထောက်ခံတာ မင်းတစ်ယောက်တည်း။ ရှက်ရမှာလည်း မင်းတစ်ယောက်တည်း။ မင်းတို့ခေတ် ကုန်ပြီ။ ဘုရားက မင်းတို့ကို အပြစ်ပေးပါလိမ့်မယ်။
ReplyDelete