Pages

Thursday, March 15, 2012

ထိုင်လုပ်မှာလား လျှောက်လုပ်မှာလား????

အထိုင်များခြင်းရောဂါမှ ကာကွယ်ရန် ကွန်ပျူတာကို လမ်းလျှောက်စက်နှင့် တွဲထား

ပြည်မြန်မာသတင်းဂျာနယ် မှ သတင်းထောက် NYM ရေးသားထားတာကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

တစ်နေ့လုံး နာရီပေါင်းများစွာ ကွန်ပျူတာရှေ့ တွင် ထိုင်လျက်အလုပ်လုပ်နေခြင်းကြောင့် "အထိုင်များခြင်းရောဂါ" Sitting Disease အန္တရယ်ကျရောက်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု မင်နီးဆိုးတားပြည်နယ် ဆရာဝန်တစ်ဦးက သတိပေးခဲ့သည်။

အားလပ်ချိန်များတွင် အားကစားလုပ်ရန်အကြံပြုချက်သည် အမှန်တကယ်တွင် ထိရောက်မှုရှိပုံ မရသောကြောင့် ဒေါက်တာဂျိမ်းလီပိုင်းက ပိုမိုဆန်းသစ်သော အကြံပြုချက်တစ်ရပ်ကို တင်ပြခဲ့သည်။

ယင်းမှာ Standing Desk ဟုခေါ်သော မတ်တပ်ရပ်လျက် အလုပ်လုပ်ခြင်းဖြစ်သည်၊ အဆိုပါ ဆရာဝန်ကိုယ်တိုင်သည် ၁၀ နှစ်ကြာအောင် လမ်းလျှောက်စက်ပေါ်တွင် မတ်တတ်ရပ်ကာ အလုပ်လုပ်ခဲ့ပြီး လူအများအနေဖြင့် ကုလားထိုင်ပေါ်တွင် အကျဉ်းကျခံနေရခြင်းမျိုး မဖြစ်သင့်ဟု ဆိုသည်။

လူတို့ အနေဖြင့် ခြေထောက်ပေါ်တွင် မတ်တပ်ရပ်ခြင်းထက်စာလျှင် အထိုင်များခြင်းက နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေပိုများပြားစေသည်ဟု ဆိုသည်။ လေ့လာစမ်းစပ်မှု အသစ်တရပ် ပြုလုပ်ရန်အတွက် မင်နီယာပိုလစ်မြို့ရှိ ကုမ္မဏီ တစ်ခုတွင် ဝန်ထမ်းများ၏ ထိုင်ခုံ ၃၀ ကို လမ်းလျှောက်စက်များဖြင့် အစားထိုးကာ စမ်းသပ်ခဲ့သည်။

ယင်းစမ်းသပ်ချက်မျိုးကို ကမ္ဘာ တစ်ဝန်းလုံးကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်ကြောင်းလည်း ဆရာဝန်လီဗိုင်းက အကြံပြုထားသည်။

 

1 comment:

  1. လမ်းလျှောက်ရင်း monitor ကို ကြည့်ရတော့ cloverfield ရိုက်နေသလို ဖြစ်တော့မပေါ့။ မူးပြီးလဲရင် အလကားနေရင်း ထိုင်ရင်း အနာတရ ဖြစ်ဦးမယ်။

    ReplyDelete