Pages

Thursday, March 15, 2012

ဆင် ကင်ပွန်းတပ်ပွဲ

ဆင်ဖြူလေးအတွက် မုန့်ဖိုး ပေးနေတဲ့ ဒုသမ္မတကြီး

နိုင်ငံတော်က ရွှေလိုဥထားတဲ့ ဆင်ဖြူလေး အသက် ၃ လ ခွဲ ပြည့်ပါပြီ။ ဆင်ဖြူလေး ကျန်းမာရေးကောင်းတယ်၊ မနေ့က ကင်ပွန်းတပ်ပွဲ လုပ်တယ်၊ ဒုသမ္မတ နဲ့ ၀န်ကြီးများ တက်ရောက်တယ်၊ ရတနာ န၀တ်ရတ်ကိုးသွယ် ဆင်မြန်းပေးတယ် ဆိုပြီး ဒီနေ့ထုတ် အစိုးရသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးများက ''ဇာတကလျာ'' ဟု သုံး ကြိမ်စီ ခေါ်ဆိုကြရာ ပရိသတ်များက သြဘာ လက်ခုပ်တီး၍ ကောင်းချီးပေးကြပြီး အခမ်းအနားမှူးက '' အောင်ြပီ၊ အောင်ပြီ'
' ဟု သုံးကြိမ် ကောင်းချီးမြွက်ဖော် ကြွေးကြော်ကြသည် ---

''ရတနာဆင်ဖြူတော် ဇာတကလျာလေး ကျန်းမာပါစေ၊ အသက်ရာကျော် ရှည်ပါစေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးဘယာ ဝေးကွာ၍ သာယာ ဖွံ့ဖြိုး တိုးတက်အောင်မြင်ပါစေ'' ဟု ဆုမွန်ကောင်း တောင်း ၍ အခမ်း အနားကို ရုပ်သိမ်းရာ ပရိသတ်များက သြဘာ လက်ခုပ်တီး၍ ကောင်းချီးပေးကြသည် လို့လည်း ဖော်ပြထားပါတယ်။

ဆင်လေးက ဘာပြန်ပြောတယ် ဆိုတာကိုတော့ သတင်းထဲမှာ ရေးမထားပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUrPdarT5wZTgYcdceRNmYyqR2r5sU35MAzGrt68MrwdsTUqKaNnwn8kC9yXwzRl2oFk9BWqSbKxauNbWGY9V5TxQJdlN4t4pgYdpLM3IKpCwoYsZulhXztz4O1UFHAZgIHhdBOx2kaE8/s1600/000ef+ele.jpg
နဲ့
http://2.bp.blogspot.com/-itFvXbM011U/T2GVojp4JTI/AAAAAAAAT4c/gzmdhxQn4Fg/s1600/000ef%2Bele%2B2.jpg
တို့မှာ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ

14 comments:

  1. မြန်မာနိုင်ငံမှာ ဒီထက်အရေးကြီးတဲ့ အလုပ်တွေ အများကြီး ရှိတယ်.ဒီဆင်မှာ ကုန်မဲ့ ကုန်ကျစရိတ်ကို ဆင်းရဲတဲ့ သူတွေ လုပ်ဆောင်ပေး သင့်ပါတယ် .
    တနိုင်ငံလုံး ဆင်းရဲတွင်းထဲ ကျနေတဲ့ အချိန်မှာ အကျိုးမရှိ တဲ့ အလုပ်တွေကို အချိန်ကုန်၊ငွေကုန် ခံပြီးလုပ်နေကျတယ် စိတ်ပျက်ဖို့တော်တော်ကောင်းတယ်ကွာ
    ဘာလိုအစိုးရမှန်းမသိဘူး

    ReplyDelete
  2.်foolish ,nothing,stupid gaing

    ReplyDelete
  3. ဆင်ကင်ပွန်းတပ်မနေနဲ့။ပင်လယ်ပြင်ကိုကုလားသသိမ်း
    ပြီ။ဘာမှတာဝန်ယူစိတ်မရှိတဲ့ကောင်တွေ။

    ReplyDelete
  4. အလုပ်မရှိ ကြောင်ရေချိုး လို့စကားပုံကြားဘူးတာ ခုတော့ ဆင်ဖြူတော်ကို နာမည်ပေးသတဲ့။ တဲစုတ်ထဲမှာ နေတဲ့ ဆင်းရဲသား ကလေးငယ်တွေကိုတော့ ပညာသင်ပေး အစာကျွေးမယ်လို့ စိတ်မကူးဘူး။ ဆင်ဖြူတော်မှီ ကြံစုတ်ချင်နေတယ်။

    ReplyDelete
  5. superstitious after all years !

    Thi Baw dynasty, many past dynasty.

    Better be practical.

    Taw Tint Pee. those sorts of craps.

    Does not help much for people and country.

    Rely on yourself.
    Support country and people.

    don't do crappy things.

    ReplyDelete
  6. ဟားဟား ရီ ရတယ်
    ငတုံး တို့ ရဲ့ တိုင်းပြည်

    ReplyDelete
  7. ကိုပေါက်စMarch 15, 2012 at 9:12 PM

    ပုံစံတွေ ကတော့ အရင်အတိုင်းပါပဲ။
    အပါယ်လေးဘုံသား ဆင်ကို အရေးတကြီးဘာမှလုပ်စရာမလိုပါဘူး။
    (အရမ်းအားနေတယ်ထင်တယ်)
    တိုင်းပြည်မှာဒါထက်အရေးကြီးတာတွေမလုပ်ကြတော့ဘူးလား။

    ReplyDelete
  8. ကိုပေါက်စMarch 15, 2012 at 9:15 PM

    အရမ်းအားနေကြတယ်ထင်တယ်။

    ReplyDelete
  9. အခုထိပေါတောတောတွေကလုပ်တုန်း...ဆင်နဲ့ ဆင်းရဲသားဒုက္ခသည်တွေနဲ့ဘယ်ဟာကအရေးကြီးလဲ။ အသိဥာဏ်နည်းတဲ့သူများ ဟိုဟာယုံဒီဟာယုံဆိုတာသိပ်မှန်တာဘဲ။ ဒီအစိုးရဟာ နိုင်ငံ ၊ လူမျိုး နဲ့ ဘာသာသာသနာအတွက် တခုမှကောင်းကျိုးမပြုဘူး။ နတ်လိုလို ၊ ဘိုးတော်လိုလိုအလုပ်တွေဘဲလုပ်နေတယ်။

    ReplyDelete
  10. What kind of person are they?
    They have a lot of free time....
    They have nothing to do for country..
    They're all good-for-nothing layabouts.
    Stupid Idiot........

    ReplyDelete
  11. ရောဂါသည်ဆင်ပါ။ http://anasiantouroperator.blogspot.com/2010/07/albinism.html

    ReplyDelete
  12. နေပါဦးဗျာ ..ဆင်ဖြူကလေးရဲ့ အဖေဆင်က ဘယ်ဆင်လဲဗျ။ မျိုးရောသန့်ရဲ့လား ...။

    ReplyDelete
  13. အင်းခုဆင်ကင်ပွန်းတပ်ပွဲပြီးရင်အရွယ်ရောက်တော့
    စိန်စီသောဆင်မင်္ဂလာပွဲလုပ်ပေးအုန်းမှာဆိုတော့။ဗမာပြည်
    ကစိန်သူဌေးတွေသတိသာထားနေကြပေတော့

    ReplyDelete
  14. ဟား ဟား..ဆင်လေးကစကားပြန်ပြောပါတယ်..မင်း
    တို့ အားလုံးသောက်ပေါတွေတဲ့..အင်းဗုဒ္စဘာသာတွေ
    တဲ့..ရီရတယ်ဟေ့..ဗြဲ..။

    ReplyDelete