၂၀၁၀ ဒီဇင်ဘာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးများဗိုလ်ချုပ်ကြီးတို့ရဲ့ ပင်စင်လစာ၊ နိုင်ငံရေးဆုငွေစာရင်းကို မိုးမခ http://moemaka.blogspot.com/ မှာ တွေ့ရပါတယ်။
ဗိုလ်သန်းရွှေ ပင်စင်လစာက သိန်းတရာ တဲ့။ စာဖတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး ဒီလစာငွေတွေကို ဘာလုပ်မလဲ မသိရပါဘူး။
နိုင်ငံရေးဆုငွေအဖြစ် သိန်းနှစ်ရာကျော် ရပါတယ် တဲ့။
ဗိုလ်သန်းရွှေ ပင်စင်ယူတဲ့နေ့ကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့လို့ အဲဒီမှာ ရေးထားပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး နောက်တနေ့မှာ ဗိုလ်သန်းရွှေ ပင်စင်ရသွားတာ ဖြစ်ပါတယ်။
အဲဒီစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဗိုလ်မောင်အေးလည်း အဲဒီနေ့မှာ နားပါတယ်။ ပင်စင်ငွေပမာဏကလည်း တပ်ချုပ်ကြီးဟောင်းနဲ့ မတိမ်းမယိမ်း ရပါတယ်။
ဗိုလ်အောင်ထွေး၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်းတို့ရဲ့ ပင်စင်လစာက ခြောက်သိန်းကျော်ပါတယ်။
ခြောက်သိန်းပဲ ဆိုတော့ နည်းတယ်လို့ မပြောနိုင်ပါဘူး။ တခြားဗိုလ်ချုပ်တွေက တသိန်းကျော်ပဲ ရလို့ပါ။
ထူးခြားချက်နောက်တခုကတော့ ဗိုလ်ခင်ညွန့်၊ ဗိုလ်ဝင်းမြင့်တို့ ၂ ယောက်ကို ပင်စင် ခံစားခွင့်မပြုတာပါပဲ။
အဲဒီ ပင်စင်လစာ စာရွက်ကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA9d-gpG8OEDFxLb-_jzUBnVGuj4iBTyiiNnrMKlLSkE4-5a8ueqetqcU9rgLZNWkNLq5K0Ufv74ekAfI3slnw41ICI_-_8MwZi6VMkdgAb9TJBl1c1o8jQqOnyNwzA2D6fr4mFerO-hc/s1600/000ef+knu44.jpg ကြည့်နိုင်ပါတယ်။ ( ကိန်းဂဏန်းတွေကို ဖတ်ရလွယ်အောင် အနီစက် တို့ထားပါတယ်)
-----
နိုင်ငံရေးဆုငွေက ပုံပါအတိုင်းဆို သိန်း ၂ ထောင့် ၃ ရာ ဖြစ်နေပါတယ်ဗျ
ReplyDeleteဘယ်သူသတ်မှတ်ပေးတာပါလိမ်. အမေ၇ိကန် သမ္မတဟောင်းပင်စင် တစ်နှစ် တစ်သိန်းကိုးသောင်း၊(ဟယ်လာ၇ီ ကလင်တန်က (၁၈၆,၆၀၀) အခွန်ဆောင်၇မှာနော်။ လွတ်တော် အမတ် လစာနီးပါ၊ တို.လွတ်တော်အမတ် ဘယ်လောက်၇လဲ မသိဘူး။ ၃သိန်းလား ၅သိန်းလား။ တို.အဘက အခွန် ဖ၇ီးနော်.။ ထားပါတော. The Former Presidents Act, as amended, provides each former President
ReplyDeletea taxable pension that is equal to the annual rate of basic pay for the head of an executive
department (Executive Level I)
တိုင်းပြည်က ဆင်းရဲ။ ကြံ့ဖွတ်က သူဌေးဖြစ်၊ လူထုက ကျွန်လုံးလုံး။ ကုန်းကောက်စရာ ဘဝပင်လယ်မောမှာ ကူးခပ်နေရတယ်။ ရှိသမျှ မြစ်၊ ချောင်း အင်အိုင် တရုတ်ကို အလကားပေး။ အာဏာနှင့် စည်းစိမ်မြဲအတွက် တိုင်ပြည်ကို ကြေမွအောင်လုပ်ခဲ့တဲ့ သူ မတန်မရာပင်စင်ကြေးယူ။ ရာဇဝင်ဆိုးမှာ မှတ်တမ်းတင် တစ်နေ့  အကုန် ပြန်လည်ပေးဆပ်ဖို့ ပြင်။ KNM
ReplyDeleteဒီပိုစ့်လေးကို ဖတ်ပြီး တစ်ခု သွားစဉ်းစားမိတယ်... အဲဒီလူတွေနဲ့တကွ မိသားစုဝင်တွေ၊ အပေါင်းအပါတွေ .. လူလာဖြစ်ရတာ ကံကောင်းတယ်လို့ခေါ်မလား? ကံဆိုးတယ်ခေါ်မလား? ဆိုတာကိုပါ။ ကုသိုလ်ကံလေးကောင်းခဲ့လို့ အကြီးအမှူး၊ ခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစုဝင်တွေ လာဖြစ်ကြရတယ်။ အဲဒီမှာ ပညာပါရမီ မပါခဲ့လို့ပဲ ဆိုရမလား ၊ ကိုယ်နဲ့ ကိုယ့်မိသားစုတွေ ဆယ်စုနှစ်လေးလောက် ကောင်းစားဖို့အတွက် သိန်းနဲ့သန်းနဲ့ချီတဲ့ ရဟန်းရှင်လူပေါင်းများစွာ ဒုက္ခရောက်ရမဲ့၊ မျက်ရည်ကြီးငယ်ကျရမဲ့ စားရမဲ့သောက်ရမဲ့ ဘဝတွေရောက်အောင် ပြုမူလုပ်ဆောင်ခဲ့ကြတယ်။ ဆယ်စုနှစ်လေးလောက် ကျင်လည်ရမဲ့ အခုဘဝအတွက်တော့ ကောင်းတာပေါ့။ ဒီဘဝပြီးယင် သွားရမဲ့လမ်းကတော့ သေချာသလောက်ဖြစ်နေပြီ။ အဲဒီလမ်းကလည်း သိန်းနဲ့သန်းနဲ့ချီတဲ့လူတွေ ဒုက္ခရောက်အောင် ပြုလုပ်ခဲ့တာဆိုတော့ တဘဝ၊ နှစ်ဘဝ၊ ဆယ်ဘဝလောက်နဲ့တော့ ပြီးသွားပါ့မလားမသိဘူး။ အဲဒီတော့ ဆယ်စုနှစ်လေးလောက် ခံစားရတာနဲ့ ဒီလောက်ကြီး ရင်းနှီးပေးဆပ်ရမှာ အဲဒီပုဂ္ဂိုလ်တွေရဲ့ လူလာဖြစ်ရခြင်းဟာ ကံကောင်းတယ်ပဲဆိုရမလား? ကံဆိုးတယ်လို့ပဲ ဆိုရမလားပဲဗျာ...
ReplyDeleteတွေးမိတာလေးတွေကို ပြောကြည့်တာပါ... :)