Pages

Saturday, March 17, 2012

ဒီလိုလေးခြစ်


ဒီလိုလေးခြစ်တတ်ရင် ရပြီ တဲ့။
NLD ကို မဲပေးဖို့ လှုံ့ဆော်တဲ့ တခန်းရပ်ဇာတ်လမ်း ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ၂ ပတ်အလိုမှ ထွက်လာတာပါ။ BurmaVJ Media/Youtube စာမျက်နှာမှာ ဒီရုပ်သံကို တင်ထားပါတယ်။
ကြံ့ခိုင်ရေးပါတီအတွက် ၀န်ကြီးတချို့က မဲဆွယ်ပေးနေစဉ်မှာ NLD အတွက်တော့ အနုပညာရှင်များက မဲဆွယ်နေပါပြီ။




လူမင်း၊ ဝေဠုကျော်၊ ရဲတိုက်၊ ဦးခိုင်တင်၊ ကျော်ကျော်ထွန်း၊ မောင်မောင်ညွန့်၊ ပြည့်ပြည့်၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်၊ ၀တ္ထု၊ဇာတ်ညွှန်း အောင်သူသျှီး၊ ဒါရိုက်တာ ၀ိုင်း လို့ ရုပ်သံမှာ တွေ့ရပါတယ်။

ထင်ရှားတဲ့ အဲဒီအခန်းဖြတ် ဇာတ်လမ်းကို ထုတ်ဝေတဲ့ Our Production ကပဲ ဒီဇာတ်လမ်းတိုကို ထုတ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် ဒေသတွေမှာ ဒီရုပ်သံကို စီဒီနဲ့ ဖြန့်နိုင်ရင် အင်မတန် ထိရောက်ပါလိမ့်မယ်။

2 comments:

  1. the best expression within short time.

    ReplyDelete
  2. မခိုင်ကြီးပြောသွားတာကြိုက်တယ်ဗျာ။
    ကျွန်မတို့ အမျိုးတွေအာလုံးအရပ်ရှည်
    ကြပါတယ်။ တဲ့ 
    မောင်ကျော်ဆန်းကိုကပ်ဖဲ့ သွားတာ
    လှတယ်ဗျာ။ ဟီး ဟီး

    ReplyDelete