
ရဲချုပ်ကြီးခင်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အကျင့်ပျက်၊ ကိုယ်ကျိုးဖက်၊ ထင်ရာစိုင်း၊ မိန်းမကြောက်၊ အာဏာ/နေရာရူး၊ ငယ်သားတွေကို လက်ကိုင်ဒုတ်လုပ်၊ အပေါ်ဖားအောက်ဖိ လောကနတ် လုပ်နေကြသော အရာရှိများကို လျှို့ဝှက် စုံစမ်းစစ်ဆေးပြီး ဖယ်ရှားပေးဖို့တင်ပြပါတယ်၊ သူတို့တွေက အောက်လက်ငယ်သားတွေကို သားတပည့်လို သဘောမထားပဲ ခိုင်းကျွန်အဆင့်လောက်သာ သတ်မှတ်နေကြပါတယ်၊
သူတို့မိန်းမ/အထက်အရာရှိ တွေနှင့် အဆင်မပြေတာများရှိခဲ့ရင်လည်း သူတို့ဒေါသတွေကို ငယ်သားတွေ အပေါ်မှာပဲ ထိုးလိုထိုး၊ ကန်လိုကန်၊ ဆဲလိုဆဲနှင့် အမျိုးမျိုး ရင်ဖွင့်နေကြပါတယ်၊
ခုချိန်မှာ အရပ်သားတွေကတော့ ထိုက်သင့်သလောက် ဒီမိုကရေစီဆိုတဲ့အခွင့်အရေးကို ခံစားခွင့်ရကြတယ်လို့ကြားသိနေရပါတယ်၊ ကျနော်တို့ကတော့ ခုချိန်ထိ ဖေါ်ပြပါ အရာရှိတွေရဲ့ကြိုးနီစနစ် အုပ်ချုပ်ပုံတွေကို ခါးစည်းခံနေကြရတုန်းပါပဲ။
နိုင်ငံတော်က ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေပေမည့် ရဲတပ်ဖွဲ့မှာ အုပ်ချုပ်နေကြတဲ့ ဟိုမရောက် ဒီမရောက် အရာရှိတွေကတော့ ပုလိပ်ခေတ်က မူ အတိုင်းပဲ ကျင့်ကြံနေကြပါတယ်၊
ဒီမိုကရေစီစနစ်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ပြည်သူတွေကို လမ်းမှန် စနစ်မှန်ဖြစ်အောင် ထိမ်းသိမ်းနေရတဲ့ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဟာ မိမိကိုယ်တိုင် မလိုက်နာရင် ပြည်သူတွေကိုလည်း လိုက်နာခိုင်းဖို့ မလွယ်ပါဘူး ကျနော်တို့အောက် လက်ငယ်သားတွေဟာ ပြည်သူတွေနှင့် နေ့စဉ် ထိတွေ့နေရလို့ သူတို့တွေရဲ့ သဘောထားတွေကို ကောင်းကောင်း သိပါတယ်၊ မသိတာကတော့ ရဲအုပ်ကနေ ရဲမှူးချုပ်ထိလို့ ပြောရမှာဖြစ်ပါတယ်၊ ထိုင်ခုံကမထ စိတ်ထင်တိုင်း ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေကြလို့ပါပဲ၊
သူတို့တွေ အမြဲနိုင်ကွက်လုပ်နေတဲ့စကားကတော့ မင်းတို့ အရည်အချင်းတွေကို ရဲတပ်ဖွဲ့ပေတံနှင့် တိုင်းမယ် တဲ့၊ ကျနော့်အမြင်ပြောရမယ် ဆိုရင် သူတို့ပြောတဲ့ ပေတံနှင့်သာ တိုင်းရင် ရဲချုပ်နှင့်ပြည်ထဲရေးဝန်ကြီးတောင် ပလ္လင် ပျောက်သွားနိုင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ပြောတဲ့ရဲပေတံ ဆိုတာ အမြင်ကပ်ရင်ကန်ချဖို့ ကိုလိုနီခေတ်က ကျင့်သုံးခဲ့တဲ့ နည်းလမ်း ဆိုတာ ရဲချုပ်ကြီးလည်း သိမယ်ထင်ပါတယ်၊
နောက်တစ်ခုက ဒီမိုကရေစီနီိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိ ရဲလက်စွဲဥပဒေကို ပြန်လည် ပြင်ဆင်သင့်ပါတယ်၊
ဒီဥပဒေအတိုင်း ဆိုရင် အထက်က ဘာပြောပြော ဟုတ်တာရော/မဟုတ် တာရော အကုန် လိုက်လုပ်နေရတော့တာပါပဲ၊ ခိုင်းတာ နည်းလမ်းမမှန်လို့ တင်ပြရင်လည်း ခံပြောတယ် ဆိုပြီးတော့ အရေးယူတာ ခံနေကြရတာပါပဲ၊ အောက်လက်ငယ်သားများကိုသာ အစဉ် အရေးယူတာမျိုးတွေ တွေ့မြင်နေရပြီး အထက်အရာရှိတွေ အောက်လက်ငယ်သားတွေကို မမှန်တာလုပ်လို့ အရေးယူတယ် ဆိုတာ မကြားဖူးသလောက်ပါပဲ၊ လက်ရှိ ရဲကျင့်ဝတ်ဥပဒေမှာလည်း ပြဌာန်းထားတာ မတွေ့ရပါဘူး၊ ဒါတွေကိုအခွင့်ကောင်းယူပြီး သူတို့တွေ ထင်ရာစိုင်း လုပ်နေကျပါတယ် ခင်ဗျာ။
ရဲတပ်ဖွဲ့တင်မဟုတ်ပါ၊ပြီးခဲ့သည့်စနေနေ့ကညကRFA (ပေးစာ)မှထုတ်လွှင့်သွားသောကျန်မတို့တပ်(လောက်ကိုင်ခြေလျင်တပ်)မှ ဗိုလ်မှူးနေမင်းသူ(ကြည်း-၃၂၉၂၉) နှင့်ဇနီးမစုစုမာတို့၏ တပ်တွင်းအတိုးနှုန်းဖြင့် ငွေချေးကာ ကိုယ်ပိုင်စီး ပွား ရေးသောင်းကျန်းမူ့ ၊ လက်အောက်ငယ်သားများ၏ ရဲမေများ အလှည့်ကျ ခေါ်ကာ အိမ်ကိစ္စများကို ခိုင်းစေခြင်း၊တပ်တွင်းအတိုးနှုန်းသံသရာကင်းသည့်သက်သာချောင်ချိရေးထားရှိပေးပါရန်အသနားခံတင်ပြမူ့ထုတ်လွှင့် သွားပါတယ်။ကျေးဇူးတင်ပါသည်ရှင့်။ နောက်တစ်နေ့တွင် ဗိုလ်မှူးမှ ကျမတို့ရဲမေများကို ပြောသည်မှာ သူကရဲမေတွေကိုသနား၍အတိုးသက်သက်သာသာဖြင့်(၁၀%ဖြင့်)ချေးသည့် သူ့စေတနာကို နားလည်စေ လိုကြောင်း၊မိမိဇနီးမှ ရဲမေများကို အလှည့်ကျ ခေါ်၍ အိမ်ကိစ္စများကို သင်ပေးနေ သည်ဟု မှတ်ယူစေလိုကြောင်း ပြောပါသည်။ကဲကျမတို့ ရဲမေများဘာများတတ်နိုင် အုန်းမလဲဟုပြန်မေးမိပါသည်။ တပ်တွင်းရာထူးအလိုက် ရိုသေရသည်ကို လိုက်နာကာ အာဏာဖြင့် ထပ်၍ထပ်၍ဖိနှိပ်မူ မခံစားနိုင်၍ ဘယ်သူလာကူပါ့မလဲဟုမျှော်ရင်း
ReplyDeleteဒါကဒီလိုရှိတယ်ကလေးမ
ReplyDeleteရဲဘော်မိသားစုတွေလဲလူပါပဲ။တရုတ်နိုင်ငံတောင်မှနိုင်ငံအတွင်းသူလူမျိုးအချင်းချင်းအမြတ်စားတဲ့အသေးစားဂုတ်သွေးစုပ်ငွေချေးတာကိုတောင်နှိမ်နှင်နိုင်တယ်။ပြည်သူတွေအတွက်လက်မခံဘူး။အတိုးနှုန်းကြောင့်ပြည်သူတွေဆင်းရဲပြီးဆင်းရဲကာသံသရာလည်နေမှာပဲ။ဟိုတလောက(အင်းတကော်တပ်)မှာဗိုလ်ကြီးအောင်သီဟ ဆိုတပ်တွင်းအတိုးဒဏ်ကြောင့် လူသတ်မူတွေဖြစ်ပြီးကိုယ်ကိုသတ်သေသွားတာ။မမှတ်ကျဘူး။အေလေဒီဗိုလ်မှူးနေမင်းသူလုပ်ပုံကဘယ်သူသေသေငတေမာရင်ပြီးရောကို။သမတကြီးရဲ့ ဆင်းရဲမူလျော့ချရေးကိုကူညီတဲ့ အနေနဲ့သူ့ကိုသူချမ်းသာအောင်လုပ်နေတာနေမယ်။
ReplyDeleteဟုတ်ပ။ပြီးခဲ့တဲ့လက
ReplyDeleteတောင်ဗိုလ်မှူးကကားဝယ်ဖို့ရန်ကုန်
ကအိမ်ကိုသိန်း၂၀၀ ပို့လိုက်တယ်တဲ့။
ငွေပို့ပေးရတဲ့သူကပြောတာ။
ရံပုံငွေတွေဘယ်ကိုရောက်........
ထွက်သွားလိုက်တာ တပ်မှာ(ခါလီ)ပဲကျန်ခဲ့တယ်။
ReplyDeleteတပ်ရင်းမှူးနဲ့ မည်သို့ မည်ပုံရှင်းလိုက်သနည်းမသိရ။
လောက်ကိုင်တပ်တွင်းရံပုံငွေထပ်မတိုးလာပေ။
ဗိုလ်မှူးနေမင်းသူ(ကြည်း-၃၂၉၂၉) ကတော့
တပ်သစ်(ကော့ကရိတ်တပ်-ခမရ ၃၇၂)
ကိုသွားတာငွေလွှဲတဲ့သူပြောသလို
ရန်ကုန်ကို သိန်း-၂၀၀ လွှဲလို့ ဝယ်ထားတဲ့ 
ကားသစ်ကြီးအဖြူရောင်နဲ့ ငြိမ့် လို့ ။
သူ့ မိန်းမ မစုစုမာ(တောသူ)အမျိုးကပဲချမ်းသာ
ပြီးဝယ်သလိုသတင်းလွှင့်ထားတာဇာတ်မြစ်စုံစမ်းကြည့်ပါ။ ဗိုလ်မှူးတို့ တော်ချက်က ရောက်တဲ့ နေရာ
ဂွင်ဘယ်လိုဖန်ရပ။ရဲဘော်တွေစုတ်ပြတ်ပြီးကျန်ခဲ့ တာ၊
ရဲဘော်မျက်ရည်တွေရဲ့ ပိုက်ဆံတွေနော်။
ငါ့ မိန်းမ ငါ့မိသားစုအတွက်လုပ်လိုက်အုန်းပေါ့။
လောက်ကိုင်တပ်ရင်းမှူး
ReplyDeleteတောင်မျက်စေ့လည်ပြီးကျန်
ခဲ့တယ်။ဗိုလ်မှူးနေမင်းသူ
(ကြည်း-၃၂၉၂၉)ကဒီမှာ
ရှာလိုရတာကိုလျှိုပြီးကော့ကရိတ်
တပ်မှာတော့သူဌေးဆိုပြီးရတာလေး
ကိုမအောင့်နိုင်ပဲကားသစ်အဖြူရောင်
ကြီးဝယ်စီးပြီးတပ်မှူးကိုကြွားလေ၏။
ရဲဘော်တွေကဒီကနေအတိုးလှမ်းဆပ်
နေရတယ်။အတိုးကောက်ဖို့ လူထား
ခဲ့ပြီးဆက်လုပ်နေတာတိုးတိုးတိတ်တိတ်နဲ့ ။
နောက်ဆုံးတော့တပ်မှာရှိတဲ့ရဲဘော်တွေဟာ
ရဲဘော်နင်းပြား၊နင်းပြားရဲဘော်ပါပဲ
ဟုတ်တယ်ဗျို့ 
ReplyDeleteကျုပ်တို့ တပ်ကိုလာတာ
ကားအဖြူရောင်အသစ်ကြီး
နဲ့ သူ့ မိန်းမ အမ(မည်းမည်း
လုံးလုံးလင်မယား)ပါလာပြီး
ကြွားသွားသေးတယ်။ဇာတိတွေ
ကိုမေးကြည့် တော့ဟိုး မော်လမြိုင်
ပင်လယ်နားကရွာကကို၊ဒီလောက်ချမ်း
သာတာကြွားနေရင်မြန်မာပြည်သားတွေ
အဲရွာမှာအလုပ်သွားလုပ်ပြီးကားစီးရအောင်
်လို့တောင်တွေးမိ။ဘယ်လိုညာညာဗိုလ်မှူးက
သူ့ ကားကိုတသသနဲ့ ကြည့်ပြီးကျေနပ်နေတာ။
နယ်စပ်ဆိုပြီးလိုက်လာပြီး
တပ်ကလူတွေကိုမေးတာဂွင်အကြောင်းကြီးပဲ
ငါတို့ရဲဘော်နဲ့ ရဲမေတွေအလှည့် ဘယ်တော့လဲ