Pages

Monday, March 19, 2012

ကျောက်မီးသွေးသုံးတာ ဈေးသက်သာတယ်

နှစ်စဉ် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းငွေကျပ်သန်းပေါင်း (၂၉၀၀) ကျော် ဆုံးရှုံးမှု သက်သာစေမည့်
ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ

ကော့သောင်းမြို့တွင် တည်ဆောက်လျက်ရှိသော (၈) မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ မကြာမီ ပြီးစီး၍ ကော့သောင်းမြို့ပေါ် (၁၀) ရပ်ကွက်နှင့် ရွှေပြည်စိုးကျေးရွာ၊ ပုလုံးတုံးတုံးကျေးရွာ၊ ဆယ်မိုင်ကျေးရွာ များသို့ ၂၀၁၂ ခုနှစ်၊ ဧပြီလ (သင်္ကြန်အလွန်) ခန့်တွင် လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရပါသည်။

ဓါတ်အားရောင်းချဈေးနှုန်းမှာ (၂၀၀) ကျပ် ဖြစ်ပြီး လက်ရှိ ကော့သောင်းမြို့ပေါ် ရပ်ကွက်များတွင် မီတာ (၁) ယူနစ်လျှင် ထိုင်းဘတ်ငွေ (၂၂) ဘတ် (မြန်မာငွေ ၅၇၂ ကျပ်) ခန့်ဖြင့် သုံးစွဲနေကြရသဖြင့် (၁) ယူနစ်လျှင် (၃၇၂) ကျပ် သက်သာ၍ ဆယ်မိုင် ကျေးရွာတွင် ထိုင်းဘတ်ငွေ (၃၀) ဘတ် (မြန်မာငွေ ၇၈၀ ကျပ်) ခန့်ဖြင့် သုံးစွဲနေရသဖြင့် (၁) ယူနစ်လျှင် (၅၈၀) ကျပ် သက်သာ စေမည် ဖြစ်သည်။ (မှတ်ချက် - ယနေ့ ဘတ်ငွေ ပေါက်ဈေး (၁) ဘတ် = (၂၆) ကျပ် ဝန်းကျင်)

အတော်အသင့် ချွေတာ၍ အသုံးပြုသော အိမ်တစ်အိမ်တွင် တစ်လလျှင် မီတာယူနစ် (၅၀) ဝန်းကျင်ခန့် ကျရောက်မည် ဖြစ်သဖြင့် (၅၀ ယူနစ် x ၂၂ ဘတ် = ၁၁၀၀) ဘတ် (မြန်မာငွေ ၂၈၆၀၀ ကျပ်) ဝန်းကျင် ကျသင့်ပါသည်။ ကော့သောင်းမြို့ရှိ ရပ်ကွက် တစ်ခုတွင် ပျမ်းမျှ အိမ်ခြေ (၁၀၀၀) ဝန်းကျင်ခန့် ရှိပါသည်။

တစ်မြို့လုံး အတိုင်းအတာနှင့် ယှဉ်၍ လစဉ်/နှစ်စဉ် ဆုံးရှုံးမှု သက်သာစေမည့် ကော့သောင်းမြို့သူ/သားများ၏ ချွေးနှင့်ရင်း၍ ရှာဖွေထားရသော ပြည်တွင်းငွေများအား အထက် ဖေါ်ပြပါ ဇယားတွင် ခန့်မှန်းတွက်ချက် လေ့လာနိုင်မည်ဖြစ်သည်။

အပြည့်အစုံ သိရှိလိုပါက ဓါတ်အားပေးစက်ရုံ စီမံကိန်းမန်နေဂျာ၏ ရှင်းလင်းဟောပြောချက်များအား ပြန်လည်လေ့လာ သုံးသပ်ချက်များကို အောက်ပါ Link များတွင် pdf ဖိုင်အဖြစ် Download ရယူ၍ ဖတ်ရှုလေ့လာနိုင်ပါသည်။

http://ifile.it/t7y1bw8/Coal%20PowerPlant%20in%20Kaw%20Thaung.pdf

http://www.mediafire.com/?bzj78mp6lrl2pjs

8 comments:

  1. ပြည်သူတွေမီးရတာဝမ်းသာစရာပါ။
    ဒါပေမဲ့ ကျောက်မီးသွေးကြောင့်ဖြစ်လာမဲ့ဆိုးကျိုး
    ကိုပြည်သူတွေခံစားရမှာဆိုတာကို ကာကွယ်မူ့ကြို
    လုပ်ထားပြီးပြီလား။ထိုင်းမှာကကျောင်မီးသွေးဆိုးကျိုး
    ကိုသိလိုသုံးစွဲတာပြည်သူတွေကလက်မခံပေ။

    ReplyDelete
  2. PDF ဖိုင်ကို Download ရယူ၍ ကဏ္ဍအလိုက် အပြည့်အစုံ လေ့လာနိုင်ပါသည်။

    ReplyDelete
  3. ကျောက်မီးသွေးအန်ဒရာယ်ရှိတာမှန်ပါတယ်။အဲဒါ မီဂါဝပ်1000ကျော်မှထင်ပါတယ်။အခုက 8မီဂါဝပ်ကနည်းနည်းလေးပါ။အစိုးရိမ်လွန်နေကြတာပါ။ဒီကကျောက်မီးသွေးမီးကို ထိုင်းကိုရောင်းမှာဆိုရင်တော့ဒို့လည်းကန့်ကွက်မှာပါ။အခုက ကော့သောင်းမြို့ သုံးမှာဆိုတော့ ထောက်ခံပါတယ်။
    အခုကန့်ကွက်နေတဲ့လူတွေ 100ကျပ်နဲ့ ပေးရင်ပိုပြီးထောက်ခံမှာပေါ့။ အစိုးရတောင်မခလုပ်ပေးနိုင်တဲ့ အရာကို လုပ်ပေးမည့်သူရှိရင်ကျေးဇူးတင်သင့်ပါတယ်။တခြားနိုင်ငံရေး အရှိန်အ၀ါလိုခြင်လို့ လုပ်ရင်တော့ ဆောရီးပါ။

    ကော့သောင်းရေသောက် ကော့သောင်းသားစစ်စစ်

    ReplyDelete
  4. ဟုတ်ပါတယ်။ ကျုပ်လည်းထောက်ခံတယ်။ ဘယ်သူမှလည်း Dangerous ဖြစ်စေမဲ့အလုပ်ကိုလုပ်လိမ့်မယ်မထင်ဘူး။ ကော့သောင်းသား နောက်တစ်ယောက်

    ReplyDelete
  5. ကန်ကွက်နေသူများကိုတစ်ခုလောက်မေးလိုက်ချင်ပါတယ်။ ကျောက်မီးသွေးမပြောနဲ အိမ်မှာထမင်းချက်နေတဲ့ မီးသွေးအကြောင်းတောင် ကောင်းကောင်းသိရဲ့လားလို့ လာပြန်ပြီ ကော့သောင်းသား နောက်တစ်ယောက်

    ReplyDelete
  6. နိုင်ငံရေးအရှိန်အဝါလိုလို့ကျောက်မီးသွေးစက်ကိုကန့်ကွက်နေတာမဟုတ်ပါ။ ကော့သောင်းမြို့နဲ့ ပြည်သူတွေ မကြာခင်အန္တရယ်ဆိုးကြီးကိုတဖြေးဖြေးခံစားကြရတော့မဲ့ အရေးကိုသိလို့ပြောနေတာပါ။ မြန်မာပြည်မှာ ဘယ်မြို့မှာမှဆောက်ခွင့်မရတဲ့ ကျောက်မီးသွေးစက်ရုံကို လူနေထူထပ်တဲ့ရပ်ကွက်နှစ်ခု ကြားထဲလာဆောက်ထားတယ်။ စက်ရုံပတ်လည်ကအိမ်တွေဟာ စက်ရုံနံရံနဲ့ ထိစပ်နေတယ်။ ကမ္ဘာပေါ်မှာ ဒီစက်ရုံဟာ လူနေအိမ်ပတ်ဝန်းကျင်နဲ့ အနီးဆုံးပဲလို့ထင်တယ်။ ဘာကြောင့်ဒီလို လူနေရပ်ကွက်ထဲမှာ လာဆောက်တယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ အကယ်လို့ အပေါ်ကမမရဲ့အိမ်က အဲဒီနားမှာဆိုရင် ခင်ဗျားဘာလုပ်မလဲ။ ယခုကျွန်တော်တို့ ကော့သောင်းတမြို့လုံး သောက်သုံးနေတဲ့ ယင်းဝါရေလှောင်တမံက ကျောက်မီးစက်ရုံနဲ့ ကပ်နေတယ်။ စက်လည်ပြီး ၃ လလောက်ကြာရင် အဆိပ်ဓါတ်တွေပါတဲ့ ကျောက်မီးသွေးပြာမှုန်တွေဟာ တမံရေမျက်နှာပြင်ပေါ်မှာ အထပ်ထပ် ပေါလောပေါ်နေတော့မယ်။ ပြည်သူ အတွက်အကိုးနဲ့ အပြစ်ကို နှိုင်းယှဉ်ပြီး ဦးနှောက်နဲ့စဉ်းစားကာ ရေရည်ကိုကြည့်၍ တာဝန်ရှိတဲ့သူတွေက အချိန်မှီ ညှိနှိုင်း
    ဟန့်တားသင့်ပါတယ်။ thank all

    ReplyDelete
  7. ကျောက်မီးသွေးဓါတ်အားခ တဝက်ကျော်တောင်သက်သာတယ်ဆိုတော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ လူနေအိမ်တွေကြားထဲဆောက်ထားတယ်လို့သိရတဲ့အတွက် ဒါတော့မဖြစ်သင့်ဘူး။နိုင်ငံတော်သမ္မတကြီးနဲ့လျပ်စစ်ဝန် ကြီးကိုယ်တိုင် ကျောက်မီးသွေးလျှပ်စစ်မလုပ်တော့ဘူးလို့ပြောထားပြီးပြီဘဲ။ ပြည်ခိုင်ဖြိုး ကလည်းရှယ်ရာပါတတယ်ကြားတယ်။ မီးပေးတာအဓိက မဟုတ်ဘူး စက်လည်တာနဲ့ လေညာကြိုးဝိုင်းထဲက ကျောက်မီးသွေးတွင်းစ တူးလို့ရပြီဆိုပဲ။ ကျောက်မီးသွေးတွင်းက စက်ထက် အဆတစ်ရာ မကတန်တယ်မဟုတ်လား။ စီးပွါးရေးသမားပီသပါပေတယ်။ လူတွေနာတာရှည်ရောဂါရမှာကို ထည့်မတွက်တော့ဘူးလား။ တာဝန်ရှိလြူီကီးတွေကလည်း ပြည်သူအန္တရာယ်ရှိ တာသိလျက်နဲ့ ခွင့်ပြုပေးရင်တော့ NLD လွှတ်တော်ထဲရောက်လာလျင် တရားစွဲခံရမယ်ဆိုတာ သိထားဖို့လိုတယ်နော။

    ReplyDelete
  8. သြော်...ဒီလိုလား? ဒါကြောင့်မို့ ကော့သောင်းကအာဏာပိုင်တွေ ဌာနဆိုင်ရာတွေ ကျောက်မီးသွေးအန္တရာယ်ကိုသိပေမဲ့ ရေငုံနှုတ်ပိတ်နေရတာကိုးဗျ ။ ကိုကော့သောင်း

    ReplyDelete