Pages

Friday, March 23, 2012

ငါးထောင်တန်တွေ ကြဲတဲ့ ကြံ့ဖွံ့မဲဆွယ်ပွဲ

ကျော်ခ ရေးသားသည်။

ငါးထောင်တန်ကြဲတဲ့ ငါးလုံး (ဓာတ်ပုံ - နေပြည်တော်ဘောလုံးအသင်း)


ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်ငွေ ငါးထောင်တန်၊ တထောင်တန်တွေကို တက်ရောက်လာတဲ့ လူထုထဲ ကြဲဖန့်ခဲ့ပါတယ် တဲ့။ ကွယ်လွယ်ရွာခံများက ပြောပါတယ်။

ကွယ်လွယ်ရွာ၊ မြစန္ဒရပ်ကွက်၊ ဘုရားကြီးဝန်း ဓမ္မာရုံအတွင်း လုပ်တဲ့ ဟောပြောပွဲအပြီးမှာပါ။

“ဘယ်လောက်လောက် ရှိမလဲတော့ မခန့်မှန်းတတ်ဘူး။ တစ်ထောင်တန်တွေကို သုံးခါ ကြဲချတယ်။ ငါးထောင်တန်တွေကို တစ်ခါကြဲချတယ်” လို့ ကွယ်လွယ်ရွာသားတဦးက ဧရာဝတီသို့ပြောသည်။

ဒီပွဲကို ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အတူ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်း အစိုးရ အဖွဲ့ဝင် ဦးဝင်းကိုကိုတို့လည်း တက်ရောက်ခဲ့ကြပါတယ်၊ “လျှပ်စစ်မီး ရရှိရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူရေး” လို့ အမည် တပ်ပြီး တအိမ်၊ တယောက် မလာမနေရ ဖိတ်ခေါ်တယ်၊ ကြံခိုင်ရေးပါတီကို မဲထည့်ဖို့ စည်းရုံးဟောပြောခဲ့တယ်လို့ ရွာခံများကပြောပါတယ်။

“ဟိုရောက်တော့ ဝန်ကြီးက လျှပ်စစ်မီးကိစ္စလည်း မပြောဘဲနဲ့။ ကျနော်တို့ ကွယ်လွယ်ရွာသားတွေဟာ ဖြိုးကိုကိုတင့်ဆန်းရဲ့ ထမင်းနဲ့ မကင်းကြဘူး၊ ငွေနဲ့ မကင်းကြဘူးပေါ့။ အဲဒီတော့ ဦးဖြိုးကိုကိုတင့်ဆန်းကို မဲပေးရမယ် ဆိုပြီး မဲဆွယ်တာပေါ့” လို့ ရွာသားတဦးက ပြောပြပါတယ်။

မြောင်းမြမြို့နယ် ကျေးရွာတချို့မှာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့က လူမှုရေးလုပ်ငန်းများ အကြောင်းပြပြီး ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိရေး မဲဆွယ်စည်းရုံး နေတယ် လို့ NLD မြောင်းမြမြို့နယ် မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝင်းဆွေ က ဧရာဝတီကို ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကလည်း ပျဉ်ရွာမှာ အဲဒီလို လုပ်ခဲ့တယ် တဲ့။

ဒါဟာ တရားမဝင်မဲဆွယ်စည်းရုံးတာဖြစ်တယ်၊ မှတ်တမ်းယူထားတယ်၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ ရှိတယ် လို့ ဦးဝင်းဆွေက ဆက်ပြောပါတယ်။

မလာမနေရ အမိန့်တော်ချမှတ်တာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့တင် မကပါဘူး၊ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး မန်းသန်းရွှေ ဆိုသူလည်း ပါပါတယ်။ ဗိုလ်သန်းရွှေနဲ့ နာမည် ၁၀၀% တူတော့ သူလည်း တန်ခိုးထက်ဟန်တူပါရဲ့။

မတ်လ ဒုတိယပတ်ထဲမှာ ဝန်ကြီး မန်းသန်းရွှေက မြောင်းမြမြို့နယ် ငှက်ပျောတော၊ လပွတ်ကုလားကျေးရွာ ဒေသခံများကို တအိမ်တယောက် မလာမနေရ ဆင့်ခေါ်တယ်၊ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်ကြီး ဦးဖြိုးကိုကိုတင့်ဆန်းကို မဲထည့်ကြဖို့ စည်းရုံးတယ် တဲ့၊ ဒေသခံများက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မြောင်းမြ မဲဆန္ဒနယ်မှာ သူ့ ပြိုင်ဘက်များကတော့
NLD ပါတီ - မန်းဂျော်နီ
NDF ပါတီ - ဦးအောင်မျိုးလှိုင်တို့ ဖြစ်ပါတယ်။

NLD နဲ့ NDF ပါတီကိုယ်စားလှယ်များလည်း ငါးလုံးကို အားကျပြီး ပိုက်ဆံကြဲရင် ဒေသခံတွေအတွက်တော့ သိပ်ကောင်းမှာပေါ့လို့ တချို့က ဆိုပါတယ်။ ဒါပေမယ့် ဒီပါတီ ၂ ခုမှာ ပါဝင်သူများက နှစ်ရှည်လများ နိုင်ငံရေးလုပ်လာလို့ ၀င်ငွေမရှိ အကြွေးတွေပဲ ပိနေတယ်၊ ငါးထောင်တန် မပြောနဲ့ ငါးကျပ်တန်တောင် မကြဲနိုင်ပါဘူး တဲ့။

ငါးလုံးအကြောင်း ပြန်ဆက်ရရင် -

ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းဟာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီး ဌာန တို့ကို အပိုင်စား ရတော်မူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့ သားတော်မောင် ဖြစ်ပါတယ်။

ဦးတင့်ဆန်းက ပြီးခဲ့တဲ့လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောင်းမြမြို့ စည်းရုံးရေး ခရီးမှာ ဟောပြောမယ့် ဘောလုံးကွင်းတွေကို ငှားရမ်းတော့ ဟင့်အင်း လို့ ပြောခဲ့သူပါ။

14 comments:

  1. ရုပ်ကိုက စားမဲ့ဝါးမဲ့ ရုပ်ုကီး... ထောင်မြင်လို့ ရာစွန့်တာပါ။ ခု ငါးထောင်ကြဲ၊ အာဏာများရလာလို့ကတော့ အဆတစ်ရာလောက်ပြန်ယူမဲ့ ရုပ်။

    ReplyDelete
  2. ရုပ်ကိုက ပြည်သူတွေကို အကျိုးပြုမဲ့ပုံ မပေါ်ပါဘူး

    ReplyDelete
  3. Accountant-GeneralMarch 23, 2012 at 9:01 PM

    We will never vote for you even you give me Kyat 1000000000000000000000000000000000000000000000000000000000000000000000000.
    Thank you.

    ReplyDelete
  4. အတင့်တို့ လုပ်လိုက်မှ အဆန်းတွေပါလား

    ReplyDelete
  5. အောက်တန်းစားစည်းရုံးမှု့တွေနဲ့ အဆင့်မရှိတဲ့လုပ်ရပ်တွေကို ပြည်သူတွေနားလည် သဘောပေါက်ဖို့လိုပါတယ် မတရားရထားတဲ့ရပိုင်ခွင့်လုပ်ပိုင်ခွင့်တွေနဲ့ ငွေကြေးချမ်းသားသူတွေကိုထောက်ခံရင် ရှေ့ဆက်မတရားတာတွေခံကြရပါလိမ့်မယ်

    ReplyDelete
  6. I want to know if all Ministers did not become Minister, then how they will be Rich? If they are like normal public, how they will own as current properties and owns? Who give or their previous generation had been rich? If they finish in Minister post, can they do business with contract to government's business ( example= U Aung Thaung planed the Thar Paung factory, now he is not the Minister, but he got very big plan for country, Now can he take contract that factory with his own money? No need tender, direct give him contract by President's authority.) The rest of all big big bosses also must take back contract which they planed during their Minister or one of the heads place.) Because they are very love and good mind for country, if really?

    ReplyDelete
  7. Minister, but he got very big plan for country, Now can he take contract that factory with his own money? No need tender, direct give him contract by President's authority.) The rest of all big big bosses also must take back contract which they planed during their Minister or one of the heads place.) Because they are very love and good mind for country, if really?

    ReplyDelete
  8. လက်ရှိအစိုးရက ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောထားပေမဲ့ အခုလိုဝင်စွက်တာကို ဘယ်သူမှဘာမှမလုပ်နိုင်ကြဘူးလာ့း့ အဲဒါဆိုရင်တော့ လွှတ်တော်ထဲရောက်သွားလည်းဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးကွာ။
    သမ္မတကြီးကပြောတယ် ဉီးတင့်ဆန်းကို့ မင်းနေရာမှာ မင်းသွေရင်းသားရင်းထဲက တစ်ယောက်ယောက် ရအောင်လုပ်ဖို့ အဲဒါနဲ့ဘဲ ဘယ်ကရမှန်းမသိတဲ့ ဒေါက်တာဘွဲ့ရ ဘာမှမတတ်တဲ့ကောင်ရောက်လာတာဘဲ့ ကြံ့ဖွံ့မှာပညာတတ်ပြီး ရင့်ကြက်တဲ့လူတွေအများကြီးရှိပါတယ် သမ္မတကြီးရယ့်ငါ့လူ ငါ့ဆွေမျိုး ငါ့ပါတီ ဆိုတဲ့ ငါဆွဲဝါဒမပြောက်သေးဘဲနဲ့ ပြည်သူ့အတွက် ပြည်သူ့အတွက်အော်မနေပါနဲ့ သမ္မတကြီးခင်ဗျာ့းကြားရတာအော့နှလုံးနာလွန်းလို့ ။

    တေလေကြမ်းပိုး

    ReplyDelete
  9. သူဘာသာ၅၀၀၀တန်ကျဲကျဲ ကောက်ရင်ကောက်မှာဘဲ..ခင်ဗျာတို့နဲ့ဘာဆိုင်တာမှတ်လို့ဘာလဲပိုက်ဆံချမ်းသာရင်နိုင်ငံရေးမလုပ်ရဘူးလား...NLD,NDFပါတီကဘာတွေဖြစ်နေတာလဲ...သူဘာသာဘာတွေကျဲကျဲမင်းတို့အလုပ်မဟုတ်ဘူး..ကိုယ့်အလုပ်ကို ကိုယ်လုပ်တာကောင်းပါတယ်..ရည်ရွယ်ချက်ချင်းတူရင်အလုပ် လုပ်လို့ရတယ်မလား...

    ReplyDelete
  10. လွှတ်တော်ထဲရောက်ချင်လို့ မဲဆွယ်တာတဲ့...။
    အိုင်ဒီယာကတော့ နတ်ကတော်တွေနဲ့ ပိန် မသာ၊လိမ် မသာ...
    လူရွှင်တော်ငြိမ်းချမ်းအထာနဲ့ပဲ ပြန်ပြောလိုက်ချင်တာက
    "သားရေ....အမေ မပူဘူးတော့...."

    ReplyDelete
  11. အောင်မငီး...
    ကောင်းလိုက်တဲ့ဥပဓိရုပ်...
    စိုင်းစိုင်းဆိုသလိုပဲပြောတော့မယ်...
    သေပြီဆရာ....
    ဒီရုပ်မျိုးတွေ့ဘူးတယ်...
    ကာရာအိုကေပွဲတော်ထဲမှာလေ....
    အဲ့ဒီတုန်းကသူသိပ်ကဲတာပဲလေ......
    ဟီးဟီးတားတားကနောက်တာနော်.....
    သူဝံကြီးဖြစ်ရင်အနော်တို့ကိုကြည့်ပေးအုန်းနော်နော်လို့
    စင်ကာပူသား
    ဖြိုးတိုတိုပြူးပြဲ

    ReplyDelete
  12. ဒီမိုမိုက်ကြီးMarch 24, 2012 at 4:07 PM

    ဒီငါးလုံးဆိုတဲ့ကောင်ရုပ်က
    အရက်သမားရုပ်လို့  ပြောရမှာလည်းး
    အရက်သမားသိက္ခာကျတယ်
    အကုသိုလ် အကြီးစားရုပ်
    ဒီရုပ်နဲ့ လွှတ်တော်ထဲမှာ အိပ်ငိုက်နေရင် တော်တော်ဟားရမှာ

    ReplyDelete
  13. တိုဖြိုးတိုတိုပြူးပြဲ.. တူကဘာ ၀ံကြီး လဲတွယ်...မီးမီးတို့ကြောက်တယ် ဟီးဟီး....တိုတိုပြူးပြဲ ... ၀ံ... ထိန်းကြီးဖြစ်လာရင် မီးမီးတို့ကိုမမေ့နဲ့နော်.....နော်လို့....မီးမီးဝိုင်းစိန်

    ReplyDelete