Pages

Wednesday, March 14, 2012

ရန်ကုန်စာနယ်ဇင်းသမားများ Voice ဂျာနယ်ကို ၀န်းရံ


သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲမယ် လို့ အစိုးရ သတင်းဌာနက ဒီကနေ့ သတင်းစာများမှာ ရေးထားပါတယ်။
ဒီလိုရေးသားတာဟာ ခြိမ်းခြောက်ရာရောက်တဲ့အတွက် ဂျာနယ်ကတောင် တရားစွဲသင့်တယ်လို့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြောလိုက်ပါတယ်။

အသေးစိတ်ကို Eleven Media Group ရဲ့ အင်တာနက်စာမျက်နှာမှာ ဖတ်နိုင်ပါတယ်။ http://www.weeklyeleven.com/index.php?option=com_content&view=article&id=12798:the-voice-&catid=42:2009-11-10-07-36-59&Itemid=112

“အခုကိစ္စမှာ တရားစွဲမယ်ဆိုရင်လည်း အပြစ်ကျခံရမှာ မဟုတ် ဘူး။ The Voice အပါအ၀င် ဂျာ နယ်တွေရေးခဲ့တာက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့ လွှတ်တော်ကို အစီရင်ခံခဲ့တယ်။ ဒီ အစီရင်ခံစာကို ဂျာနယ်တွေက သတင်းပြန်ရေးခဲ့တာဖြစ်တယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီးသတင်းရေးတာဖြစ် တဲ့အတွက် ဒီထက်ခိုင်မာစရာ ဘာမှ မရှိတော့ဘူး။ ဂျာနယ်တွေမှာ လုံးဝ အပြစ်မရှိဘူး။ စတုထ္ထမဏ္ဍိုင်ပီသအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။ အခု အစိုးရသတင်းစာမှာ ဖော်ပြထားမှု က ဂျာနယ်တွေကို ခြိမ်းခြောက်တဲ့ သဘော ခြိမ်းခြောက်မှုဖြစ်နေတယ်။ ဂျာနယ်တွေကတောင် ပြန်ပြီးတရားစွဲဖို့ ကောင်းတယ်။ အစိုးရအဖွဲ့ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီး သတင်းရေးသားတဲ့ သတင်းဂျာနယ်ကို တရားစွဲမယ်ဆို တာဟာ တရားစွဲမယ်ဆိုတဲ့သူတွေရဲ့ ဆင်ခြင်တုံတရား အင်မတန်နည်းပါးလို့ပဲလို့ ယူဆတယ်။ ဘယ် တရားရုံးမှ ဒီကိစ္စကို အရေးယူ ဆောင်ရွက်မယ်မထင်ဘူး” တဲ့။
ဖေဖော်ဝါရီလဆန်းပိုင်းမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ဓာတ်ပုံ - ဧရာဝတီ)

“သတင်းစာက ဖော်ပြချက်ဟာ စွပ်စွဲချက်ပဲ ရှိပါတယ်။ သက်သေပြချက် အထောက်အထားကို ဖော်ပြနိုင် ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက် ကိုသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ မညီပါဘူး။ သတင်းစာတိုက်ကလူတွေဟာ စာနယ်ဇင်းကျင့်ဝတ်ကို နားလည်တယ်၊ သိတယ်ဆိုရင် ဒီလိုသက်သေမရှိပဲ တစ်ဖက်သတ် စွပ်စွဲချက်ဖြစ်နေတဲ့ သတင်း မျိုးကို ထည့်ဖို့တောင် မလိုပါဘူး” လို့ လူထုစိန်ဝင်းက ဆက်ပြောပါတယ်။

Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ကလည်း The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်လို့ ပြောလိုက်ပါတယ်။

“၀န်ကြီးတစ်ဦးရဲ့လစာက ၅သိန်းပဲ ရတယ်။ အခု အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်အတွင်းမှာ သူနဲ့သူ့သားသမီးတွေပိုင်ဆိုင်မှုက သိန်း ၅၀၀၀၀လောက်ရှိသွားပြီ လို့ ခန့်မှန်းရတယ်။ အဲဒီတော့ ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။ ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”

Messenger ဂျာနယ်ကလည်း Facebook http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှာ အခုလို ရေးထားပါတယ်။
(၁) စတုတ္ထမဏ္ဍိုင်အား တစ်ဖက်သတ်ခြိမ်းခြောက်သည့်အသွင် ဆောင်နေခြင်း။
(၂) သတင်းအင်္ဂါရပ်နှင့် မညီညွှတ်သည့်အပြင် ပြည်တွင်းထုတ် သတင်းဂျာနယ်များအား ဂုဏ်သိက္ခာညှိုးနွမ်းစေလိုသည့် ရည်ရွယ်ချက် ပါရှိနေခြင်း။
(၃) နိုင်ငံတော်သမ္မတကြီး၏ စတုတ္ထမဏ္ဍိုင်အပေါ် အလေးအနက်ပြုမှုအပေါ် အသိအမှတ် မပြုရာရောက်ခြင်း။
တို့ကြောင့် The Messenger News Journal က "ပြင်းထန်စွာကန့်ကွက်" တယ် လို့ ရေးထားပါတယ်။

ဆက်စပ်ဖတ်ရှုရန် - Voice ကို တရားစွဲမယ် တဲ့ www.irrawaddyblog.com/2012/03/voice.html

12 comments:

  1. သူတို.စါးဝါးထားတာတွေပေါ်တော.ရှက်ရမ်းရမ်းတာပေါ. ဒီလိုချိမ်းခြောက်တာကတော.ရမလားလို.လေ မီဒီယာသမားတွေ အာလုံးညီညီညွတ်ညွတ်နဲ.၀ိုင်းဝန်းခုခံတော်လှန်ကြပါ ပြည်တွင်းကမီဒီယာတွေကြောင်.ပြည်ပကသူတွေသတင်းအတော်များများသိခဲ.ရပါတယ် ကျေးဇူတင်ပါတယ် နောက်လည်း နအဖ ရဲ.သတင်းများတင်ပေးပါ

    ReplyDelete
  2. နိုင်ငံ တော် အစိုး ရ ဆို တဲ့ လူ တွေ က..တ ခြား နိုင် ငံ တွေ မှာတော့ ပိုင် ဆိုင် မှူ ဒီ ကလဲ ရား လုပ် ရတယ် ကြား ဘူး တယ် ခု တတ် တဲ့ အစိုး ရ က တော့ ဘာ မှ ကြေ ညာ တာ မ တွေ့  မိ ဘူး....ဝန် ကြီး ဆို တဲ့ လူ တွေ င ပြူး က ပြဲ နေ ကြ တာ လို့  ထင် ပါ တယ်...

    ReplyDelete
  3. လစ်တာနဲ့  အာဏာရှင်ဆန်ပြလိုက်ချင် သပေါ့လေ..။

    ReplyDelete
  4. Now we are talking ... democracy and free media ... here we come ...keep up the good work!

    ReplyDelete
  5. တောသားMarch 15, 2012 at 9:15 AM

    သိပ်တော်တဲ့ အစိုးရ...
    http://www.demowaiyan.co.cc/2012/03/blog-post_15.html
    http://www.bdnews24.com/details.php?id=220286&cid=2

    ReplyDelete
  6. Whatever saying & arguing these corruption cases,All details well known people are still supporting and fully back up to True and Genuine evidence in their hand !!

    ReplyDelete
  7. It was good for democracy. Which side is go to correct way. We wait and see in future.

    ReplyDelete
  8. All other journal should copy this article from The Voice journal in print it on their journal to show support for freedom of speech.

    This is the act done by all american news paper and journals when washington post news paper were threatnened by US goverment because the newspaper revealed "Water Gate affair".

    ReplyDelete
  9. Hey guys ... why not let these embezzled bureaucrats go in exchange for the release of ALL remaining political prisoners and pledge made by govt for immunity of ANY political activities in future?

    ReplyDelete
  10. after too much eating, they are going to be real Evil..

    ReplyDelete
  11. အများပြည်သူအားလုံး voice ဂျာနယ်ဖက်က၀ိုင်းဝန်း
    ရပ်တည်ပေးကြပါ။

    ReplyDelete
  12. မဟုတ်ဘူးပြောရင် မဟုတ်တဲ့အကြောင်း ရှင်းပြလေ သတင်းစာရှင်းလင်းပွဲ လုပ်လိုက် စာရင်းတွေ ချပြလေ ဘာတရားစွဲမယ်လဲ ဒီမိုကရေစီဆိုတာ လွပ်လပ်စွာရေးသားပြောဆိုပိုင်ခွင့်ဆိုရင် မှန်တယ်မှားတယ် စွပ်စွဲတယ် အပုတ်ချတယ် ဘာညာဘာညာ တွေ ပြန်ပြောမနေဘဲ
    ရေးတာ မှားကြောင်း ဘယ်လို သက်သေပြမလဲ

    ReplyDelete