Pages

Saturday, April 14, 2012

ပြည်ခိုင်ဖြိုးပါတီ ဘာကြောင့် ရှုံးသလဲ၊ ဘာဆက်လုပ်မလဲ


ကြားဖြတ်ရွေးကောက်ပွဲဟာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်
ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ရှုံးတာကို သုံးသပ်ထားတာ ၀က်ဆိုက်တွေမှာမတွေ့ရသေးပါဘူး
ကြံ့ဖွံ့နဲ့ပက်သက်ပြီး ရေးထားတာလေးကို ဧရာဝတီမှာ ဖော်ပြချင်လိုပါ
အခြေအနေလေးအကြောင်းပြန်ပေးစေလိုပါတယ်
ဇာခြည်

ကြံ့ဖွံ့ပါတီဘာ့ကြောင့် ရှုံးရတာလဲ၊
ဆောင်းပါးရှင် - ကိုမြန်မာ

ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က(၄၅)နေရာမှာ (၄၃)နေရာ ရရှိသွားတဲ့အတွက် ( ၉၆ )ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရဲ့ရှက်ဖွယ်လိလိအရှုံးကို ပြန်လည်ဆန်းစစ်ကြည့် လိုက်ရင် ပါတီအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း၊ အပြောင်းအလဲလုပ်လိုသော ပြည်သူများကို မစည်းရုံးနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ပါတီအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း

နေ့စဉ်အင်တာနက် သတင်းတွေမှာပါရှိနေတဲ့ ကြံ့ဖွံ့ပါတီအကွဲအပြဲသတင်းတွေအရ ပါတီဝင်အချင်းချင်း စည်းရုံး မှုရှိအောင်မလုပ်နိုင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ အစိုးရအဖွဲ့အတွင်းနေရာမရတဲ့ ကြံ့ဖွံ့အမတ်တွေက နေရာရနေတဲ့ သူတွေကို မကျေမနပ်ဖြစ်ပြီး တိုက်ခိုက်နေမှုတွေဟာ ပြည်သူလူထုရဲ့ယုံကြည်မှုကို ကျဆင်းစေတဲ့ အဓိကအချက်ဖြစ် ပါတယ်။

မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း

ပြည်တွင်းမှာရှိတဲ့ ဂျာနယ်၊ မဂ္ဂဇင်း များနှင့် ပြည်ပအခြေစိုက် အင်တာနက်မီဒီယာများ အပါအ၀င် အနောက်နိုင်ငံ အသံလွှင့်ဌာနများမှ NLD ပါတီကို ပြည်သူလူထုမှ အုံးအုံးကြွက်ကြွက်ဖြစ် လာအောင် ၀ိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါတယ်။

မီဒီယာများအပြင် နိုင်ငံအနှံ့က မြို့ပေါ်ကျေးလက်ပါမကျန် အားလုံးသိကြတဲ့အနုပညာရှင်တွေက NLD ဖျော်ဖြေ ရေးအသွင်စည်းရုံးမဲဆွဲတာဟာလည်း ကြံ့ဖွံ့ပါတီကို အားလျော့စေခဲ့ပါတယ်။ ဒီနေရာမှာ နောက်ကွယ်က ဆရာကြီးတွေရဲ့ မီဒီယာလွှမ်းမိုးမှုအပေါ် NLD မှ ထိရောက်စွာအသုံးချနိုင်ချိန်မှာ ကြံ့ဖွံ့ပါတီအနေနဲ့ မီဒီယာတုံ့ပြန်နိုင်မှု လုံးဝမပြုလုပ်နိုင်ဘူး ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဂျာနယ်တွေဟာ ရောင်းအားတက်ခဲ့သလို ဖွင့်လိုက်သမျှ ရေဒီယိုအသံလှိုင်းများမှာလည်း သူတို့အသံ သူတို့အကြောင်းတွေ ကိုသာ အမြဲတမ်းကြားသိနေရပါတယ်။ ဒီလိုအခြေအနေ ဒီလိုအချိန်မျိုးမှာ ကြံ့ဖွံ့ ပါတီကတော့ ပါတီလှုပ်ရှားမှု သတင်းစဉ်လေးတောင် မထုတ်ဝေနိုင်ခဲ့ပါဘူး။

တစ်ခါတစ်လေ မီဒီယာစာမျက်နှာမှာတွေ့ရတဲ့ ကြံ့ဖွံ့ပါတီရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကလည်း ပါတီကလုပ်ပေး တာလား အစိုးရကလုပ်ပေးတာလားမကွဲပြားပဲ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်နိုင်တာ မရှိပါဘူး။

ကြံ့ဖွံ့ပါတီရဲ့ အမှားများစွာထဲက အဆိုးရွားဆုံးအမှားကတော့ ကြံ့ဖွံ့ပါတီကခန့်အပ်ထားတဲ့ အောက်ခြေ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကိုယ်ကျိုးစီးပွားရှာမှုနယ်မြေအလိုက် စည်းရုံးရေးတာဝန်ပေးထားတဲ့ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံများရဲ့ မောက်မာမှုပဲ ဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီကခန့်အပ်ထားတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများဟာ ရပ်ရွာကောင်းကျိုးထက် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ လုပ်နေခြင်းများကြောင့် ကြံ့ဖွံ့ပါတီအပေါ် ပြည်သူလူထုထောက်ခံမှု ကျဆင်းလျက်ရှိပါတယ်။ အထူးသဖြင့် ရပ်ကွက်၊ ကျေးရွာတွေမှာ စည်းရုံးရေးမှူး(ပြည်သူ့ဆက်ဆံရေးတာဝန်ခံ)အဖြစ် တာဝန်ပေးထားသူများဟာ ပြည်သူလူထုကို ရင့်သီးမောက်မာစွာ ဆက်ဆံမှု၊ နိုင်လိုမင်းထက်ပြုမှုများကြောင့် အောက်ခြေလူတန်းစားအလွှာမှာ ကြံ့ဖွံ့ပါတီကို မုန်းတီးနာကြဉ်းနေပြီး NLD နောက် လူထုပါသွားခြင်းဖြစ်ပါတယ်။ ဒီလိုပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကို အချိန်မှီပြုပြင်နိုင်ခြင်းမရှိသလို ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်များကလည်း ပြည်သူတွေကို ထိတွေ့စည်းရုံးမှု အားနည်းခဲ့ပါတယ်။

အပြောင်းအလဲတွေပေါ်မူတည်ပြီး NLD ပါတီ နေရာပေါင်းစုံကနေ တက်ညီလက်ညီ လှုပ်ရှားစည်းရုံးနေချိန်မှာ ကြံ့ဖွံ့ပါတီက အပြောင်းအလဲလုပ်လိုတဲ့ ပြည်သူလူထုကို မစည်းရုံးနိုင်ခဲ့လို့ ထောက်ခံမှုကျဆင်းခဲ့ရတယ်ဆိုတာတော့ ရှင်းရှင်းလေးပါ။ မဲရလဒ်တွေအရ အပြောင်းအလဲဖြစ်ရင်ပြီးရောဆိုပြီး မျက်စိမှိတ် မဲပေးခဲ့ကြတာကိုကြည့်ရင် ပြည်သူ လူထုကအပြောင်းအလဲကို လိုလားနေတယ်ဆိုတာ တတိယအရေးကြီးဆုံးအချက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘယ်သူမှာတာဝန်ရှိသလဲ

မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်စိတ်နေသဘောထားအရ သူရဲကောင်းကို လေးစားတဲ့စိတ်က အလိုလိုရှိပြီးသားပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက သိရှိထားကြသလို မီဒီယာတွေနဲ့ နိုင်ငံတကာ ပုံရိပ်တွေကြောင့် NLD ပါတီရဲ့ Icon ဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေပါတယ်။ NLD ရဲ့ Icon က ဒေါ်အောင်ဆန်း စုကြည်ဖြစ်သလို ကြံခိုင်ရေးပါတီရဲ့ Icon က ဘယ်သူလဲလို့ မေးလာလိုက်ရင် ဘယ်သူဘယ်ဝါမှန်း ကွဲကွဲပြားပြား မသိရ ပါဘူး။ ပါတီကို ဦးဆောင်ပေးနေတဲ့ Icon ဆိုတာ ဦးရွှေမန်းလား၊ ဦးဌေးဦးလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပဲ သို့လော သို့လော ဖြစ်နေပါတယ်။ ဒုဥက္ကဌတာဝန်ယူထားတဲ့ ဦးရွှေမန်းကရော ဘာလုပ်နေလဲ? ပါတီအောင်နိုင်ရေး အတွက် ဦးရွှေမန်း ဘယ်လိုနည်းဗျူဟာတွေ ချမှတ်ခဲ့ပါသလဲ? ပါတီစည်းရုံးရေးအတွက် ဘာတွေလုပ်ခဲ့ပါသလဲ? ပါတီတွင်းစည်းလုံး ညီညွှတ်မှုမရှိတာကို မသိခဲ့တာလား၊ မသိချင်တာလား?ဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဦးရွှေမန်းကိုယ်တိုင် ပြောဆိုလုပ်ကိုင်နေတာတွေဟာ ကြံ့ဖွံ့ပါတီတွင်း စည်းလုံးညီညွှတ်မှု မရှိဘူးဆိုတာကို ပြည်သူ လူထုကို ပြောပြနေသလိုဖြစ်နေပါတယ်။

NLD ပါတီရဲ့ Icon ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ခွပ်ဒေါင်း ဖြစ်သလို ဦးရွှေမန်းသာအမှန်တကယ် သတ္တိရှိ တယ်ဆိုရင် ကြံ့ဖွံ့ပါတီရဲ့ Icon ဟာလည်း ဦးရွှေမန်းနဲ့ခြင်္သေ့ ဖြစ်သင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ရွေးကောက်ပွဲရှုံးခဲ့ ရင်တော့ ပါတီတာဝန်ရှိသူက ပါတီကနေနှုတ်ထွက်ပေးရတယ်ဆိုတာ လေ့လာသိရှိရပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှက်ဖွယ်ကောင်းလောက်အောင်ရှုံးရခြင်းအတွက် ဆောင်းပါးရှင် ကောင်းကင်မင်းသား မေးသလို အဘမန်း ဘာလုပ်မှာလဲ အဘမန်းဘယ်လဲ လို့ မေးလိုက်ချင်ပါတယ်။

ဒါကြောင့်၂၀၁၅ ရွေးကောက်ပွဲအကြို ပါတီရဲ့ ပုံရိပ်(Image)ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြံ့ဖွံ့ပါတီအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများကို ဘယ်လိုချမှတ်မလဲဆိုတာ စောင့်ကြည့်ကြရပါတော့မယ်။

15 comments:

  1. ဖယောင်းများများဝယ်စုထားလိုက်ပေါ့

    ReplyDelete
  2. I dont think burmese people just want CHANGE... They dont like that party bcz they believe that party cant improve their lives. So simply vote to the party who can do better..

    ReplyDelete
  3. အလုပ်မရှိ အလုပ်ရှာ ရေးထားတယ်လို့ပဲ ထင်ပါတယ် ။ ကြံ့ဖွတ် ဘာကြောင့်ရှုံးလဲဆိုတော့ ထိထိရောက်ရောက် မညစ်ခဲ့လို့ ။ ဘာကြောင့် မညစ်လဲဆိုတော့ ညစ်ရင် ရလာမယ့် ကောင်းကျိုးတဲ့ လျှော်ပေးလိုက်ရင် ရလာမယ့်ကောင်းကျိုးက ပိုများမယ်လို့ တွက်ထားလို့ ဒါပါပဲ ။ ဒါနဲ့ ရွေးကောက်ပွဲ ရှုံးလို့ နိုင်ငံတကာမှာ ပါတီကပါထွက်ပေးရတယ် ဆိုတာ မကြားဘူးလို့ ဘယ်နိုင်ငံမှာလဲဆိုတာ ဗဟုသုတရအောင် ပြောပြပေးစေချင်ပါတယ် ။

    ReplyDelete
  4. အဓိက အချက်က ပါတီနံမည်ကို ပြောင်းဖို့က ပထမလို့ အကြံပေးချင်ပါတယ်။ ပြည်သူလူထုက ကြံဖွတ်လို့ ခေါ်ကြပြောကြတာကိုပဲ ကြည့်တော့........

    ReplyDelete
  5. အပေါ်က comment ပေးသူကိုလေးစားပါတယ်
    ထိချက်ကတော့ပြင်းတယ်.....
    ပုံ
    ကျော်ဟိန်း

    ReplyDelete
  6. ဘာမှမလုပ်တာမဟုတ်လောက်ပါ ဒီပွဲအတွက်ဘာမှမလုပ်တာဖြစ်မှာပါ

    ReplyDelete
  7. Clone ' sexy SOE MIN ' from Kawt Hmu.

    Duplicate him x 1000 copies * 1000 persons of Soe Min *

    so that the whole country will get ' at least ' chaut Thee Chauk chet family medicine service - like warms colic, Flu, scabies..etc. *
    and he will take care of the whole country for centuries.

    He will keep on doing ' free medical service ' with his car and nurses every morning.

    He will have uncountable numerous daughters, step daughters, half daughters, fostered daughters, daughters-in-law ' . Moronic Idiot!

    ReplyDelete
  8. ဘာမှအရှည်ကြီးစဉ်းစာမနေပါနဲကွာ။မင်းတို့ပါတီထဲကသူခိုး
    ကြီးသူခိုးလေးတွေ။ပြည်သူ့ငွေတွေနဲ့ကျိကျိတက်ချမ်းသာ
    နေတဲ့ဘောင်းဘီးချွတ်တွေ။အဲဒါတွေကိုမင်းတို့ရှင်းနိုင်လာရင်
    ပြည်ကမင်းတို့ကိုကြိုက်လာမှာပါ။

    ReplyDelete
  9. ပါတီIconကတော့ ငါးထောင်တန် ငွေစက္ကူပဲဖြစ်ပါတယ်။ ပါတီနိုင်ရင် များများဆက်လက် လာဘ်စားနိုင်ပြီး ရှူံးရင်တော့ လာဘ်ပိတ်တာပေါ့။

    ReplyDelete
  10. ကြံ့ဖွတ်ပါတီရှုံးရခြင်းက တခြားအကြောင်းတွေမပါပါဘူး။
    ပြည်သူတွေကလုံးဝအယုံအကြည်ကင်းမဲ့ခဲ့တာနှစ်ပေါင်းမနဲတော့ပါဘူးဆိုသက်သေပြလိုက်တာပါ။ပါတီဘယ်လောက်သန့်ရှင်းရေးလုပ်လုပ်။ဘယ်တော့မှမနီုင်နိုင်တော့ပါဘူး။ပါတီတစ်ခုလုံးအထက်ကနေအောက်ခြေအထိ၊သမ္မတကြီးဦးသိန်းစိန်လိုစိတ်ဓါတ်အတွေးအေခ်ါဖြောင့်မတ်မှန်ကန်လာပါမှ၊ပြည်သူလူထုတွေရဲ့ယုံကြည်မှုပြန်လည်ရရှိလာတော့မှာ
    ပါ။ဒါပေမဲ့ပါတီတစ်ခုလုံးကခေါင်းဆာင်ပိုင်းတွေကလက်တွေ့မှာဒီလိုသန့်ရှင်းတဲ့စိတ်နေစိတ်ထားကင်းမဲ့နေကြတာကြောင့်၊(ဥပမာ-ကျော်ဆန်းလိုစိတ်ဓါတ်မျိုး)လူထုရဲ့ယုံကြည်အားပေးထောက်ခံမှုလုံးဝဆိတ်သုံးခဲ့ရတာပါ။မီဒီယာနဲ့ဘာမှမဆိုင်ပါဘူး။မီဒီယာဘယ်လောက်ကောင်းနေပါစေ။လက်တွေ့မှာပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှုအလျင်းလုံးဝကင်းခံရတာကြောင့်ဘယ်သောအခါမဆို၊လူတိုင်းရင်ထဲမှာ၊အကြောက်တရားမရှိဘဲ၊လွတ်လပ်စွာမဲထည့်ခွင့်သာရခဲ့ရင်၊ခွေးကိုသာအမြှီးဖြတ်ပြီးအုပ်ချုပ်
    ခိုင်းရင်တောင်၊အစိမ်းရောင်မဟုတ်ရင်မဲဝိုင်းထည့်ကြမှာဘဲဆိုတဲ့အတွေးကမွေးကတဲကလူတိုင်းရင်မှာကပ်ငြိနေပါပြီ။ဒါကြောင့် မဆလ၊ကြံ့ဖွတ် ဆိုတာ မတရားအသင်း၊မတရားပါတီလို့လူတိုင်းမြင်နေခံစားနေရသရွေ့တော့ဘယ်တော့မှလူတွေရဲ့နှလုံးသားသစ္စာအမှန်တရားကိုအောင်နိုင်မှာမဟုတ်တော့ပါဘူး။ဒီသဘောတရားကိုပါတီထိပ်သီးပိုင်းကအာလုံးသိနေပါတယ်။ဒါပေမဲ့ - မနိုင်ရင်လက်နက်အားကိုးရှိနေတော့၊လုံးဝမှုမှာလဲမ
    ဟုတ်သလို၊ဂရုလဲမစိုက်ဘဲနေမယ်ဆိုတာမြေကြီးလက်
    ခတ်မလွဲပါဘူး။ပြင်ချင်ရင်ပါတီထိပ်ဆုံးက အိုနာကြိုးပဲ့တွေကိုအားလုံးအနားပေးပြီးစိတ်ဓါတ်အ
    သစ်၊လူငယ်အသစ်၊အတွေးအခေါ်အသစ်တွေနဲ့ခေတ်တစ်ခေတ်ကျော်အောင်သီးခံပြုပြင်လိုက်နိုင်ပါမှ စစ်မှန်တဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ်ပြန်ဝင်လို့ရကောင်းရလာမှာပါ။
    ကျောထောက်နောက်ခံကအမည်ခံတွေကြောင့်ပါတီဟာ
    ဘယ်လောက်လူမှုရေးလုပ်လုပ်၊ ရရင်တော့ယူထားလိုက်မယ်၊မထောက်ခံဘူးဆိုသေချာ
    လူတိုင်းရင်ထဲကဆုံးဖြတ်ချက်ပါ။မတရားနိုင်ထက်ငြင်းဆဲနှိပ်ဆက်ကလူပြုခဲ့တာများလွန်းတာကြောင့်သမိုင်းတွင်တဲ့အထိရွံရှာမုန်းတီးနေကြပြီဆိုတာ လူတိုင်းသိနေပါတယ်။ဒါကြောင့် ကြံ့ဖွတ်ပါတီ တရားမျှတတဲ့ရွေးကောက်ပွဲတိုင်းရှုံးနိမ့်လိမ့်မယ်ဆို
    တာမြေကြီးလက်ခတ်မလွဲပါဘူး။

    ReplyDelete
  11. ဘာကြောင့်ရှုံးလဲဆိုပြီး ခေါင်းစဉ်ခွဲတွေတပ် ကြီးကြီးကျယ်ကျယ် တောင်ရေးမြောက်ရေးလုပ်မနေပါနဲ့ကွာ ပြည်သူတွေမကြိုက်လို့ ရှုံးတယ်ပေါ့ ရှင်းရှင်းလေး ဒီထက်တိတိကျကျပြောရရင် အော့နှလုံးနာရွံလို့ပေါ့ကွာ
    သခိုးကျင့်သူခိုးကြံ ကြံခဲ့လို့ ဒီနေရာရောက်နေတာ
    မင်းတို့ကိုဘယ်သူတွေက လေးစားအထင်ကြီးမလဲ
    မစို့မပို့ထောက်ခံနေတဲ့ကောင်တွေကလည်း
    အရိုးအယွင်းလေး ကိုက်နေရလို့ဖြစ်မှာပေါ့

    ReplyDelete
  12. ပြည်သူတစ်ယောက်အနေနဲ့ အကြံပေးချင်တာက ကြံ့ ဖွတ် အနေနဲ့ ပြည်သူ့ အပေါ်ကို အောက်ကျို့ ပြီး အသေအကြေ ပြည်သူ့ ကောင်းကျိုးအတွက်လုပ်ရင်တောင် နောင် အနှစ်နှစ်ဆယ်လောက်မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ကို အနည်းငယ်ယှဉ်နိုင်မှာပါ။ အခုပုံစံကတော့ ကျိန်ပြောရဲ ပါတယ်.. အမှန်တကယ်သာ သန့် ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင်တော့ NLD သာ အနိုင်ရရှိမည် ဖြစ်ကြောင်းပါ။ ကြံ့ ဖွတ်နဲ့ မဆလ တစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ သမိုင်းမှာ သွေးစွန်းခဲ့ပါပြီ။ ဘယ်တော့မှ ပြည်သူလူထုရဲ့ ထောက်ခံမှု့ ကို ရမှာမဟုတ်တော့ပါ။ သမိုင်းသေခဲ့ပါပြီ။ တခြားဘာ့ကြောင့်ညာ့ကြောင့်မှ မဟုတ်ပါ။ အမှန်ကို မြင်နိုင်ပါစေ....

    ReplyDelete
  13. Donot waste your time. The best way is to delete Kyant Phut Party and return all properties to government. Nobody trust them.

    ReplyDelete
  14. Hi
    I read this post 2 times. It is very useful.
    Pls try to keep posting.

    ReplyDelete