Pages

Monday, April 16, 2012

ကယ်ရိုလိုင်းနားရောက် မြန်မာ နှစ်သစ်ကူးပွဲ

ကိုမိုးကောင်း ရေးသားသည်)
မြောက်ကယ်ရိုလိုင်းနား နှစ်သစ်ကူးသင်္ကြန်ပွဲ နှင့် နှစ်ကူး ကန်တော့ပွဲ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နယူးဘန်းမြို့ တွင် မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့သည်။

Farmers Market 412 south front street တွင် ဧပြီလ ၁၅ တနင်္ဂနွေနေ့၌ နံနက် (၁၀း ၀၀)နာရီမှ ညနေ (၃း ၀၀) နာရီ အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အသက်(၆၀)နှစ်အထက် (၁၆)ဦးအား လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ကြသည်။

ထိုင်းမြန်မာနယ်စပ် သင်္ကြန်ကာလ ထုံးစံများအတိုင်း ပေါင်ဒါမှုန့်ရေဖျော်ပြီး အချင်းချင်း မျက်နှာတွင် သုတ်လိမ်းကြသည်။ ဘိုးဘွားတို့ကိုမူ ပုံတွင် တွေ့ရသည့်အတိုင်း အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းကြသည်။

ကရင် , ကယား , မွန် , ရခိုင် , ရှမ်း , ဗမာ ၁၀၀ ကျော်ခန့် တက်ရောက် ပါဝင် ဆင်နွှဲကြသည်။

ဒေသခံ အမေရိကန်တချို့လည်း တက်ရောက်ကြသည်။

နယူးဘန်း လူငယ်များက ဧည့်ပရိတ်သတ်များအား သင်္ကြန်ထမင်း , မုန့်ဟင်းခါး , ရွှေရင်အေး , ကျောက်ကျော နှင့်ဖျော်ရည် များဖြင့် ဧည့်ခံကြသည်။

အက, သီချင်း နှင့် အငြိမ့် များဖြင့်လည်း ဖော်ဖြေ ခဲ့ကြသည်။

2 comments:

  1. ကြည်နှုးစရာ ကောင်းတဲ့မြန်မာသင်္ကြန်ပွဲ လေးပါ အဲ့ဒီနေ့ကပျော်စရာအရမ်းကောင်းတာပဲ မြန်မာရိုးရာဓလေ့တစ်ခုပေါ့

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်.........

    ReplyDelete