Pages

Sunday, April 15, 2012

ဘယ်လို သတင်းထောက်လဲ?????


အိမ့်သံစဉ် ရေးသားသည်)

ဖေ့စ်ဘုတ်က တွေ့လိုက်ရတဲ့ အကြောင်းအရာလေး တခုဆိုပေမယ့် အလွန်စဉ်းစားစရာဖြစ်ခဲ့လို့ ချရေးမိလိုက်ပါတယ်။

လင်းဘိုဘိုဆိုတဲ့ သူရဲ့ ဖေ့ဘွတ်မှာ ဖော်ပြထားတာကတော့
“အမေရိကန်သံရုံးက ဆီနိတ်တာ ဂျင်မ်ဝက်ဘ်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး သံရုံးရှေ့မှာ စောင့်နေတဲ့ SB တွေကို ရီကော့ဒါ( အသံဖမ်းစက်) သွားပေးတဲ့ သတင်းထောက် တွေ့ရတယ်။ ဘယ်သူရယ် ဘယ်ဝါရယ် လက်ညှိုးထိုးပြော ချင်ပေမယ့် မပြောတော့ဘူး။
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က SB တွေ ခြံထဲကို ဝင်တဲ့သတင်းထောက်တွေကို ရီကော့ဒါယူသွားဖို့၊ ဓါတ်ပုံပြန်ပေးဖို့ တောင်းတယ်။
ရိုးပုံရိုးလက် အေးပုံအေးလက်ရှိတဲ့ သူတွေကို ချဉ်းကပ်တာများပေမယ့် တချို့သတင်းထောက်တွေ စိတ်ပါ လက်ပါကြီး ကူညီပေးနေတာတွေ့တော့ စိတ်ပျက်မိတယ်” တဲ့။

ကဲ ကောင်းကြသေးရဲ့လား စတ္တုတ္ထ မဏ္ဍိုင်ရဲ့ အားကူပေးသူတွေလုပ်ရပ်။

လောကမှာ မိမိရဲ့ သမိုင်းကို သစ္စာဖောက်သူလောက် နိမ့်ကျယုတ်ညံ့တာ ရှိမယ် မထင်ပါ။

ဒီထက်ပိုဆိုပြီး လူမသိလိုက်တာတွေ ဘာတွေများ ရှိနေမလဲ စဉ်းစားခန်း ၀င်နေမိတယ်။

1 comment:

  1. အဲဒါများဘာဖြစ်လဲဗျာ... SB (Special Branch) အထူးသတင်းတပ်ဖွဲ့  (မြန်မာနိုင်ငံ) ဆိုကတည်းက ဒါတွေသူတို့ ဆီမှာ မှတ်တမ်း မရှိလို့ ဘယ်ဖြစ်မလဲဗျာ.. ပြည်တွင်းပြည်ပ သတင်းဖြစ်စေ.. အစိုးရသတင်း..အတိုက်အခံ.. မီဒီယာ သတင်းမှန်သမျှ မှတ်တမ်းတင်ထားရမှာ သူတို့ အဖွဲ့ ရဲ့အလုပ်ဘဲလေ.. ဒါလေး ကူညီပေးတဲ့ သတင်းထောက်ကိုလည်း သစ္စာဖေါက်ဆိုပြီး အပြစ်ဆိုချင်တာလား..
    SB (Special Branch) ဆိုတာ နိုင်ငံတိုင်းမှာရှိတယ်.. ကိုယ့်နိုင်ငံက SB (Special Branch) ကိုလည်း နိုင်ငံတကာ အရည်အသွေးပြည့်မှီဖို့ .. တိုင်းပြည်အတွက် ပြည်သူလူထု အကျိုးစီးပွားအတွက် မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ဖို့  လူတိုင်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အားပေးကူညီ လမ်းပြ စည်းရုံးသင့်တယ်.. ခုအချိန်မှာ ကျဉ်းမြောင်းသေးသိမ်တဲ့ အမြင်မျိုး မထားသင့်တော့ပါဘူး..

    ReplyDelete