Pages

Thursday, May 3, 2012

ဘယ်လိုစဉ်းစားလိုက်တာလဲ ကြည့်လုပ်ကြပါအုံး

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ထမ်းတစ်ဦးပေးပို့လာတဲ့စာဖြစ်ပါတယ်။


ဖော်ပြပါအကြောင်းအရာမှာ လတ်တလောဖြစ်ပေါ်နေသော အကြောင်းအရာဖြစ်ပါသဖြင့် အမြန်ဆုံးဖော်ပြပေးပါရန် မေတ္တာရပ်ခံပါတယ်

ဘယ်လိုစဉ်းစားလိုက်တာလဲ ကြည့်လုပ်ကြပါအုံး


စီမံ/စီးပွားအုပ်ချုပ်မှု့အောက်ရှိ နိုင်ငံခြားစီးပွားမှာ မြန်မာနှစ်ဦးအကြိုကာလတွင် တစ်ရုံးလုံးရှိဝန်ထမ်းများအားလုံး ရာထူးများတိုးကြလို့ ၀မ်းသာအားရ ဖြစ်မယ်ကြံရုံရှိသေး၊ ဒုညွှန်မှုးတွေကို ယခင်က တယောက်ကားတစ်စီးစီ (တစ်လ-ဆီဂါလံ ၄၀) ပေးနေရာမှ ဒုညွှန်မှုးနှစ်ယောက်ကားတစ်စီး (တယောက်ဆီဂါလံ ၃၀) ဖြစ်သွားသည်။ ဆီဂါလံလျော့သွားတာကို ဘာမှမပြောလိုသော်လည်း တစ်ယောက်နဲ့တစ်ယောက် ရုံးသွား/ပြန်ချိန် မတူလို့ ညှိရတာလည်း ဒုက္ခပါပဲ။

စီမံစီးပွားအုပ်ချုပ်မှုအောက်ရှိ အရာထမ်းအများစုရှိသော တခြားဌာနတွေမှာတောင် ဒုညွှန်မှုးတွေ တစ်ယောက်တစ်စီး စီးနေချိန်မှာ ဒီဌာနမှ တာဝန်ရှိသူတွေ ဘယ်လိုစဉ်းစားကြပါသလဲ။ ကားမရသေးတဲ့ ဒုညွှန်မှုးများရှိသေးတယ။် ကားမလောက်ဖူးပြောရအောင်လဲ DG က ကား ၃စီး၊ DDG က ကား ၂စီး နဲ့ ဆီကိုတာ အပြည့်ယူထားတာက………??? အရာထမ်း၊ အမှုထမ်းတွေ စိတ်ချမ်းသာစွာ အလုပ် လုပ်နိုင်အောင် စဉ်းစားပေးထားတာလား။

DG မှ ဘတ်ဂျက်ပိုငွေ သိန်း ၃၀၀ ကို make-up voucher လုပ်ခိုင်းပြီး ဘယ်မှာ သုံးစွဲမှာလဲ၊ DG နဲ့ DDG မှ အလိုမကျရင် ဆူပူကြိမ်းမောင်းတာတွေလည်း နားနဲ့မဆန့်အောင် နေ့စဉ်နဲ့အမျှ ကြားနေ ရပါတယ်။ ဒါလား တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတာ။

တိုင်းပြည် ရဲ့အထက်ပိုင်းမှ ထင်သာမြင်သာ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေကို နားမဆန့်အောင် ကြားနေရသော်လည်း တကယ်တမ်း ၀န်ထမ်းလောက မှာတော့ ခြစားပျက်ရွင်းမှုတွေ ကြိုးနီစနစ်တွေဟာ ပိုတောင်ဆိုးလာနေပါတယ်။

5 comments:

  1. တခုတော့ပြောချင်တယ် ခင်ဗျားတို့ အစိုးရ၀န်ထမ်းတွေကို ကားတွေ အိမ်တွေပေးတယ်ဆိုတာ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ လမ်းစဉ်မှာ အခွင့်ထူးခံပေးထားတာ။ ဘာကြောင်လဲဆိုတော့ကာ အဲဒီလမ်းစဉ်မှာ ပြည်သူပိုင်ဆိုပြီး ရောချထားတယ်။ မလုပ်လဲ မပြုတ်ဖူး။ မဟုတ်လဲ မပြုတ်ဖူး။ ဒီခေတ်မှာ ဒီလို ရေပေါ်ဆီ အခွင့်ထူးခံဆိုတာ မရနိုင်တော့ဖူး။ ဘာလဲ ဆိုတာ ၀န်ထမ်းဆိုတာ လူထု ကိုယ်စားလှယ်မဟုတ်လို့ ပဲ။ ကိုယ့်အတတ်ပညနဲ့ စီးပွါးရှာတဲ့ သာမန် အလုပ်သမားဖြစ်လို့ ပဲ ဒါကြောင့် ပြည်သူ့ ငွေကိုအလဟသ ခင်ဗျားတို ဇိမ်ခံဖို့ မသုံးနိုင်ဖူး။ ဒီလုပ်ရပ်မှန်တယ်။ ဒါကျုပ်တို့ အခွန်ထမ်းတွေဖက်မှန်တယ်။ တခုတော့ရှိတယ် ခင်ဗျားတို့ လုပ်ရပ်ပေါ်မူတည်ပြီးတော့ ထိုက်သင့်တဲ့ လစာရသင့်တယ်။ အဲ လဘ်ပေးလဒ်ယူ ငါ့ အမျိုး ကောင်းစားရေးဆိုတဲ့  ၀န်ထမ်းလုပ်ရပ်တွေ ရပ်ရင်ပေါ့ မဟုတ်ရင် လစာတိုးပြီး လဒ်စားနေဦးရင် အလကားပဲ။

    ReplyDelete
  2. ဟုတ်ပ ဟုတ်ပ... ဒီလိုခံစားမှုတွ မပေးသင့်တော့ပါဘူး။ ရုံးတက်တော့ မနက် ၁၁နာရီ၊ ပြီးရင် ထမင်းစား၊ ပြီးရင် လဖက်ရည်သောက်၊ နေ့လည် ၂နာရီ ဆိုပြန်ချင်ပြီ။(မြို့နယ်အခွန်ရုံးတွေဆို ၀န်ထမ်း အယောက် ၂၀ လောက်မှာ ၄ ယောက်လောက်ပဲ အလုပ်လုပ်တယ် ရာထူးတိုးတာကလည်း အကုန်လုံး အုတ်ရောကျောက်ရောတိုးပေးတယ် ဆိုမှတော့ ကိုယ်ရာထူးတိုးတာတောင် ကိုယ့်ကိုယ်ကို ယုံကြည်ကြရဲ့လား။ ဒါနဲ့များ မရတော့မှ ပတ်ရမ်းချင်တယ်.. ရတဲ့နေရာများကြ ဘာသံမှကို မထွက်ဘူး...းဝ

    ReplyDelete
  3. အဝေမတည့်လို. လူကြီးကို
    တတ်ကလိုင်းတဲ့ပို(စ်)တစ်ခုပဲ
    င်္FERD က DG သဘောကောင်းတယ်ဆိုတာ
    သူလက်အောက်က ၀န်ထမ်းတော်တော်များများသိပါတယ်။
    မဟုတ်တာတွေမပြောစမ်းပါနဲ.။Black Media အကွက်တွေ လူကြီးတစ်ယောက်ဆိုတာဆိုက်ကား
    သမားမဟုတ်ဖူး။သူနဲ.ထိုက်တန်တဲ့အခွင့်အရေးဆိုတာရှိတယ်။မိန်းမတစ်ယောက်တန်မဲ့ဒီနေရာကိုရလာတာအလကားမဟုတ်ဖူး။ဝဋ်လည်မှာမကြောက်ဖူးလား

    ReplyDelete
  4. FR 11 ဆိုတာလည်းနားမလည်... သူတို့အထင်ကြီးတဲ့ အဖေတွေ ရေးထားခဲ့တဲ့ ၀န်ထမ်းဆိုင်ရာ ဥပဒေ ဆိုတာကိုကော ဖတ်ဖူးလား....ဒါတွေက ကွန်မြူနစ်တို့၊ မဆလတို့ကျင့်ထုံးမဟုတ်ဘူး၊ မင်းတို့ ရောင်ဝါးသိတဲ့ ဒီမိုကရေစီနိုင်ငံတွေ မှာ သူ့လုပ်ပိုင်ခွင့် သူ့ရပိုင်ခွင့်ဆိုတာ ပိုတောင် များသေးတယ်...စာများများဖတ်လိုက်ပါဦးကွာ သူများကို Comment ပေးချင်ရင်...

    ReplyDelete
  5. အတွင်းမီးကို အပြင်ထုတ်၊ အတွင်းထရံကို အပြင်ထောင်တော့ သူများတွေ ကလော်တုပ်တာ ကိုကြည့်ပီး ပွကြီးတို့ .... ရှက်တက်ရင် ..... ရှက်သေသင့်ပါ၏။ အသုံးမကျတဲ့စိတ်ဓာတ်၊ လက်ဝဲ အတွေးအမြင် နဲ့ မြေအောက်ဆန်ဆန်လုပ်ရပ်ဟာ ... ဒီမိုကရေစီကျင့်စဉ်မဟုတ်... မိမိဆန္ဒနဲ့ဘ၀မှန်ကိုဖော်ထုတ်တင်ပြရဲခြင်း သာ ... မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ တိုးတက်မယ့်လမ်းဖြစ်တယ်.... အမှန်တရားကို သိရှိနားလည်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ကြပါစေ....

    ReplyDelete