♫ ♪♫ အို ၀ို့ ၀ို ၀ိုး ..... ငယ်ရွယ်စဉ်မှာ အချစ်က အိမ်မက်လို ဟို ဟိုး ... ♫ ♪♫
အမေရိကန် နဲ့ ဗြိတိန်တို့က ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး ငွေရှာနေချိန်မှာ မြောက်ကိုရီးယားက စားသောက်ဆိုင်ဖွင့်ပြီး ငွေရှာပါတယ်။
ရန်ကုန်က ဒီဆိုင်မှာ မြောက်ကိုရီးယားဝန်ထမ်းတွေရဲ့ စင်တင်ဖျော်ဖြေမှုရှိပါတယ်။ သူတို့တွေရဲ့ မြန်မာလို သီဆိုမှုက နှစ်သက်စရာပါပဲ။
အလွမ်းသီချင်းတွေကို နောက်ခံအဆိုတွေနဲ့ အတိုင်အဖောက်ညီညီ မြူးမြူးကြွကြွ သီဆိုကြတာတွေကို ဗီဒီယိုဖိုင်မှာ တွေ့ရ ကြားရမှာပါ။
တင်ဆက်မှုတွေထဲမှာ -
ဉာဏ်လင်းအောင် ရဲ့ သူငယ်ချင်း
ဝိုင်ဝိုင်းရဲ့ မေ့မှာပါ
ဝိုင်ဝိုင်းရဲ့ ဝဋ်ကြွေး
ချမ်းချမ်းရဲ့ မေ့တော့မမေ့သေးဘူး
ဝိုင်ဝိုင်းရဲ့ "ဖြေသိမ့်လိုက်"
စတဲ့ စတဲ့ သီချင်းတွေ ပါဝင်ပါတယ်။
အာရှဒေသတွင်း ထင်ရှားပြီးသား တရုတ်သီချင်းများကို မြန်မာမှုပြုထားတာ ဖြစ်လို့ သူတို့အတွက် ဒီသီချင်းတွေက စိမ်းဟန် မတူပါဘူး။
သီချင်း အလိုက်ရပြီးသား ဆိုတော့ မြန်မာအသံထွက်နဲ့ လေ့ကျင့်ရတဲ့အခါ အထောက်အကူ ဖြစ်မှာပါ။
စားသောက်ဆိုင်လာတဲ့ ဧည့်သည်များလည်း စင်ပေါ်တက် ပန်းစည်းပေးတာ တွေ့ရပါတယ်။
ဆက်စပ် ဖတ်ရှုရန်
မြောက်ကိုရီးယား စားသောက်ဆိုင် ရန်ကုန်တွင် ဖွင့်ပြီ
www.bur.irrawaddy.org/index.php/news/7218-2011-09-03-08-01-25
အာရှမှ မြောက်ကိုရီးယား စားသောက်ဆိုင်များ
http://www.irrawaddyblog.com/2011/07/blog-post_13.html

သူတို့ ဟာ သာမန်ညောင်ညတော့ မဟုတ်ပါ။အဆင့်မြင့်လေ့ကျင့်သင်တန်းပေးထားတဲ့ သူသျှိုတွေ သတင်းပေးတွေလို့ ယူဆထားရင်
ReplyDeleteမမှားနိုင်ပါ။
အကောင်းမြင်ဝါဒလေးတော.ထားပေးကြပါ။
ReplyDeleteအကောင်းမြင်သင့်လို့လား??
Deleteသိပ်ဖြစ်နိုင်တာပေါ့ဗျာ။မြောက်ကိုးရီးယားဆိုမိန်းကလေး
ReplyDeleteတောင်ကြောက်ဖို.ကောင်းတယ်။ရုပ်ရှင်တွေထဲကဟာတွေ
ကအလကားမဟုတ်ဖူး။အရှေ.တောင်အာရှနိုင်ငံတွေထဲမှာ
မြောက်ကိုရီးယားစားသောက်ဆိုင်ဖွင့်ထားတာဆိုလို.ကျုပ်တို.နိုင်ငံတစ်နိုင်ငံထဲရှိမယ်နဲ.တူတယ်။
မြောက်ကိုးရီးယားဆိုတာ ပိတ်ထားတဲ့ တိုင်းပြည် သူ့ တိုင်းပြည်က ဒီတိုင်း နိုင်ငံခြားထွက် ဖို့ တောင်မလွယ်တာ ခုလို စားသောက်ဆိုင်ဖွင့် တဲ့ ရင်းနှီးမြှုပ်နှံ မှုဆိုတာ မြောက်အစိုးရ ခွင့်ပြုချက်ရဖို့ ဆိုတာ သာမန်ပြည်သူတွေ ဖို့ ဝေးရော မြောက်ကိုးရီးယား အစိုးရရဲ့ အာရှတခွင် စပိုင်ကွန်ယက်ရဲ့ အခြေစိုက်ရုံးတွေ ပဲ ဖြစ်ရမယ်။
ReplyDeleteWhat ever they did but they are better than mm embassy.
ReplyDeleteကျောချမှ ဓါးမြမှန်သိရင်တော့ ငါတိုတွေ ညံလို့သာမှတ်လိုက်ကြတော့ ဟေ့
ReplyDeleteကျွန်တော် ထင်တာကတော့ မြန်မာ မှာရှိနေတဲ့ တောင်ကိုရီးယားတွေ ကို စောင့်ကြည့်ဖို့နဲ့ နောင်တချိန်မှာ တောင်ကိုရီးယား ခေါင်းဆောင်တွေလာရင် လုပ်ကြံ ဖို့လို့ ယူဆပါတယ်
ReplyDeleteအင်မတန်သတိထားရမှာပါ... သူတို့တွေရဲ့ လှုပ်ရှားပုံတွေကို ကြည့်ရင် လေ့ကျင့်ထားတဲ့ သူတွေဆိုတာ သိသာပါတယ်.. မျက်နှာအမူအယာတွေ အရမ်းသိသာပါတယ်... သာမန်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး...
ReplyDeleteသူတို့ လူမျိုးရဲ့ စိတ်ဓါတ်ကိုတော့ လေးစားအတုယူသင့်တယ် ၊ မြန်မာစကားကို သုံးလအတွင်း ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် ကြိုးစားသင်ယူနိုင်တာ စကားလောက်တင်မဟုတ်ဘူး ၊ မြန်မာသီချင်းပါဆိုနိုင်သွားပြီ၊ အလုပ်နဲ့ ပတ်သက်ရင် သူတို့ ရဲ့ သည်းခံကြိုးစား အားထုတ်မှုကို ကျုပ်တို့ လူမျိုးတွေ ကောင်းကောင်းအတုယူသင့်တယ် ၊ ကျန်တာတွေတော့ ကြီးကြီးကျယ်ကျယ် ဝေဖန်မနေကြပါနဲ့ ၊ ကျုပ်တို့ နိုင်ငံကို ထောက်လှမ်းလို့ ရော သူတို့ အတွက် ကြီးမားတဲ့ အကျိုးအမြတ် ဘာရမှာ မို့ လို့ လဲ ၊ ပြီးတော့ ဒီလိုမျိုးဆိုင် အခြားနိုင်ငံတွေမှာ လဲ ရှိပါတယ် ။ ကိုယ်ချင်းစာတရား ဆိုသည်မှာ မိမိစိတ်နှင့်ကိုယ်ချင်းစာရမည်ကို ဆိုလိုခြင်းမဟုတ် ၊ သူတစ်ပါးဧ။် နှလုံးသားအတွင်းသို့ ဝင်ပြီး နှလုံးသားနှင့် ကိုယ်ချင်းစာရန်ကို ဆိုလိုခြင်းဖြစ်သည်တဲ့ ။ သူ တို့ တွေနဲ့  စကားပြောကြည့်ရင် သူတို့ ရင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ နားလည်နိုင်လိမ့်မယ်။
ReplyDeleteMore Burmese North Korean clips on the mspiral YouTube channel: http://www.youtube.com/mspiralmedia
ReplyDeletehligthuya ရေ ဦးတစ်ခုလောက်ဝင်ပြောပါရစေ..
ReplyDeleteမြန်မာတို့မြောက်ကိုးရီးယားတို့ဟာသူတစ်ပါးပယောကဂ
ကြောင့်တိုင်းပြည်ချွတ်ချုံကျပြီး ဆင်းရဲနေတာမဟုတ်ပါ
ဘူးကွယ်..သူတို့နိုင်ငံဟာအာရှမှာဆိုရင် နည်းပညာရင်းမြစ်
တစ်ချို့ကိုပိုင်ဆိုင်ပါတယ်..
ခေတ်စနစ်ကောင်းလို့နိုင်ငံတကာနဲ့ဆက်ဆံနိုင်ရင်
အဲဒါတွေကိုအသုံးချပြီး အာရှထိပ်တန်းနိုင်ငံအဖြစ် တင့်
ကောင်းတင့်တယ်ရပ်တည်နိုင်ပါတယ်..
အခုတော့သူတို့ကထမင်းငတ်နေကြတယ်..
ဒါဟာသူတို့အပြစ်နဲ့သူတို့ပါ..
သူတို့အပြစ်ဆိုတာထက် ခေါင်းဆောင်တွေအပြစ်ဆိုရင်
ပိုမှန်ပါမယ်..
သူတို့ကို ကိုယ်ချင်းစာနေရုံနဲ့ဒီပြသနာမပြီးပါဘူး
မြန်မာလည်းအဲလိုပဲ..ခေါင်းဆောင်ပိုင်းက တစ်တိုင်း
ပြည်လုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးစီးပွါးရေး လူမှုရေး
ဘာသာရေးမူဝါဒတွေကို မှန်ကန်အောင်ချမှတ်နိုင်မှ တိုင်းပြည်တိုးတက်မှာ
မြောက်ကိုးရိးယားမလေးတွေကြိုးစားတာကိုလက်ခံပါ
တယ်..ဒါပေမယ့် မြန်မာစကားသင်ယူဖို့ကြိုးစားပြီး
အဆိုတော်လုပ်နေမယ့်အစား သူတို့တိုင်းပြည်ကို
ဒီမိုကရေစီထွန်းကားအောင်အားလုံးတက်ညီလက်ညီ
လုပ်ကြရင် သူတို့ဟာ ၁၀နှစ်အတွင်းမှာ အရှထိပ်တန်း
နိုင်ငံဖြစ်လာမှာမလွဲပါဘူး..
ဦးအမြင်တွေပါ..နှစ်ပေါင်း၅၀လောက်ဖြတ်သန်းလာတဲ့
မဆလခေတ်ကနေ ဒီနေ့ထိ မြန်မာတွေရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြတာပါ..
အမြင်ပြောရရင်တော့ ထမင်းငတ်ပြီးပိုက်ဆံရှားတဲ့ရုပ်လို့မမြင်မိတာတော့အမှန်ပဲ
ReplyDeleteသူလျှိုပဲဖြစ်ဖြစ် အဆိုတော်ပဲဖြစ်ဖြစ် ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင်ထိန်းနိုင်ရမယ် . . .
မြန်မာနိုင်ငံကိုရင်းနှီးမြုပ်နှံဖို့လာတဲ့နိုင်ငံတိုင်းက အကျိုးအမြတ်ဆိုတဲ့တစ်ခုကို ရည်မှန်းပြီးလာတာပဲလေ...ငါတောင်မှကြည့်မိရင်း သူတို့ဖွင့်တဲ့ဆိုင်သွားချင်မိတာ ... ပတ်ဝန်းကျင်၊ ဒေသ၊ ဌာနအမျိုးမျိုးကလူတွေတော့ ရောက်ဖြစ်ကြလောက်ပြီထင်တယ်. . . ငါတို့လည်း နိုင်ငံအပေါ်သစွာ ရှိတဲ့စိတ်အရင်းခံနဲ့ နေရမှာပေါ့လေ...မဟုတ်ရင်တော့ . . အချစ်မှာမျက်စိမရှိ