Pages

Friday, May 4, 2012

ဂုဏ်ပြုထိုက်သူ


ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အဘွားအိုနှင့် မြေးငယ် ရထားလမ်းလယ်တွင် ရပ်နေစဥ့်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

အသက်၈၃နှစ်ရွယ်အဘွားအိုနှင့် လူမမယ်မြေးငယ်အား ရထားကြိတ်ခံရမည့်ဘေးမှ မိမိအသက်ကို မငဲ့ဘဲ ကွက်ဘဲ ရထားပေါ်မှဆင်းတွန်းဖယ်ကယ်တင်ခဲ့သော စက်ခေါင်းမောင်းသူ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ကိုဌေးဦး ကို ထိုက်ထိုက်တန်တန် အစိုးရရော ပြည်သူပါ ဂုဏ်ပြုသင့်ပါတယ်လို facebook စာမျက်နှာမှာ တွေ့ရပါတယ်။
အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက် ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့ပါတယ်။

အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော် လည်း မြေးအဖွားနှစ်ဦးသည် ရုတ်တရက် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။

အဆိုပါ ရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏ အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရဖြစ်ခဲ့ပါတယ်။

အရှိန်မရပ်သောရထားဟာ မြေးအဖွားနှစ်ဦးဆီသို့ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှ ခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့ကြောင်း facebook စာမျက်နှာများတွင် ရေးသားဖော်ပြထားပါသည်။

facebook က comment လေးတစ်ချို့ကိုလဲဖော်ပြပေးလိုက်ပါတယ်။

Kyang Wang အင်း ဘယ်လူများ ချီးကျူးမလဲကြည့်ကြသေးတာပေါ့။ တားကတော့ လူမျိုးမခွဲခြားသလို ဘာသာမခွဲခြားဘူး လူသားတစ်ယောက်ပီသတဲ့လူကို ချီးကျူးပါတယ်။

ge Naing လေးစားပါတယ်။ ကားထဲမှာ ရေနစ်နေတဲ့သူကို ၀င်ကယ်ခဲ့ဖူးတဲ့ စိုင်းအောင်လှိုင်မြင့်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ဟင်နရီဒူးနန့်ဆုကို ချီးမြှင့်ခဲ့တယ်လို့ ကျွန်မတို့ငယ်ငယ်က ကြက်ခြေနီစာစောင်တွေမှာ ဖတ်ရလို့ ကြားဖူးပါတယ်။ အခုလည်း ကိုဌေးနိုင်ကို နိုင်ငံခြားကမဟုတ်ရင်တောင်မှ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့အစိုးရနဲ့ တခြားလူမှုဝန်ထမ်းအဖွဲ့တွေကနေ ဦးဆောင်ပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြု သင့်ပါတယ်။

et Htet Htun လူလူချင်း ကူညီတာကိုကျေးဇူးတင်ပါတယ်
မွတ်စလင်ဖြစ်နေတာကို ဂုဏ်ယူပြီးပြောနေရင်တော့ sorry ပါ

ချီးကျူးပါတယ်ဗျာ၊ ကြားရတာနဲ့တင် ဂုဏ်ယ၀မ်းမြောက်မိပါတယ်။

Thiha Tun ဘာသာကအဓိကမဟုတ်ဘူး..လူလူချင်းထားတဲ့စိတ်ဓါတ်ပဲ။

10 comments:

  1. ဂုဏ်ပြုလိုက်ကြပါစို့

    ReplyDelete
  2. ကမ္ဘာကထင်ပေါ်လျှင်စင်တော်ကောက်ပေမဲ့
    ဗမာပြည်ကထင်ပေါ်လျှင် စင်ပေါ်ကကန်ချသည်

    ReplyDelete
  3. လူပီသတဲ့စိတ် စွန့်လွှတ်အနစ်နာခံဝံ့တဲ့သတ္တိ
    အာဇာနည်ဆန်တယ် အစ္စလာမ်ဘာသာနဲ့မဆိုင်ဘူး
    အသိတရားနဲ့ဆိုင်တယ် ဂုဏ်ပြုဖို့ထောက်ခံတယ်။

    ReplyDelete
  4. why need to mention like this;
    မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ကိုဌေးဦး
    It's funny.

    ReplyDelete
  5. အဲဒီလိုမျိုး ပေါ့ပေါ့ဆဆ မပြောသင့်ဘူး၊ လူလိုနာလည်းမပေါ့။ တကယ်ကူညီတဲ့သူက စိတ်ကောင်းနှလုံးကောင်းနဲ့ ကူညီတာပါဗျာ။ အဲဒီကွန်မင့်တွေကို သူဖတ်ဖြစ်မယ်တောင်မထင်ဘူး။ ဘာဖြစ်လို့ စိတ်ဓါတ်တွေအောက်တန်းကျနေကြတာလဲ။

    ReplyDelete
  6. ဒီစာတွေကို အင်တာနက်သုံးတယ့်သူတွေသာဖတ်ကြတာ စိတ်ထားတွေမြင့်မြက်စေချင်တယ်

    ReplyDelete
  7. အော် ကိုယ်ကျိုးစွန့် ကာ
    လုပ်ဆောင်နိုင်သော စိတ်
    အား ချီးကျူးပါ၏။

    ReplyDelete
  8. အခုနောက်ပိုင်းလူတွေတော့ မှတ်မိတော့မယ်မထင်ဘူး။ ကြားရောကြားဘူးခဲ့ကြသလား။ အရင်ကလူတွေကောမှတ်မိရင်မှတ်မိကြလိမ့်မယ်။ ၁၉၇၀ ကျော်ကျော်လောက်က ကချင်ပြည်နယ်မှာ စိုင်းအောင်လှိုင်ဝင်းဆိုသူအကြောင်းလေ။ အခုကယ်တင်ရှင်နဲ့  ကိုစိုင်းအောင်လှိုင်ဝင်းနဲ့  ကယ်တင်ပုံကတော့ ထပ်တူပါ.
    BML

    ReplyDelete
  9. Htay Win - Myo NyeinMay 6, 2012 at 4:24 PM

    Sai Aung Hlaing Myint

    he died later with brain tumor.

    ReplyDelete