Pages

Friday, May 4, 2012

သစ်ပင်ခုတ်ပြီး ဦးဝိစာရလမ်းကို တိုးချဲ့ခြင်း


(May Mie Oo ရဲ့ Facebook မှာ တင်ထားတဲ့ ဦးဝိစာရလမ်းမှာသစ်ပင်တချို့ ခုတ်ပြီး လမ်းတိုးချဲ့ထားတဲ့ ဓာတ်ပုံ၊ မှတ်ချက် နဲ့ တုံ့ပြန်ချက်များ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အလှပဆုံးလမ်းတွေထဲမှာ ထိပ်တန်းက ပါပါတယ်။ သစ်ပင်တွေ ဘယ်လောက် ခုတ်လိုက်သလဲ မသိရသေးပါ)

ဦးဝိစာရ လမ်းပေါ်ရှိ ရေတမာပင်များကို လမ်းချဲ့ရန် အတွက် စတင်ခုတ်နေပြီ။
ဒီပုံကို ရိုက် ရင်း မျက်ရည်ကျရပါတယ်။ ရန်ကုန်မြို့ရဲ့ အထင်ကရ ဦးဝိစာရလမ်း ဟာ ဒီရေတမာပင်လေးတွေကြောင့် ပို တင့်တယ်တာပါ။
ဦးနှောက် ရော နှလုံးသား ပါ မဲ့နေကြတဲ့ လုပ်ရက်တွေ ရပ်တန်းက ရပ်ကြပါတော့။

တုံ့ပြန်ချက်များ

ဦးဝိစာရ လမ်းက ဘေးမှာ ကားတစ်စီးစာကောင်းကောင်းချဲ့လို့ရနေပါတယ်။ ပလက်ဖေါင်းကို အကြီးကြီးလုပ်ထားပြီး လမ်းလျှောက်မယ့်သူလဲမရှိပါဘူး။ လမ်းချဲ့ခြင်ရင် ဘေးကို ချဲ့သင့်ပါတယ်
အင်း ပြန်စိုက်ရင် နှစ် ၄၀ မကကြာအုံးမှာ

ဟို line နဲ့  မလွတ်လို့ ခုတ်တာနဲ့ ဒီလမ်းကကျဉ်းလို့ ချဲ့တာနဲ့  အပင်တန်ဖိုးကို ထည့် ကိုးမတွက်တာ

သူများနိုင်ငံ တွေ နဲ့အရမ်းကွါတယ် ။ ဘာမှ လဲ အားလုံး နားမလည်ဘူးလား ။ ရာသီဥတု တွေဖောက်ပြန်နေတါလဲ ဘာ့ကြောင့်ဆိုတါ မသိတါလား ၊။ ဆိုးချက် ။

ရက်စက်ပါပေ့။စင်ကာပူလာကြည့်တယ်ဆို စင်ကာပူမှာက အလယ်မှာသစ်ပင်တွေ ပိုပိုစိုက်လာတယ်။ခုတ်မယ်ဆိုတာကြီးပဲ။အမျှော်အမြင်နည်းလိုက်ကြတာ။

ဘေးနားက တပ်မတော်ပန်းခြံက ချဲ့ပိုင်ခွင့် မရှိဘူးလား.....ဒီပန်းခြံကို ဘယ်သူ့ကို ရောင်းဘို့ ကြိုးစားဦးမှာလဲ ??? ဒီအပင်တွေကြောင့် ဦးဝိစာရလမ်းဟာ တင့်တယ်နေတာ.... နောက်တစ်ခုက ကားတွေ U-turn လှည့်ဘို့ ဒီအပင်တွေစိုက်ထားတဲ့ လမ်းလယ်ကျွန်းကို လုပ်ထားတာ.....

တခြားနည်းလမ်းတစ်ခုခုရှာသင့်ပါတယ်ဗျာ မခုတ်ပဲ အမြစ်ပါတူးရွေ့သင့်တယ် အပင်တစ်ပင်ဖြစ်ဖို့ မလွယ်ဘူး

စည်ပင်မှာ ဒေါက်တာကျော်လတ်လို မြို့ပြပညာရှင်တွေကို အကြံပေးခန့်ထားလျက်နဲ့ လတ်တလော ယာဉ်ကြောကြပ်တဲ့ ပြဿနာပြေလည်ရင်ပြိးရော ဆိုပြီး၊ ငါတစ်ကော....ကော နေကြရင်ဖြင့် ရေရှည်မှာ ရန်ကုန်မြို့ဟာ ကွန်ကရိ အမှိုက်ပုံတစ်ခုဖြစ်လာမှာဘဲ....

စိတ်လေတယ်။အရင်ကဆို စိန်ပန်းပင်၊ပုန်းညက် ၊ဘောလုံးပန်းပင် တွေ လမ်းဘေးဝဲယာလေးတွေမှာ ခုတ် လိုက်ကြတာ အခု ဒီနေရာလေးတွေမှာ ပဲသစ်ပင်ရှိတော့တာ ။ပြန်စိုက်တာက စက္ကူပန်းပင်အချို့ပဲ။အခုတော့ ဟင်းလင်းပြင်ကြီး ၊တန်ဖိုးနားမလည်ကြဘူး။
တိုင်းပြည်ကို အခွံလည်းမလှ၊ အဆံလည်းမကျန် အောင် လုပ်နေကြတယ်။

နှမျောစရာ သိပ်ကောင်းတယ်။ ဦးဝီစာရလမ်းရဲ့ သင်္ကေတဟာ ဦးဝိစာရ ကျောက်တိုင်နဲ့ လမ်းတလျှောက် သစ်ပင်တန်း ဖြစ်တယ်။ အခြားလမ်းတွေထက်စာရင် ဒီလမ်းပေါ်ရောက်တဲ့အခါ စိတ်ကြည်နူးမှုကို အမြဲ ခံစားရတယ်။ မြို့ပြရဲ့ ထူးခြားတဲ့ အင်္ဂါရပ်တခု ဖြစ်တယ်။

လမ်းမချဲ့တာကိုက ကားတွေကို စည်းကမ်းတကျ တနာရီ မိုင် ၃ဝ အောက်မှာ မောင်းနှင်စေဖို့ ဖြစ်တယ်။ တကယ်လို့ လမ်းချဲ့ရင်တောင် လမ်းဘေး ပလက်ဖောင်းတွေဘက်မှာ ချဲ့သင့်တယ်။ ရန်ကုန်မြို့ရဲ့ ဂုဏ်အင်္ဂါရပ်တခု ဆုံးရှုံးသွားတာ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုပါပဲ။ တိုင်းပြည် အုပ်ချုပ်သူတွေ အမြော်အမြင် ထားစေချင်ပါတယ်။

မျက်ရည်မကျပါနဲ့ဗျာ....ဦးဝိစာရ လမ်း တလျှောက်လုံး ခုတ်တာ မဟုတ်ပါဘူး..... မီးပွိုင့် ဧရိယာလေးနားတင်....အကွေ့ကြော အပါအ၀င်....ယာဉ်ကြော ၃ ခုစီလို့ ရအောင် လမ်းချဲ့တာပါ.... ရန်ကုန် မှာလည်း အရင်ကထက် ကားတွေများလာ တော့.... မီးပွိုင့်မှာ အရင်လိုမကျပ်အောင်နေပါလိမ့်မယ်.... ဓါတ်ပုံ ရိုက်ပြီး တင်တဲ့ သူ ကိုယ်တိုင်လည်း လမ်းတလျှောက်လုံး လိုက်ကြည့်ရင် သိပါလိမ့်မယ်.... အဲ့လမ်းပေါ် ဖြတ်သွားနေကျ....လူတွေတော့ သိကြပါတယ်....
ဓါတ်ပုံ ရဲ့ အပေါ်ဘက်နား လေးကို ကြည့် ကြည့် လိုက်ပါ..... ရေတမာပင်တွေ ရှိနေပါသေးတယ်..... ပုံမှာပါတဲ့ ၀ိဇယ မီးပွိုင့် နားလေးတင် ခုတ်ပြီး လမ်းချဲ့ နေတာပါ..... မသိတဲ့ လူတွေ ဖတ်ပြီး စိတ်မကောင်းဖြစ်နေမှာ စိုးလို့ ရှင်းပြရခြင်း ဖြစ်ပါတယ်.... :)

ကျနော်လည်းသတိထားမိပါတယ်...ဒါပေမယ့် ဒီအပင်တွေဟာ ဦးဝိစာရလမ်းရဲ့ ၀ိသေသဖြစ်တယ်.... ဒီအပင်တွေကို မခုတ်ဘဲ ဂုံးကျော်တံတားလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါသေးတယ်.... ဒီအပင်ခုတ်မှ လမ်းချဲ့လို့ရတာမဟုတ်ဘူး.... ခုံးကျော်တံတားလုပ်လို့ရတာမဟုတ်ဘူး.....

သူများတွေဆီမှာ ဒီလို ၀ိသေသထူးရှိတဲ့ boulvard ကြီးတွေကို ချဲ့ထွင်တော့မယ်ကြံရင် အဖက်ဖက်က စဉ်းစားပြီး ပုံစံထုတ်ကြတာပါ....ဒီလို အတုံးလိုက်အတစ်လိုက် ဘယ်သူမှ မလုပ်ကြပါဘူး.... ဒီချဲ့မယ့် လမ်းပုံစံကို ဘယ်သူတွေက ပုံစံထုတ်တာလဲ.... ဒါမေးစရာပါ...နောက်တစ်ခုက မည်သူက မည်သူများ၏ အကြံဥာဏ်ကို ယူပြီး ဤပုံစံကို ခွင့်ပြုမိန့်ထုတ်ပေးပါသနည်း..... ကျွန်တော်တို့ရဲ့ မြို့တော် ရန်ကုန်ဟာ လွန်ခဲ့သော ကိုလိုနီခေတ်က ပါတ်ဝန်းကျင်တိုင်းပြည်တွေက မော့ကြည့်ရတဲ့မြို့...အားကျရတဲ့မြို့.....ဒီမြို့ကို ပြုပြင်ပြောင်းလဲရာမှာ ပညာရှင်တွေကို မတိုင်ပင်ဘဲ ဒီပရောဂျက်မြန်မြန်ပြီးရင် ငါတို့အိတ်ထဲ ပိုက်ဆံဘယ်လောက်ဝင်မလဲဆိုတာဘဲ စဉ်းစားနေကြရင်ဖြင့် ရန်ကုန်ဟာ လူတစ်ကာ ကဲ့ရဲ့စရာ မြို့ ဖြစ်သထက်ဖြစ်လာမှာဘဲ... ဤပရောဂျက်တွင် ပါဝင်ပါတ်သက် အကျိုးကျေးဇူးဖြစ်ထွန်းကြမည့် ပုဂ္ဂိုလ်များ စဉ်းစားကြဖို့ပါ.....

လှည်းတန်းဖက် တစ်နေ့က ရောက်တော့ ဒီလောက်လမ်းကျယ်ကို မဖြစ်စလောက်ရေမြောင်းတူးထားတယ်.... ခင်ဗျားတို့ စောင့်ကြည့်ပါ.... အဲဒီလမ်းတန်းလမ်းဆုံဟာ နောင်(၁၀)နှစ်မကြာဘူး... ရေကြီး၊ရေ၀ပ်တဲ့ ဒဏ်ကို ခံစားရမယ်......

လုပ်ချလိုက်ပြန်ပြီ..မြို့ တော်ဝန်ကြီးကလြါးကှပန်မှာသံအမတ်လုပ်ခဲ့လို့ အမြင်လေးတော့ခောတ်ဆန်မယ် ထင်တာ...မြန်မာပြည်ကသစ်ပင်တွေကတော့ကပ်အမျိုးမျိုးကိုသင့်နေတော့တာဘဲ..
မီဒီယာဆရာတွေ၊ဂျာနယ်တွေပေါ်တင်ပေးကြပါ။ဝိုင်းကြပါအုံး။

6 comments:

  1. ဒီဟာကတော့ မီးပွိုင့်အ၀င်လမ်း ကြပ်တာကို ချဲ့တာဖြစ်မယ်ထင်ပါတယ်။
    ကွေ့လမ်းအတွက်ကားဝင်စရာမရှိ၊ ကွေ့လမ်းအ၀င်ကားများရင်လဲ တည့်လမ်းကားတွေကြပ်၊
    အဲဒီအခြေအနေကိုဖြေရှင်းတာဖြစ်မယ်ထင်ပါတယ်။
    ကားမောင်းသူတွေ အားလုံး ခံစားနေရတဲ့ အခက်အခဲပါဘဲ။

    ReplyDelete
  2. နေမင်းMay 4, 2012 at 5:20 PM

    ဒါကမြို့တစ်မြို့ရဲ့ ရေရှည် မြို့ပြစီမံကိန်းနဲ့ ဆိုင်တာပါ။ မြို့တစ်မြို့စီးပွားရေးတိုးတက်ဖို့ အတွက် လမ်းဆိုတာ အဓိက ပင်မကျောရိုးလေ။ များပြားလာတဲ့ ယာဉ်နဲ့သယ်ယူပို့ဆောင်ရေးလိုအပ်ချက်အတွက် လုပ်သင့်ပါတယ်။ ပြီးတော တခြားနိုင်ငံရဲ့ မြို့တော်တွေနဲ့ယှဉ်လိုက်ရင် ရန်ကုန်မြို့ က အဆပေါင်းများစွာ စိမ်းစိုပါသေးတယ်။ သစ်ပင်နည်းနည်းခုတ်မှာကိုကြောက်လို့ ဖွဲ့ဖြိုးတိုးတက်မယ့် လမ်းစတွေကို စတေးလိုက်မယ်ဆိုရင် ဘယ်အဓိပါယ်ရှိမလဲ။ ပြီးတော့ လမ်းဘေးသစ်ပင်ဆိုတာပြန်စိုက်လို့ရတယ်လေ။ သဘာဝကို မပျက်စေချင်ရင် ခိုးခုတ်နေကြတဲ့သူတွေကို ပြောရမှာ။

    ReplyDelete
  3. Hope our great Dr Kyaw Latt should say something on that eyesore.

    ReplyDelete
  4. အော် လူတွေ ကောင်းအောင် လုပ်ပေးနေတာကို အရိုးများတယ် ချေးခါးတယ် လုပ်နေတယ် အရင်လမ်းဟောင်းတွေတုန်းက ရော ကားကျပ်တာတွေကြုံတွေ့ခဲ့ရတာကို အခု ဘယ်လောက်ကောင်းလဲ ကျေးဇူးတင်သင့်ပါတယ်။

    ReplyDelete
  5. မြန်မာပြည်ကိုကားပျံတွေလာတော့မယ်
    လမ်းတွေချဲ့မနေပါနဲ့တော့

    ReplyDelete