Pages

Wednesday, May 9, 2012

ဝန်ကြီးချုပ် မာမိုဟမ်ဆင်းထံ ပေးသောစာများ

များမကြာခင် ရက်တွေထဲမှာ မြန်မာပြည်ချစ်ကြည်ရေးခရီးသွားမယ့် အိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်းဆီကို လိပ်မူပြီး အိန္ဒိယက မြန်မာ့အရေးလှုပ်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေ ပေးတဲ့စာတွေပါ။

စာတွေထဲမှာ မြန်မာပြည်သွားရင် အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒအတိုင်း စီးပွားရေးကိစ္စတွေချည်းမဟုတ်ပဲ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ စစ်မှန်တဲ့အပြောင်းအလဲတွေဖြစ်ဖို့၊ တိုင်းရင်းသားအရေး၊ ရိုဟင်ဂျာအရေးတွေကို ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီ အစိုးရတရပ်အနေနဲ့ တိုက်တွန်းစည်းရုံးပြောဆိုပေးဖို့တွေ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းကို တိုက်တွန်းထားပါတယ်။




အိန္ဒိယ လူမှုအဖွဲ့အစည်းတွေကတော့ တိုင်းရင်းသားဒေသတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်၊ ဖိနှိပ်နေတာတွေ ရပ်ဖို့၊ ရိုဟင်ဂျာတွေအရေးကို မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနည်းကျ ဖြေရှင်းဖို့၊ ရခိုင်ပြည်နယ်တွင်းမှာ ဒီလူမျိုးစုတွေကို ဖိနှိပ်နေတာတွေကို ရပ်စေပြီး သူတို့နေရပ်ရင်းမှာ လုံခြုံစွာနေနိုင်ရေး ပြောဆိုဆွေးနွေးဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာ ပူးပေါင်းလုပ်မယ့် ထမံသီရေကာတာစီမံကိန်း၊ ကုလားတန်စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာမယ့် လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို ထည့်သွင်းစဉ်းစားဖို့တွေလည်း ပါဝင်ပါတယ်။




မြန်မာ့အရေးအတွက် အိန္ဒိယပါလီမန်အမတ်များအဖွဲ့ကတော့ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စည်းရုံးပြောဆိုပါလို့ ဆိုပါတယ်။



အိန္ဒိယရောက် မြန်မာအဖွဲ့အစည်းတွေကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလမှာ စစ်မှန်တဲ့ ပြောင်းလဲမှုကို ဦးတည်ဖို့ အိန္ဒိယအစိုးရအနေနဲ့ ပံ့ပိုးကူညီဖို့၊ မြန်မာနိုင်ငံတိုးတက်ရေးအတွက် ကူညီဖို့တွေ တိုက်တွန်းထားပါတယ်။

ဝန်ကြီးချုပ် မာမိုဟမ်ဆင်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်ရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ မြန်မာပြည် ချစ်ကြည်ရေးခရီးနောက်ပိုင်းမှာ အိန္ဒိယ၀န်ကြီးချုပ်တွေရဲ့ မြန်မာပြည်ခရီးစဉ် မရှိခဲ့ပါဘူး။

8 comments:

  1. မြန်မာတိုင်းရင်းသားပြည်တွင်းရေးကို ပြည်ပကလူတစ်
    ယောက်က ၀င်ပြောလို့ရသတဲ့လား..
    မြန်မာတိုင်းရင်းသားမှာရိုဟင်ဂျာမရှိဘူး..

    ReplyDelete
  2. မဆီမဆိုင် ရိုဟင်ဂျာပြသနာက ဘာ ကိစ္စပါလာရတာလဲ။ အာသံနယ်ထဲ ခိုးဝင်နေတဲ့ ဘင်္ဂါလီတွေ ကိစ္စကော ဘယ်လိုလုပ်မှာလဲ။ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်နေတာ ဘယ်နိုင်ငံလဲ။ အိန္ဒိယမှာတောင် မထိမ်းနိုင်သေးတဲ့ ကိစ္စ သူများနိုင်ငံကို ၀င်ရှုပ်ချင်လို့ ရမလား။ ဒီလောက် လူ့အခွင့်အရေး မြတ်နိုးနေရင်လဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ ပြည်နယ်တွေမှာ ရှာရီရာ ဥပဒေနဲ့ အုပ်ချုပ်ခွင့် ပြုလိုက်ပါလား။

    ReplyDelete
  3. don't remove it.

    Post this.

    It is a crap.
    rubbish.
    non sense.

    post it please.

    ReplyDelete
  4. How could they talk such this thing ? Have they no shame? In our history, there has no Rohingya. They are Bingali. They came from Bangladesh. They are muslim. Rakhine, formally known as Arakan are buddhism. They are not muslim. Everyone know about it. The World know about it.
    We never forget what Rohingya did in Rakhine sate.

    ReplyDelete
  5. Let him watch this video first.
    Special: India's porous border, HuJI's life
    http://ibnlive.in.com/news/special-indias-porous-border-hujis-lifeline/65306-3-1.html

    ReplyDelete
  6. ဒီတစ်ခါဖတ်ရတာတော့ အတော်လေးစိတ်မကောင်းစရာကောင်းပါတယ်။ ရိုဟင်ဂျာပြသနာက မြန်မာ့ဒီမိုကရေစီရေးနဲ့ဘာဆိုင်လို့လဲ။ ကျွန်တော်လည်းဒီမိုကရေစီဘက်တော်သားစစ်စစ်ပါဘဲ။ ဒါပေမယ့် ရိုဟင်ဂျာနဲ့ မြန်မာလူမျိုးနဲ့ပက်သက်စရာ အကြောင်းမှမရှိဘဲ။ ရခိုင်တိုင်းရင်းသားတွေကို သက်သက်မဲ့ ရန်ပြုပြီး ရခိုင်ဒေသကိုသိမ်းချင်တဲ့လူမျိုးခြားဘာသာခြားတွေကို ဘာလို့ ဒီမိုကရေစီရေးနဲ့ကာကွယ်ပေးရမှာလဲ။ ဒီတောင်းဆိုချက်ကိုထုတ်ပြန်တဲ့သူတွေကရော မြန်မာဟုတ်ရဲ့လား။ ဒီတစ်ခါတော့ India က ဒီမိုကရေစီရေးလှုပ်ရှားသူဆိုသူတွေကို ကျွန်တော်တော့ တော်တော်စိတ်ပျက်သွားပြီ။

    ReplyDelete
  7. ကျတော် ဘွဲ့ရတစ်ယောက်ပါ။ပြည်တွင်းမှာနေတတော့ ရိုဟင်ဂျာ သိတောင်မသိဘူး။ပြည်ပရောက်မှ သိတာ။သမိုင်းမှာရှိခဲ့ရင် အားလုံးသိမှာဘဲ လက်ခံမှာဘဲ။မရှိခဲ့တဲ့လူမျိုးကို ဘယ်လိုလက်ခံနိုင်မှာလဲ။မွတ်စလင်ဘာသာ ဖြစ်နေလို့ ပြောတာမဟုတ်ဘူး။သမိုင်းမှာရှိခဲ့ရင် ဘာဘဲဖြစ်ဖြစ် လက်ခံရမှာဘဲ။အခုက မရှိတဲ့ လူမျိုးကို အတင်းအတည်ပြုနေတာ။လက်ခံလို့ကို မရဘူး။

    ReplyDelete
  8. ရိုဟင်ဂျာ လား လုံးဝလုံးဝ လက်မခံပါ မြန်မာတိုင်းရင်းသားတစ်ရာကျော်မှာ လုံးဝမပါခဲ့ဘူးပါ ဘင်းဂလားကုလားတွေပါ ရခိုင်နယ်ကို သပ်သပ်ကျူးကျော် အခြေချချင်နေတာ ဒီမိုကရေစီအရေးနဲ့ သူတို့နဲ့ ဘာမှ အဆိုင်ပါ လိုအပ်ရင် စစ်အင်အားသုံးပြီး မောင်းထုတ်လိုက် မြန်မာ့မြေမှာ ဒီကောင်တွေကြီးထွားလာတာ လုံးဝလက်မခံဘူး

    ReplyDelete