
“ဦးဝီရသူ ချင်းပြည်နယ် ထေရ၀ါဒသာသနာပြုကျောင်းအား ငွေကျပ်တစ်သိန်းလှူဒါန်း”
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် 2.5.2012-နေ့၌ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာ၊ ဗန်းတဲ့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ အလှည့် ကျကျောင်းထိုင်ဆရာတော် အရှင်ဉာဏောဘာသ(MA .Buddism)သာသနတက္ကသီလမဟာဓမ္မာစရိယအား ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရပါသည်။
ထိုသို့လှူဒါန်းခြင်းမှာ ဗန်းတဲ့ကျောင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသော ဘုန်းတော်ကြီးသင် ပညာရေး အတွက် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ဦးကုမာရ(ဓမ္မဓရ)က ကျပ်ငွေတစ်သိန်း၊ ဗလာစာအုပ် ၁၂-ဒါဇင်၊ ဘောလ်ပင်(၁၅၀)။ ပုလဲဆရာတော်(ဦးပညာဝံသ)က ကျပ်ငွေတစ်သိန်း၊ တောင်စလင်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခက ဗလာစာအုပ် ၁၀-ဒါဇင်၊ ခဲတံ ၁၀-ဒါဇင်၊ အဝတ်ထုပ် 2-ထုပ် လှူဒါန်းကြောင်းလည်း သိရပါသည်။
အဆိုပါ ဗန်းတဲ့ကျောင်းကို ၂၀၀၄-နှစ်မှစ၍ တည်ထောင်ခဲ့ပြီး၊ ၂၀၁၀-ခုနှစ်မှစတင်၍ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း၊ စတင် ဖွင့်လှစ်သင်ကြားပြသခဲ့သော ဆရာတော်မှာ ဥသျှစ်ပင်မြို့၊ သာသနာတက္ကသီလဓမ္မာစရိယ အရှင်တိဿ(B.A Buddhism) ဖြစ်ကြောင်း၊ အိမ်ခြေ ၃၅၀-ကျော်ရှိရာတွင် ဗုဒ္ဓဘာသာဝင် မိသားစုက ၇၅-အိမ်ခန့်ရှိကြောင်း၊ ကျောင်းသား/သူပေါင်း ၂၀၃-ဦးရှိပြီး၊ နှစ်ခြင်းခရစ်ယာန် ၃-ယောက်၊ R.C ခရစ်ယာန် ၈၀-တို့ တက်ရောက် ပညာသင်ကြားကြကြောင်း သိရပါသည်။
ယခုလက်ရှိကျောင်းထိုင်ဆရာတော် အရှင်ဉာဏောဘာသသည် ဆရာတော်အရှင်ဝီရသူ၏ တပည့်အရင်းဖြစ်ပြီး၊ ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက်နှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တို့မှာ ပညာ ဆည်းပူးခဲ့သူ ဖြစ်ကြောင်းလည်းသိရ ပါသည်။
ဆရာတော် အရှင်ဝီရသူက တပည့်အရှင်ဉာဏောဘာသအား -
ဘာသာရေး လူမျိုးရေးမဖက် ပညာရေးသက်သက်သာ ပို့ချပေးဖို့၊ အခြား ဘာသာဝင်များကို အကျပ်ကိုင်ပြီး ဘုရားရှိခိုး ခိုင်းတာမျိုး မလုပ်ဖို့၊ ထိုသို့လုပ်ခြင်းဟာ လွတ်လပ်စွာ ကိုးကွယ်ခြင်းကို ချိုးဖောက်ရာရောက်လို့ အထူး ရှောင်ကြဉ်ဖို့၊ ဗမာစကား တတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးခြင်းဖြင့် မျက်စိဖွင့်ပေးဖို့၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်း ရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရရေးကို အဓိကရည်ရွယ်ဖို့၊ ဘာသာမတူသူများ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခြင်းသည်သာ ငြိမ်းချမ်းရေး အစစ်ဆိုတာ ကမ္ဘာပြည်သူ အသီးသီး သိအောင်ပြသဖို့ လိုကြောင်း သြဝါဒစကား ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။







ခေါင်းစဉ်နဲ့ အောက်ကစာနဲ့ဘာမှမဆိုင်ပါလား။
ReplyDeleteဘာသဘောနဲ့ဒီလိုခေါင်းစဉ်မျိုးတတ်တာပါလိမ့်။
ဒီစာက ဘာပြောချင်တာပါလိမ့်
ReplyDeleteဆရာတော် အရှင်ဝီရသူက တပည့်အရှင်ဉာဏောဘာသအား ဆိုပြီး
ReplyDeleteဘာသာရေး လူမျိုးရေးမဖက် ပညာရေးသက်သက်သာ ပို့ချပေးဖို့၊ အခြား ဘာသာဝင်များကို အကျပ်ကိုင်ပြီး ဘုရားရှိခိုး ခိုင်းတာမျိုး မလုပ်ဖို့၊ ထိုသို့လုပ်ခြင်းဟာ လွတ်လပ်စွာ ကိုးကွယ်ခြင်းကို ချိုးဖောက်ရာရောက်လို့
ရေးထားတယ်လေ။ ဖတ်ရော ဖတ်ကြည့်ကြရဲ့လား။
အခုတလော သတင်းခေါင်းစဉ်တွေက သဘာဝမကျတာတွေ တွေ့နေရတယ်။ အထူးသဖြင့် ဘာသာရေးနဲဆိုင်တဲ သတင်းတွေမှာပေါ့။ ဟိုတနေက မြန်မာလူမျိုး မူဆလင်နိင်ငံသား ဆိုတဲကိစ္ဏကိုလည်း ရိုးရိုးသားသား အမြင်ကိုကော်မန့်ရေးတာ ဧရာဝတီက မဖော်ပြခဲ့ပါဘူး။ သတင်းဌာနတွေကို တစ်ခုတောပြောပါရစေ။ ရိုးသားကြပါ။ သတင်းကို ရောင်မဆိုးပါနဲ့။ သတင်းကောင်းဘဲဖြစ်ဖြစ် သတင်းဆိုးဘဲဖြစ်ဖြစ် သတင်းမှန်ကိုဘဲသိချင်ပါတယ်။
ReplyDeleteမူဆလင် နိုင်ငံသားလို့ ရှိမှ မရှိဘဲ။ ဘာတွေ လာပြောနေတာလဲ။
ReplyDelete