Pages

Wednesday, May 9, 2012

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး


"မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး ရှိကြပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်" ဆိုပြီး ချစ်စံဝင်း ရေးသားတဲ့ ပျူ ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၅၁ မှာ ဖော်ပြထားပါတယ်။
သူက ဒီစာရင်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၉၈ မေလမှာ ထုတ်ဝေတဲ့ ယနေ့မြန်မာ ဆိုတဲ့ စာအုပ်ကို ကိုးကားပါတယ် တဲ့။

ကချင် - ၁၂ မျိုး
ကယား - ၉ မျိုး
ကရင် - ၁၁ မျိုး
ချင်း - ၅၃ မျိုး
ဗမာ - ၉ မျိုး
မွန် - ၁ မျိုး
ရခိုင် - ၇ မျိုး
ရှမ်း - ၃၃ မျိုး

စုစုပေါင်း - ၁၃၅ မျိုး

(က) ကချင်စု
ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော့၊ ဂေါ်ရီ ၊ ခစု၊ ဒုရင်၊ မရု(လော်ဂေါ်)၊ ရဝမ်၊ လရှိ(လာချစ်)၊ အဇီး၊ လီဆူး

(ခ) ကယားစု
ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ပရဲ(ကယော)၊ မူနုမနော၊ ယင်းတလဲ၊ ယင်းတော်

(ဂ) ကရင်စု
ကရင်၊ ကရင်ဖြူ၊ ပလေကြီး (ကလေချီ) ၊ မွန်ကရင်၊ စကော (ကရင်)၊ တလှေပွာ၊ ပကူး၊ တွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)

(ဃ) ချင်းစု
ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊ အောဝခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွါဆင်းမဲ၊ ခွန်လီ (ခေါ်) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ဇွန်း၊ ဆီတန်၊ ဆန်ထန်၊ ဆိုင်းထန်၊ ဇာတောင်၊ ဇိထုံး ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇိုန်ညှပ်(ဇုန်နီယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇုန်၊ တိုင်းချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊ လေးမြို့၊ လင်တဲ၊ လောက်ထူ၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ် (ခေါ်) မရို၊ ဟွာလ်ငို၊ အနူး၊ အနန်း၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု

(င) ဗမာစု
ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်၊ ကဒူ (ခုံကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)

(စ) မွန်စု –
မွန်

(ဆ) ရခိုင်စု
ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်နက်၊ မရမာကြီး၊ မြို့၊ သက်

(ဇ) ရှမ်းစု
ရှမ်း၊ ယွန်း (လားအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ်း (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း

14 comments:

  1. မှားနေပြီ။
    ကချင်ထဲမှာ ၁၂ မျိုးမရှိပါဘူး။ အထူးသဖြင့် ကချင် မျိုးနွယ်စုထဲမှာ ကချင်ဆိုတာ သီးသန့် မရှိပါဘူး။ ကချင်ဆိုတာ မျိုးနွယ်စုအားလုံးကို ပေါင်းပြီး ခေါ်တဲ အခေါ်အဝေါ် ဖြစ်ပါတယ်။ Divide and Rule လွယ်ကူအောင် တမင် မများ များအောင် ရေးခိုင်းသလား လို့ ယူဆပါတယ်။

    ReplyDelete
  2. ကဲ တွေ့ပြီးလား၊ ရိုဟင်ဂျာဆိုတာ မပါဘူးဆိုတာ ... ဖင်ပိတ်ငြင်းမနေကြနဲ့၊ ဘင်ဂါလီဟာ ဘင်ဂါလီပဲ

    ReplyDelete
  3. NOTICE :to all

    - No Rohinja or Mujahiddin

    ReplyDelete
  4. This article is ABSOLUTELY WRONG!!!!!!!!!!!!!

    ReplyDelete
  5. အားလုံးကို လူသားအဖြစ်သာ မြင်ကြပါစို့။

    ReplyDelete
  6. This article is ABSOLUTELY RIGHT!!!!!!!

    ReplyDelete
  7. မောင်ရိုးMay 10, 2012 at 12:38 PM

    ကျေးဇူးတင်ပါတယ် ဧရာဝတီ။

    ReplyDelete
  8. မောင်ကောင်း( ရန်ဂွန်း)May 10, 2012 at 2:59 PM

    မောင်ကောင်းတော့ဝင်ပြောမှဖြစ်တော့မယ် ကိုးကန့်က မြန်မာတိုင်းရင်းသားစုနွယ်ထဲမှာပါတာ ကျိန်းသေသလား ? ဒါဆို "ဝ" လူမျိုးက ဘယ်အနွယ်စုလဲ ? မောင်ကောင်းကျိန်းသေ ၁၀၀% ပြောလို့ရတာကတော့ "ဝ" အနွယ်ပေါင်း ၃၀ ကျော် ရှိတယ်၊ မြန်မာတိုင်းရင်းသားထဲမှာ "ဝ" လူမျိုးပါတယ်၊ သူတို့ ကိုယ်ပိုင်ဘာသာ စာရှိတယ်၊ စာကတော့ ချင်းလူမျိုးလိုပဲ အင်္ဂလိပ်လိုရေးကြတယ် ကိုယ်ပိုင်ယဉ်ကျေးမှုရှိတယ်၊ ဘိန်းခေတ်ရောက်မှ ရိုးသားတဲ့ ဝ တိုင်းရင်းသားတွေကို ယူနန်တရုပ်တွေက အသုံးချသွားလို့ တရုပ်လွှမ်းမိုးမှု ခံပြီး လူမျိုးပျောက်လုနီးနီးဖြစ်ကုန်တယ်၊ အဲ့ဒါလေးတွေ ဘယ်သူမှ သတိမပြုမိကြပါကလားဗျ

    ReplyDelete
  9. ဝ ဆိုတာ ခင်ညွှန့်အာဏာရှိတော့မှ ကြားဖူးတာပါ။ရိုဟင်ဂျာ ပုံစံ အသက်မသွင်းပါနဲ့။အစကတည်းက ရှိခဲ့ရင် ကျောင်းတက်ဖူးသူတိုင်း ရှိပါတယ် လက်ခံမှာပေါ့။မြန်မာတွေ သိတယ် ပြောလို့မရလို့ ငြိမ်နေတာ။အကောင်း မထင်နဲ့။

    ReplyDelete
  10. ၁၉၄၇ အခြေခံဥပဒေ အခန်း၁၊ ပုဒ်မ ၅ မှာဒီလိုဆိုပါတယ်။ ၀ကို တိုင်းရင်းသားအဖြစ်လက်ခံတယ်။ ကိုးကန့်ကတော့ မသေချာဘူး။

    "ပဒေသရာဇ် ရှမ်းပြည်နယ်စုဟူ၍ ယခင်ကခေါ်တွင်ခဲ့သော နယ်မြေများနှင့် ၀နယ်များသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ်ဖြင့် ပါဝင်ရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ဤမှနောင်အဖို့တွင် "ရှမ်းပြည်နယ်"ဟု ခေါ်ရမည်။"

    ReplyDelete
  11. i just wanna know the explaination about Naga included in chin communities. Please,Irrawaddy , i , a naga , really respect your press. If you have any prove that we The Nagas are chin in the history, let me know and i will discuss with my Naga Nation.

    ReplyDelete
  12. ပျူ လူမျိုးမပါပါလား၊ပျူလူမျိုးဟာ တိုင်းရင်းသားမဟုတ်ဘူးလား၊ နောင်တချိန် ရခိုင်၊ ကချင်၊ရှမ်းစတာတွေလား တိုင်းရင်းသားစရင်းကနေ ဖယ်ထုတ်ခံရလိမ့်မယ်

    ReplyDelete
  13. ရေတွက်ပုံတွေ မှားနေတယ်လို့ ထင်ပါတယ်။ ဥပမာ - ကချင်အုပ်စုမှာ ကချင်ဆိုတာ အားလုံးကို ပေါင်းစုပြီး ခေါ်တာဖြစ်ပါတယ်။ ကချင် လူမျိုးရယ်လို့ သီးသန့်မရှိပါဘူး။ ဒါ ကချင်တွေ ကိုယ်တိုင်က ပြောပြတာပါ။ ကရင်ဆိုလည်း “ကရင်” ဆိုပြီးတော့ သီးသန့်ထပ်ရေထားတယ်။ ကရင်မှာ စကောလား၊ ပိုးလား စသဖြင့်ပဲ ရှိပါတယ်။ ရှမ်းမှာဆို ရှမ်းကြီးဆိုတာ တိုင်းလုံနဲ့ အတူတူပါပဲ။ ဒါကို ရှမ်းကြီး ဆိုပြီး တစ်ခါ၊ တိုင်းလုံဆိုပြီးတစ်ခါ နှစ်ခါ ထပ်ရေတွက် ပြထားတယ်။

    ReplyDelete
  14. ငပိစား၇င်းစားရင်းစားနဲ ဦးနှောက်ပုတ်သွားပြီ။ ကောင်းတာစားပြီးbrain fresh လုပ်ပါ။

    ReplyDelete