Pages

Tuesday, May 15, 2012

ဂျာနယ်များ သတင်းယူခွင့် NLD ကန့်သတ်


ခင်သြ

ပြီးခဲ့သည့်လပိုင်းက တွေ့ရသည့် NLD ၏ သတင်းစာရှင်းလင်းပွဲတခု

တောင်ကိုရီးယားသမ္မတ မစ္စတာ လီမြောင်ဘတ်နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဂျာနယ်တိုက် ၄ ခုကိုသာ ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်ကြသည့် ပြည်သူ့ခေတ်၊ မြန်မာတိုင်းမ်၊ ၀ီးကလီးအလဲဗင်း နှင့် အခြားဂျာနယ်တစ်ခုတို့ကိုသာ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

“ညနေ ၄ နာရီလောက်မှာ တိုက် ၄ တိုက်ကိုပဲ ရွေးဖိတ်တယ်လို့ သတင်းရတယ်။ အဲဒါနဲ့ အဖွဲ့ချုပ်ကို ဖုန်းဆက်ပြီး မေးတော့ သူတို့ မသိကြောင်း ပြောတယ်။ ဘယ်တိုက်တွေဆိုတာ တရားဝင်လည်း မထုတ်ပြန်ဘူး။ အခု ၃ တိုက် သိရတယ် ဆိုတာက ကိုယ့်အချင်းချင်း မေးမြန်းထားမှ သိရတာ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာသတင်းထောက်များကို ကန့်သတ်ရန် အကြောင်းမရှိဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၉ ရက်နေ့၊ ရန်ကုန်မြို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Express Times ဂျာနယ်မှ သတင်းထောက်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးရန် Express Times က NLD သို့ စာပို့ခဲ့သည်။

ထိုတိုင်ကြားစာကို မြန်မာဂျာနယ်လစ် ကွန်ရက်နှင့် ပြည်တွင်း ဂျာနယ်တိုက်များသို့လည်း ပေးပို့ခဲ့သည်ဟု သိရသည်။

Messenger သတင်းဂျာနယ်၊ အွန်လိုင်း မီဒီယာတစ်ခုဖြစ်သည့် Yangon Press International တို့က Express Times နှင့် အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီကိစ္စကြောင့် ကျွန်တော်တို့ကို သတင်းယူခွင့် ပိတ်ပင်တယ် ဆိုရင်တော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးဆန်တယ်လို့ ပြောရမှာပဲ” ဟု သတင်းထောက် တစ်ဦးက ပြောသည်။

Express Times ဂျာနယ်သည် ပြီးခဲ့သည့် လပိုင်းမှစတင်၍ ဘဏ္ဍာရေးအခြေအနေအရ ရပ်ဆိုင်းရန် စီစဉ်ထားသော်လည်း အယ်ဒီတာချုပ်နှင့် သတင်းထောက်များက လစာလျှော့ယူ၍ ဆက်လက် ထုတ်ဝေနေကြကြောင်း သိရသည်။

အိတ်စ်ပရက်စ်တိုင်းမ်ဂျာနယ်ကို ၂၀၁၁ ခု၊ အောက်တိုဘာလခန့်က စတင် ထုတ်ဝေခဲ့သည်။

26 comments:

  1. ဟ ဟ ဟာ ဟ ရီလိုက်ရ

    ဒီမိုကရေစီပါတီကြီးတဲ့။

    ReplyDelete
  2. တကယ့် သတင်းသမားကိုဘဲ ရွေးဖိတ်စေချင်ပါတယ်..
    အုတ်ရောရောကျောက်ရောရော တွေကို ဖိတ်မိရင် ပြသ၁နာဘဲ အဖတ်ထင်မှာပါ။

    ReplyDelete
  3. ဒီနေ့ရန်ကုန် တမြို့လုံး လမ်းတွေပိတ်ကြပ်နေတယ် .. ဘယ်နိုင်ငံ ခေါင်းဆောင် လာခြင်းမျိုးနဲ့ မတူတဲ့ လုံခြုံရေး အစီအမံတွေ နဲ့ အင်အားသုံးထားတယ်။ သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေး လည်းပါရဲ့။
    ဒီလိုစိုးရိမ်စရာ အခြေအနေတွေရှိနေတဲ့ ပွဲမှာ လူများများမဖိတ်တာ ကိုနားလည်ရမှာပေါ့။ တဖက်ခေါင်းဆောင်ရဲ့ သောကကိုလည်း စာနာပေးရမှာပေါ့ .. အဝေကလူတွေ ထားပါတော့ .. ရန်ကုန်နေပြီး ဒီလိုအခြေအနေ တွေနားမလည်ပေးနိုင်တာ ဘာဂျာနယ်လဲ ဘယ်လိုသတင်းထောက်တွေလဲ အံ့ပါရဲ့

    ReplyDelete
  4. ဒါ မျိုး ဖြစ် သင့် တာ ကြာ ပြီ။ အ ခု လို ရွေး ပြီး ဖိတ် တာ အ သင့် တော် ဆုံး ဘဲ။ လူ များ တိုင်း ပွဲ စည် တာ မ ဟုတ် ပါ ဘူး။ တန် ဘိုး ရှိ တဲ့ သ တင်း ကို တန် ဘိုး ရှိ တဲ့ သ တင်း သမား တေါ နဲ့ လဲ ထိုက်တ်န ပါ တယ်။ အ ဖိတ် မခံ ရ တဲ့ သတင်း သ တင်း သမား တွေ က တော့ သ ပျက် သီး ချင် တယ် လို ဘဲ ပြော မှာပါ၊ ဂရု စိုက် စရာ မ လို ပါဘူး။ကိုယ် လုပ် တဲ့ ပွဲ မှာ ကိုယ် ဖိတ် ချင်တဲ့ သူ၊ ကိုယ် ဖိတ် လို့ ရ တယ်။ "စိန် စီ သော ည" မင်္ဂလာ ပွဲ မှာ ဘယ် ကောင် တွေ Complaint လုပ် ရဲ သလဲ?

    ReplyDelete
  5. ဧရာဝတီရေ... သတင်း တခုမတင်ခင် အရင် သေချာအောင် စုံးစမ်းပြီး ပြည့်စုံမှ တင်စေချင်ပါသည်။ အဆင့်အတန်းရှိစေချင်လို့ ပါ။

    ReplyDelete
  6. NLD ကိုပဲအပြစ်မပြောပါနဲ့
    သတင်းထောက်/သတင်းစာတိုက်မှာရော အပြစ်မရှိဘူးလား။
    သတင်းထောက်အစစ်လား။ ပါပါရာဇီလား။
    ဘေးအမြင်အရပြောရရင် NLD ကို ဒီမိုကရေစီမရှိဘူးလို့ပြောရင် သတင်းသမားတွေမှာရော ဒီမိုကရေစီရှိလို့လား။ ဒီမိုကရေစီဆိုတဲ့အဓိပ္ပါယ်ကိုကော သေသေချာချာသိလို့လား။

    ReplyDelete
  7. ဖြစ်မှဖြစ်ရလေ အမေစု ရယ်

    ReplyDelete
  8. ကိုယ့်အထင်လေးနဲ့ တောပြောတောင်ပြော မလုပ်ကြနဲ့
    ကိုယ်လိုချင်တာဖြစ်တာ ဒီမိုကရေစီ မဟုတ်ဘူး
    စည်းနဲ့ကမ်းနဲ့ သူ့ဖက်ကိုယ်ဖက်
    အားလုံးအတွက် အဆင်ပြေမယ့်ဟာကိုပြောတာ

    ReplyDelete
  9. မြန်မာ Media တိုးတက်ရန် အများကြီး လိုအပ်နေတာ ဒီ Irrawaddy က တင်တဲ့ News Post တွေ၊ ရုပ် သံ မှတ်တမ်းတွေမှာတင် မြင်နိုင်ပါတယ်။ ကိုယ့် ပြည့် ကိုယ့် နိုင်တွင်းမှာ ကိုယ့် နိုင်ငံတော် မှာ မွေးတဲ့ နိုင်ငံတကာ အထင်ကရ ဆီ သွား သွား သတင်းယူ ပြီး ဘာမှ လဲ မယ်မယ် ရရ ဟုတ်တိ ပတ်တိ မေးမြန်း၊ တင်ပြနိုင်တာမျိုးလဲ မရှိဘူး။ အားလုံကို မဆိုလိုပေမဲ့ မြန်မာ Media တော်တော်များများ အဆင့် အတန်း ဆိုတာကို နားလည်နိုင်အောင် တော်တော် ကြိုးစားရပါအုံးမည်။

    ReplyDelete
  10. မင်းတို့ပြောပြောနေတဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာကြီးကဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ အစိုးရကဒီလိုလုပ်ကြည့်ပါလားပြောလို့ဆုံးတော့မှာမဟုတ်ဘူး.ပြောတော့ဒီမိုကရေစီတဲ့

    ReplyDelete
  11. ဧရာဝတီက ဟိုလိုလိုဒီလိုလို ရေးထားသလိုပဲ။ အဲလို မလုပ်နဲ့လေဗျာ။

    ReplyDelete
  12. ဘယ်လိုဖြစ်လို့ ဒီလောက်လေးတောင်နားမလည်တတ်အောင်ဖြစ်နေတာလဲ ....နေရာတကာမှာ ပါချင်နေကြတာလား.ဖိတ်တော့လဲ ဖိတ်လို့ ..မဖိတ်တော့လဲ မဖိတ်လို့ ..စိတ်ပျက်စရာပဲ..NLD ဆိုရင်အပြစ်ပြောမယ်.သူတို့ အဘတွေဆိုရင်ပါးစပ်ပိတ်နေမယ်.

    ReplyDelete
  13. မောင်ကောင်း( ရန်ဂွန်း)May 16, 2012 at 12:22 AM

    မောင်ကောင်းကတော့ ၁၀၀% လုံးဝသဘောတူတယ် အုတ်အရောရော သဲအရောရောနဲ့ အတွေ့အကြုံအလိုက်မသိ နားမလည်သေးတဲ့ သတင်းထောက်ပေါက်စနတွေ ကျပ်ကျပ်သတိထားသင့်တယ် ဘောကြီးက ဆွဲထိုးယုံထိုးမယ်ကြံတာ တော်သေးတယ် အခုလာတဲ့ ကိုးရီးယားသမတ လုံခြုံလေးလိုသာဆို ပစ်တောင်သတ်ခံရမှာ စည်းကမ်းကလနား ကို နားလည်ကြပါစေ။

    ReplyDelete
  14. အရင် တောင်ကိုရီးယားခေါင်းဆောင်ကို မြောက်ကိုရီးယားတွေက ဗိုလ်ချုပ်တို့ ရဲ့ အာဇာနည်ကုန်းမှာ ဗုံးခွဲလုပ်ကြံခဲ့ တာကို သတိရကြမှာပါ။အခု တောင်ကိုရီးယားခေါင်းဆောင် ဗိုလ်ချုပ်သမီးဆီလာတာ မြောက်ကိုရီးယားရန်ကို သေသေချာချာကြိုတင်ကာကွယ်ရမှာသဘာဝကျပါတယ်။ နားလည်ပေးသင့်ပါတယ်။

    ReplyDelete
  15. အတုအယောင် သတင်းသမားအမည်ခံတွေ ရှိတက်ပါတယ်။ သတင်းတပ်ဖွဲ့ လို့ သတင်းသမားတွေကလည်း ဒုနဲ့ဒေးမဟုတ်ပါလား။ အစစ်အမှန် သတင်းသမားတွေကိုတော့ ကြိုဆိုပါတယ်။

    ReplyDelete
  16. Irrawaddy should not post this during this sensitive time between NLD and some media. The reason why some media are not invited is that government allow only 10 media (4 gov media + 3 for NLD + 3 foreign media) due to security reason. You should not racklessly post the news that would not advantage anybody. Be considerate, don't bias , don't make yourself to famous By using NLD.

    ReplyDelete
    Replies
    1. အင်း ဧရာဝတီကဒီလိုမျိုးတဖက်သတ်သတင်းတွေရေးပြီး
      မီဒီယာသိက်ခါကျအောင်မလုပ်စေချင်ပါ။

      Delete
  17. သတင်းသမားတွေ နာမည်ကျော်ချင်သလား လွယ်လွယ်လေးရယ် ဒေါ်စုကိုထောက်ခံရင် ထောက်ခံ မထောက်ခံရင် တိုက်ခိုက် ဒါဆိုနာမည်ကျော်ပြီး လူတိုင်း ပါးစပ်ဖြားမှာ ဒီသတင်း ဒီသတင်းဌာနဆိုပြီး ပြောကြလိမ့်မယ် ဒါကိုအခွင့်ကောင်းယူပြီး ဂျာနယ်တချို့ က ထောက်ခံလိုက် တိုက်ခိုက်လိုက်နဲ့ လုပ်နေကြတာ ပြည်ပသတင်းအပါဝင်ပဲလေ။ သူတို့ ကို လူစိတ်ဝင်စားမှုနည်းလာရင် တနည်းနည်းနဲ့ ဖွတော့တာပဲ။

    ReplyDelete
  18. “ဒီကိစ္စကြောင့် ကျွန်တော်တို့ကို သတင်းယူခွင့် ပိတ်ပင်တယ် ဆိုရင်တော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးဆန်တယ်လို့ ပြောရမှာပဲ” ဟု သတင်းထောက် တစ်ဦးက ပြောသည်။

    Who is that THA-DINN-HTAUK ? From Irrawaddy ?

    ReplyDelete
  19. နောက်ဆုံးတော့လည်းေ၇ွှမန်းတင်မောင် ချိုနဲ့ထွက်လာတာပါပဲ

    ReplyDelete
  20. သတင်းသမားတိုင်းလက်ခံလို့၇မလာုးလုံခြုံေ၇း
    အခြေအနေ၇လက်ခံ၇မှာပေါ့အ၇င်ခေတ်တုံး
    ကမင်းတို့ ဘယ်လိုနေ၇လဲ မင်းတို သတင်းသမားဆိုပြီးမောက်မာမနေနဲ့ 
ျEleven media group ကကောင်တွေပိုဆိုးတယ် ဟိုတနေ့ ကသူတို့ 
    တိုက်ရှေ့ ကား၇ပ်မိလို့ လြုံခုံေ၇းလုပ်တဲ့ ကောင်
    ကရိုင်းရိုင်းပြပြပြောလွတ်တယ် အ၇ာ၇ာတိုင်း
    ကိုယ့်အတွက်မကြည့်နဲ့ မင်းတို့ ကထက်ထက်
    မိုးဦးနဲ့ ပဲတန်တယ်

    ReplyDelete
  21. Express Times ဂျာနယ်မှ သတင်းထောက်နဲ့ဖြစ်တဲ့ ပြဿနာကိုအကြောင်းပြုပြီး နောင်မှာ NLD အနေနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဖြေလျှော့မှုလုံးဝမလုပ်သင့်ပါ။ သတင်းထောက်တစ်ယောက် ဓါတ်ပုံတစ်ပုံမရလိုက်တာက ဘာမှပြောပလောက်အောင် နစ်နာသွားတာမဟုတ်ပါဘူး။ အမျိုးသားခေါင်းဆောင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် တိုင်းပြည်အတွက် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုကြီးပါ။

    ReplyDelete
  22. NLD ကိုပဲအပြစ်မပြောပါနဲ့
    သတင်းထောက်/သတင်းစာတိုက်မှာရော အပြစ်မရှိဘူးလား။
    သတင်းထောက်အစစ်လား။ ပါပါရာဇီလား။
    ဘေးအမြင်အရပြောရရင် NLD ကို ဒီမိုကရေစီမရှိဘူးလို့ပြောရင် သတင်းသမားတွေမှာရော ဒီမိုကရေစီရှိလို့လား။ ဒီမိုကရေစီဆိုတဲ့အဓိပ္ပါယ်ကိုကော သေသေချာချာသိလို့လား။

    ဟုတ်တယ် .. သတင်းထောက်တွေ စည်းကမ်းမရှိတာတော့ သေချာတယ်(တချို့ကိုပြောခြင်းသာ)

    ReplyDelete
  23. အေတူကန်May 16, 2012 at 4:40 PM

    NLD မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ မြန်မာပြည်မှာ အဆင့်အတန်းမရှိတဲ့ ဂျာနယ်တွေ သိပ်များလွန်းနေတာတော့ စာဖတ်တဲ့သူတိုင်း သိတယ်။ ပြည်သူကို အကျိုးပြုဖို့ ထက် cheap publicity ကိုရဖို့ ၊ ပွဲဆူအောင်၊ နံမည်ကြီးအောင်လုပ်ဖို့ ကို ဦးစားပေးနေတဲ့ ဂျာနယ်တွေက အများစုဖြစ်တယ်။ ethical လည်းမဖြစ်ဘူး။

    ReplyDelete
  24. ဘယ်ကောင်တွေဘာပြောပြောNLDအနေနဲ့လုံခြုံရေးဂရုစိုက်ဖို့အရေးကြီးတယ်။‎9/11မဖြစ်ခင်၃၊၄ရက်အလိုအာဖဂန္နစ္စတန်မြောက်ပိုင်းမြို့တမြို့မှာမြောက်ပိုင်းမဟာမိတ်ခေါင်းဆောင် အာမက်ရှားမာဆွဒ် ကို တာလီဘန် နဲ့ အယ်(လ)ကေဒါ အဖွဲ့ဝင်တွေက အသေခံလုပ်ုကံသက်ဖြက်မှု့ဖြစ်ခဲ့ပါတယ်။အဲဒီလူသက်သမား၂ယောက်ဟာ အာရပ်ရုပ်မြင်သံကြားဌာဏတစ်ခုကသတင်းထောက်တွေအဖြစ်ဟန်ဆောင်ပြီး အာမက်ရှားမာဆွဒ် နားချဉ်းကပ်ခဲတာပါ။သတင်းထောက်သော်ကော၊ဘာသော်နားမလည်ဘူုးကည့်ရတာသိပ်ပုံမပြေဘူးဆိုရင်အအုပ်ခံရမှာဘဲ

    ReplyDelete
  25. ဒီနိုင်ငံကသတင်းသမားဆိုသူတွေ နဲနဲတော့ဘောင်ကျော်
    လာပြီ၊ တရားလွန်လာပြီလို့ ထင်တယ်။ မောင်ဝံသလို
    လူမျိုးကအစ ပြတ်ပြတ်သားသားမှန်ရာကို မပြောဘဲဟိုလိုလိုဒီလိုလို လုပ်နေတယ်။ နို့-နေပါဦး သတင်းဓာတ်ပုံလိုက်ရိုက်သူက သတင်းထောက်ဘဲလား
    သတင်းထောက်တွေက အခွင့်ထူးခံလူတန်းစားတစ်ရပ်
    လား။ နို့နံ့မစင်သေးတဲ့ သတင်းထောက်ဆိုသူက လူပုံ
    အလယ်မှာ ဝန်ကြီးဦးဝင်းမြင့်ကို ဝန်ကြီးကိုပြုတ်မယ့်စာရင်းထဲပါမယ်လို့ ပြောနေကြတယ်၊ ဘာများပြောချင်ပါသလဲလို့ မိုက်ရိုင်းစော်ကားမေးခွန်းထုတ်ခဲ့တာ စာပေကင်ပေတိုင်ကြီးက
ူသူ့ဆောင်းပါးထဲ ရင်ဖွင့်ရေးထားတာ ဖတ်ကြည့်ကြစေချင်တယ်။ ဒါ စာနယ်ဇင်းသမား၊ သတင်း
    ထောက်အခွင့်အရေးဘဲလို့ မောင်ဝံသပြောလေဦးမလား သိချင်ပါတယ်။
    ဒီနိုင်ငံကလူတွေက ဘောလုံးပွဲ စိတ်ဝင်စားကြတော့ ဥပမာပြချင်ပါတယ်။ အားလုံးသိကြမှာပါ
    ဒေးဗစ်ဘက်ခမ်းတို့လို၊ စီ-ရိုနယ်ဒိုတို့လို ဘောလုံးသမားတွေ ဘော်ဒီဂတ်ထားကြတာ။
    သက်တော်စောင့်တွေအများကြီးနဲ့ပါ။ ကိုယ်ပိုင်ငှားထားတာရော အသင်းကစီစဉ်ပေးတာရော
    မနည်းမနောပါ။ သူတို့တွေတောင် သဘောမတူဘဲ အနားကပ်ခွင့် ဓာတ်ပုံရိုက်ခွင့်မရှိတာ၊
    ပြသနာအမျိုး၂ ဖြစ်ကြတာ ဘောလုံးပရိသတ် သိပြီးသားပါ။ ဒေါ်စုက အဲဒီဘောလုံးသမားတွေ
    လောက်မှ အဆင့်မရှိဘူးလား၊ တွေးရင်းရင်နာမိတာ သတင်းလောကကလူတွေ သိစေချင်တယ်။
    ဒီလောက်ရေးပြရင် ဆက်စပ်တွေးတောနိုင်လောက်တာမို့ ဆက်မရေးတော့ပါဘူး။
    တစ်ခုဘဲတောင်းဆိုချင်ပါတယ်။ သတင်းထောက်အခွင့်အရေးကို ငါးပြားဖိုးမှ အစွန်းအထင်း
    မခံနိုင်ပါဘူးဆိုတဲ့ Express Times ကဒီမိုကရက်တစ် သတင်းထောက်၊ သတင်းဓာတ်ပုံသမားများခင်ဗျား။ ထူးက တေဇတို့ ဗကမှုးကြီးသန်းရွှေတို့ အနားယူစာဖတ်
    နေတယ်လို့ သိရပါတယ်။ လုပ်စမ်းပါဗျာ သတင်းဓာတ်ပုံလေး တွေ့ဆုံခန်းလေးတွေ။ ဒီနိုင်ငံ
    မှာလောက်လောက်လားလား အားကိုးရမှာ ခင်ဗျားတို့ဘဲရှိတာမို့ပါ။ အားကိုးပါရစေဗျား။

    ReplyDelete