Pages

Wednesday, June 20, 2012

ဝန်ကြီးများ "လုပ်နည်းလုပ်ဟန်" ပြောင်းဖို့ ဦးသိန်းစိန် ညွှန်ကြား

(၀မ်နင်အပေးခံရတဲ့ ၀န်ကြီးများထဲက တချို့ရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်)

အိုင်ဒီယာ နဲ့ လုပ်ပုံလုပ်နည်း ပြောင်းလဲကြဖို့ လိုနေပြီ လို့ သမ္မတ ဦးသိန်းစိန်က သူ့ဝန်ကြီးများကို ပြောလိုက်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးတွေ တက်ရောက်တဲ့ စီမံကိန်းကော်မရှင် အစည်းအဝေးမှာ မနေ့က ပြောလိုက်တာပါ။

"စဉ်းစားပုံ၊ အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန်များကိုပါ ပြောင်းလဲတိုးတက်အောင် ကြိုးစားပေးကြပါ" လို့ ဦးသိန်းစိန်က တိုက်တွန်းလိုက်ကြောင်း ဒီကနေ့ထုတ် အစိုးရသတင်းစာမှာ ရေးထားပါတယ်။

ဦးသိန်းစိန်ရဲ့ ၀န်ကြီး အားလုံးလိုလိုဟာ ဗိုလ်ချုပ်ဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီမှာ အရေးကြီးတာဝန် ယူခဲ့သူတွေ ဖြစ်ကြပါတယ်။

အရပ်သားအစိုးရအဖြစ် ပုံစံပြောင်းပြီး တနှစ်ကျော်အကြာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

1 comment:

  1. ၀န်ကြီး အများစုက လောဘကြီးရုံ မကပါဘူး....
    မိုက်ရိုင်း တဲ့နေရာမှာပါ သူမတူအောင်ပါပဲ...

    ReplyDelete