၈၈ မျိုးဆက်ကျောင်းသားများဧ။် စီစဉ်မှုဖြင့် Democracy Rule of Law and Citizenship Training ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းရှိ Sandhi Management School & Local Consultancy Firm ၌ ဇွန်လ ၂၅၊ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက် လေ့လာသင်ယူကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်မည်ဟုသိရသည်။
အဆိုပါ သတင်းကို Local Consultancy Firm မှ ဦးခိုင်ဝင်း နှင့် Sandhi Management စွမ်းဆောင်ရည် သင်တန်း ကျောင်း မှ ကိုဟေမန်ဦး တို့က ပို့ချပေးမည်ဖြစ်သည်။ ဒီမိုကရေစီ အခြေခံ၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားများ ဆိုင်ရာ အကြောင်းများကို ဆွေးနွေး ပို့ချမည်ဟု သိရသည်။

There we go ! This is the way to go Burma !c
ReplyDelete