Pages

Sunday, June 24, 2012

အမွေ တ၀က်စီ ခွဲ ယူစေ



ဒေါ်အောင်ဆန်းစုကြည်နဲ့ အကို ဖြစ်သူ ဦးအောင်ဆန်းဦး ကို အခု တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ နဲ့ ပူးတွဲပါ နေအိမ်အဆောက်အဦတို့ကို အမွေတ၀က်စီခွဲ ယူဘို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၂ရက် အမိန့်ချလိုက်တဲ့အကြောင်း Favourite News ဂျာနယ်မှာ ပါလာတဲ့ သတင်းတခုပါ။

၁၉၅၄ ခုနှစ် အမွေခွဲဝေမှု ဥပဒေမှာတော့ မြန်မာ့ရိုးရာ ဓလေ့ထုံးထမ်းစဉ်လာအရ အမွေပစ္စည်း ၂ မျိုးလုံးဖြစ်တဲ့ မရွှေ့မပြောင်းနိုင် တဲ့ ပစ္စည်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အမွေဆက်ခံခွင့်ရှိသူများအနေနဲ့ အညီအမျှ ခွဲဝေယူနိုင်ပါတယ်။

ဒီနေရာမှာတော့ အမွေဆက်ခံခွင့် ရှိသူများဟာ မြန်မာနိုင်ငံသားများ ဖြစ်နေရပါမယ်။ အကယ်၍ မြန်မာနိုင်ငံသား မဟုတ်တော့တဲ့ သူအတွက်ဆိုရင်တော့ ရွှေပြောင်းနိုင်တဲ့ ရွှေငွေ စတဲ့ ပစ္စည်းများကို တ၀က်ပိုင်ဆိုင်ခွင့် ရှိသော်လည်း မရွှေ့မပြောင်းနိုင်တဲ့ မြေ၊ အိုးအိမ် စတာတွေကို အမွေဆက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားပါတယ်။

ဦးအောင်ဆန်းဦးဟာ မြန်မာနိုင်ငံသား မဟုတ်တော့ဘူးဆိုရင်တော့ မရွှေ့မပြောင်းနိုင်တဲ့ အိမ်၊ ခြံ အမွေပစ္စည်းကို တ၀က်ခံစားပိုင်ခွင့်ရှိတယ်ဆိုတဲ့ တရားရေး ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

11 comments:

  1. မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုဟာစိုးရိမ်စရာအနေအထားမှာပဲဆက်လက်ရှိနေတယ်ဆိုတာဖော်ပြလိုကတာပါ။ တရားသူကြီးတွေဟာကိုယ့်ရဲ့တရားစီရင်ရေးစနစ်တွေကိုတကယ်ပဲကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက်ရဲ့လား။ဥပဒေရေးရာတွေကိုရောလေ့လာလိုက်စားမှုရှိရဲ့လားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်ကတော့ တကယ်ပဲပညာရှင်ဖြစ်စရာမလိုပဲ အထက်ကခိုင်းတဲ့အတိုင်းလုပ်မယ့်သူမျိုးတွေကပဲလူရာဝင်နေရာရခဲ့တာပါ။ တရားစီရင်ရေးဟာ သီးခြားလွပ်လပ်စွာ ရပ်တည်နေတယ်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ခြံကျယ်ကြီးထဲမှာ နိုင်ငံခြားဧည့်သည်တွေကိုလက်ခံတွေ့ဆုံတာတွေ ပြည်တွင်းပြည်ပ သတင်းစာရှင်းလင်းပွဲတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညစာစားပွဲကျင်းပတာတွေ စတဲ့အကြောင်းကြောင်းတွေကြောင့် ခြံအမှတ်၅၄ဟာ ပစ်မှတ်ဖြစ်လာတယ်လို့ယူဆပါတယ်။ အောင်ဆန်းဦးရဲ့စိတ်သဘောထားကိုလည်း အရင်ကထက်ပိုပြီး အထင်သေးမိပါတယ်။

    ReplyDelete
  2. အမွေဆိုတာဘာပဲဖြစ်ဖြစ်ပိုင်ဆိုင်ချင်တာပဲ ပေးလိုက်ပါ။သူထိုက်ရင်သူစံမယ်ပေါ့။သူဘာဖြစ်လို့ ဒီလောက်လိုချင်နေတာဆိုတာကိုသိချင်တာတော့ အမှန်ပဲ?။

    ReplyDelete
  3. သမတကြိံးနဲ့ ဒေါ်စု အရင်ကတည်းက မတူတာတွေဘေးဖယ်,တူတာတွေ ပူးပေါင်းလုပ်ကြရအောင်လို့ သဘောတူခဲ့ကြတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD မဲအပြတ်နဲ့ နိုင်ချိန်က စလို့ဒေါ်စုဘက်က ဗိုလ်ချုပ်မှုးကြိံသန်းရွှေ နဲ့တုန်းက ဆက်ဆံရေး လိုမျိုး ကန့်လန့်ပြန်တ်ုက်လာတယ်။Sanction ကိုလုံးဝ အပြည့် ပြန်မရုပ်သင့်သေးဘူး,ဆိုင်းငံထားအုန်း, သမတကြိံးရဲ့ အပြောင်းအလဲ တွေကိုသိပ်ကို အကောင်းမြင်လွန်းနေကြလို့ မကျေနပ်တာဖွင့်ပြောရတဲ့အထိ,,,နောက် အခုထိ Burma Burma. လုပ်ပြောနေတာ တွေဟာ စ ထိပ်တိုက်တွေ့ဘို့ဖြစ်လာတာပါ။အခု အမွေမှု က အစ ရှိသေးတယ်လို့ထင်တယ်။ရှေ့ရှောက် မထိန်းသိမ်းနိုင်ဘဲ ဒိလိုဘဲဖြစ်နေကြရင် နာမှာ က မြန်မာပြည် ဘဲဖြစ်မှာ။

    ReplyDelete
  4. ဦးအောင်ဆန်းဦးက အဲဒီ အမွေမှမရရင် ရပ်တည်လို့ မရတော့ဘူးလား။ ကိုယ့်မှာ ဒီနှမလေး တစ်ယောက်ရှိ တာ အဲဒီ အမွေကို ဘာလို့ ငန်းငန်းတက် ဖြစ်နေရ တာလဲ။

    ReplyDelete
  5. ဒေါ်အောင်ဆန်းစုကြည် ဥရောပတခွင်မှာ၊ "တရားဥပဒေ စိုးမိုးရေး" အလွန်အရေးကြီးကြောင်း တဖွဖွပြောနေတဲ့ ကြားထဲက၊ ယခင်က မှန်ကန်စွာချပြီးဖြစ်တဲ့ အမှုကို ယခုလို ယုတ်တိမဲ့စွာ၊ ပြန်လည်ပြင်ဆင်ချမှတ်သည်မှာ၊ ထို တရားသူကြီး၏ ဆန္ဒအလျှောက် ဆုံးဖြတ်ချက် ဖြစ်နိုင်ချေ အလွန်နည်းပါသည်။ တရားဥပဒေ အထက်မှာရှိသော ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း တခုမှ "နောက်ကွယ်မှလက်ရာ" ဖြစ်မည်ဟု ယုံကြည်ရသည်။ ဒေါ်စု အား မရ, ရတဲ့နည်းနဲ့ အနည်းဆုံး စိတ် အနှောက်အယှက်တော့ ဖြစ်အောင် ပြုလုပ်မည်ဆိုတဲ့၊ နောက်ကွယ်မှာပဲ အမြဲနေပြီး ရှေ့ထွက်မလာရဲသော အနှီ ပုဂ္ဂိုလ်အပေါင်းတို့အား သိစေလိုသည်မှာ၊ "သင်တို့ကိုယ်တိုင် လူ့အဖွဲ့အစည်း နဲ့ လူ့ဘောင်လောကကြီးထဲမှာ 'လူရာဝင်' နိုင်အောင် ကြိုးစားကြပါ" ဟူသတည်း။

    ReplyDelete
  6. တစ်ခြားလေးစားစရာကောင်းတဲ့ အမွေကြတော့ ဘာလို့ဆက်ခံဘို့ မလုပ်တာလဲဗျာ။ အရမ်း စိတ်က ခံစားမိလို့ပြောမိတာပါ။ တစ်နှစ်နဲ့ တစ်လသာ တွေ့ထိခံစားဘူးကာ ကျွန်တော်တို့လို စာတွေ့နဲ့ သာ သိလိုက်ရတဲ့ သူတွေတောင်မှ ဖခင်ကြီး ရဲ့ ဖြစ်စေလိုတဲ့ သဘောထားကို လေးစားနားလည် တတ်ကြတာ၊ ကိုအောင်စန်းဦး ဆို ပိုမို လေးစားနားလည် မယ်ဆို တာ သိထားပါတယ်။ တစ်စုံတစ်ခု ကို ပြတ်ပြတ်သားသား လွန်မြောက်စေပြီး မွေးကျေးဇူး (ဒါက မိဘ အရင်းအပေါ်)၊ တစ်ရက်၊ တစ်မနက် အရိပ်ခိုဘူးတဲ့ ကျေးဇူး (ဒါက နိုင်ငံ အပေါ်) သိနိုင်လိမ့်မယ်လို့ မျော်လင့်မိပါကြောင်း။ သား၊သမီး တို့ ၏ စံ ပြ ဖခင် တစ်ယောက် ဖြစ်စေလိုပါသည်။ အချိန်ရပါကလည်း ညီမလုပ်သူ၏ လှုပ်ရှားမှု ခရီးစဉ် ပြောဆိုခြင်းများကို နားထောင်ပါဟု တိုက်တွန်းပါရစေ။ တစ်ခြားတစ်ခြား သော သွေးမတော် သားမစပ် သူများ( အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံ ကို ကြောခိုင်းနေကြရသူမျများ) ကိုတောင်မှ အလွန်ပြန်လာစေချင်သူ တစ်ယောတ် က သူ့ အရင်းအချာ အကိုတစ်ယောက်ကို မည်မျှ မျော်လင့်နေမည်ကို သိသင့်ပါသည်။ တိုင်းပြည်ကလည်း အသိပညာရှိ အတွေ့အကြုံလည်းရှိ၊ မျိုးရိုးလည်းကောင်း၊ ထိုသို့သော သူများ၏ အား အလွန်လိုအပ်ပါသည်။

    ReplyDelete
  7. ဒေါ်စု ဘက်က offer လုပ်လိုက်ပါ, အကို ကို။ဘယ်သူမှ မယူဘဲ ရောင်းပြိံး ပညာရေး/ကျန်းမာရေး foundation ထောင်မယ်လို့။ရောင်းရင် သိန်းပေါင်း ၂၀ သောင်းလောက်ရမယ်ထင်တယ်။

    ReplyDelete
  8. မြန်မာနိုင်ငံကို တကမ္ဘာလုံးနီးပါးက BURMA အဖြစ်ပဲ သိလာဒါ ကြာလှပါပြီ။ တချို့ဆို Burma ပြောလည်း မသိ၊ Myanmar ဆိုပိုဆိုး၊ ဒေါ်အောင်ဆန်းစုကြည် နေတဲ့ နိုင်ငံဆိုမှ၊ သိပြီတဲ့။ အဆိုးဆုံးက၊ မင်းဘာလူမျိုးလည်းဆို တဲ့မေးခွန်းပါ၊ Myanma,(ဝါ) Myanmese, (ဝါ) Myanmarese လား။ Burmese ဆိုယင် လူတော်တော်များများ သိကြပါတယ်။ ဒါကြောင့် အခေါ်အဝေါ်သည် ထိပ်တိုက်ရင်ဆိုင်ချင်း မဟုတ်ပါ။ ဦးသန်းရွှေ လက်ထက်က ပါ၊ နံမယ် အသစ်အဆန်းတွေ တော်တော် ပေါ်လာပါတယ်။ ဥပမာ လှိုင်သာယာစက်မှုဇုံ ထဲက၊ လမ်းတလမ်းနံမယ်ကိုကြည့်ပါ "ပန်းဘဲ အတွင်းဝန်မင်းကြီး ဦးမြဲ လမ်း" တဲ့။ လိပ်စာကတ်ပြားမှာ အဲဒီလမ်း ကို ဘယ်လို စာလုံးပေါင်းရမယ် မသိပါ။ Myanmar ဆိုဒါလည်း Panbe Ahtwinwin Mingee U Mye Street လိုမျိုးလား။

    ReplyDelete
  9. မင်းနိုင်June 25, 2012 at 10:54 AM

    မြန်မာနိုင်ငံရဲ့ တရားဥပဒေ စနစ်ကိုမေးခွန်း
    ထုတ်စရာတွေပေါ်လာပါပြီ တရား ဥပဒေ မှာ အရင်ကလို မည်သို့ပင်ဆိုစေကာမူတို့ ချွင်း
    ချက်တို့ဆိုတာရှိပါသလား ကျနော်ကတော့ ဥပဒေပညာရှင်မဟုတ်ပါ ဒါပေမည့် သိထား
    သလောက်တော့ နိုင်ငံခြားသားက ဒီနိုင်ငံ
    မှာမရွှေ့ပြောင်း နိုင်တဲ့ အိမ်မြေ ပိုင်ဆိုင်ခွင့်
    မရှိရပါဘူး ဟိုတလောကဖြစ်တဲ့ ရှမ်းမလေး
    ၅ ထပ်တိုက်ပေါ်ကကျသေတဲ့ ကိစ္စမှာ သူ့
    အမျိုးသားကနိုင်ငံခြားသားဖြစ်နေလို့မြေ
    အိမ်ဝယ်ခွင့် မရှိတာကို သူ့အမျိုးသ္မီးကနံမည်
    ခံဝယ်ရတယ်လေ ခုအမှုကျတော့နိုင်ငံ
    ခြားသားက ပိုင်ခွင့်ရပြန်ရော ဒီအမွေလု
    တာကလဲ ဦးအောင်ဆန်းဦးသဘောဖြစ်
    ဟန်မတူပါ ဦးအောင်ဆန်းဦးဇနီးနဲ့မိသား
    စုက ထိုစဉ်ကအစိုးရနဲ့ ပေါင်းလုပ်ကြတာပါ
    အရင်ကမဆုံးဖြတ်ရဲတဲ့ အမှု ခုမှသမ္မတဦး
    သိန်းစိန်ကို ယုံထင်ကြောင်ထင်ဖြစ်အောင်
    လုပ်လိုက်တာပါ တရားသူကြီးတွေက ကြံ့ဖွတ် အဖွဲ့ ၀င်တွေပါ အရင်က၀န်ထမ်း
    အားလုံးကြံ့ ဖွတ်ဝင်ရတယ်လေ ပြန်ထွက်
    တာမှမကြားသေးပဲ

    ReplyDelete
  10. ငါတို့အမေမှာ ပိုက်ဆံတွေအများကြီးရှိပါတယ် အမွေကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်လောက်အောင် လောဘ မတက်ပါဘူး

    ReplyDelete
  11. ဒီအိမ်ဟာ ဒေါ်ခင်ကြည် နေထိုင်ခဲ့တဲ့နေရာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် နေခဲ့ရတဲ့နေရာ၊ ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ သမိုင်းဝင်ထိန်းသိမ်းစောင့်ရှောက်ရမယ့် နေရာပါ။ ဒီအိမ်ရဲ့ နံရံတွေသာ စကားပြောနိုင်ခဲ့ရင် နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရတဲ့ မိသားစုဘ၀ကျိုးကြေခဲ့ရတဲ့ ပြည်သူ့အကျိုးကိုပဲကြည့်ခဲ့တဲ့၊ ပြည်သူ ချစ်တဲ့ အာဇာနည်မိန်းမသားတစ်ဦးရဲ့ မျက်ရည်တွေ၊ ခံစားချက်တွေကို ပြန်ပြောနိုင်မှာပါ။ ၀င်းနဲ့ ခြံနဲ့ ထည်ထည်ဝါ၀ါ ၊ ခမ်းခမ်းနားနား ဒီလို အိမ်မျိုးမှာ ပြည်သူ့ခေါင်းဆောင်က နိုင်ငံတကာက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ဆွေးနွေးဖို့လဲ တင့်တယ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီအိမ်ကြီးက အလွန်လိုက်ဖက်ပါတယ်။ ဦးအောင်ဆန်းဦးရေ ပျက်ခဲ့ရတဲ့ နံမယ်အတွက် အဖတ်ဆည်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ကြည်ဖြူဖြူနဲ့ ဒီအိမ်ကြီးကိုပေးလိုက်ပါလား။ နတ်၊ လူ သာဓု ခေါ်မှာပါ။ အဲ ဒီလိုမှ မဟုတ်ပဲ သိပ်ကို ငတ်ကြီးကျလွန်းရင်လဲ ကျွန်တော်တို့ ပြည်သူတွေ ၀ိုင်းပြီး ငွေစုပြီး ခင်ဗျားကို အိမ်တန်ဖိုး တ၀က် အမ်းပေးပါ့မယ်။ ဒီအိမ်ကြီးကိုတော့ မလိုချင်ပါနဲ့။

    ReplyDelete