Pages

Friday, June 22, 2012

ဦးရဲထွဋ်ရဲ့ တုန့်ပြန်ချက်

ဓာတ်ပုံ-ဧရာဝတီ

ကျွန်တော့ Account လည်း အလိုလို Lock လုပ်ခံထားရတာ ဒီနေ့မှ ပြန်ဖွင့်လို့ရပါတယ်။ ကျွန်တော် အခု ပါရီမှာရောက်နေတာပါ။ဒီနေ့ဖွင့်ကြည့်တော့ ဒိန်းမတ်အလုပ်ရုံဆွေးနွေးပွဲမှာ NLD က ဒေါ်မိုး လို့ မိတ်ဆက်ပြီးမေးခွန်းမေးတဲ့အမျိုးသမီးက ကျွန်တော့အဖြေကို လိုရာဆွဲပြီးတင်ထားတာတွေ့ရ ပါတယ်။ သူထမေးထဲက ကျွန်တော့်ကို ချောက်ချမယ်ဆိုတာသိလို့ အသံဖမ်းထားပါတယ်။

နေပြည်တော်ပြန်ရောက်တဲ့အခါ တင်ပေးပါ့မယ်။ အဖြေရဲ့လိုရင်းကတော့ ပါတီစုံခေတ်မှာ အစိုးရမီဒီယာအနေနဲ့ ပါတီများရဲ့သတင်းကိုဖော်ပြရာမှာ တိကျစွာစည်းကမ်းသတ်မှတ်ထားကြောင်း၊ ပုဂ္ဂိုလ်ရေးခရီးစဉ်၊ သက်ဆိုင်ရာပါတီရဲ့လှုပ်ရှားမှုသက်သက်ဆိုရင် ဖော်ပြခြင်းမပြုကြောင်း၊ လွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်ကိစ္စနဲ့သွားရင် ဖော်ပြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ကိုယ်စား သွားတာဆိုရင်ဖော်ပြမှာဖြစ်ကြောင်း၊ အစိုးရမီဒီယာအနေနဲ့ ပါတီငယ်များက ပါတီကြီးများကို ဘက်လိုက် တယ်လို့အထင်မခံနိုင်ကြောင်း၊ ကျန်ပြည်တွင်း မီဒီယာများမှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို လွတ်လပ်စွာ
ဖော်ပြခွင့်ပြုကြောင်း၊ ရွေးကောက်ပွဲတုံးကလည်း ပါတီအားလုံးကို တန်းတူပဲဖော်ပြ ပေးခဲ့ကြောင်း၊ ကျွန်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ လေးစားကြောင်း ဒါပေမယ့် လက်ရှိအချိန်မှာ အယ်ဒီတာ ဆိုင်ရာမူဝါဒကတော့ ဒီအတိုင်းပဲရှိဦးမှာဖြစ်ကြောင်း ဆိုပြီးဖြစ်ပါတယ်။

သူ့ကို လက်ညှိုး ထိုးပြောတယ် ဆိုတဲ့ပုံက ကျွန်တော်ပါဝါပွိုင့် ရှင်းတုံးရိုက် ထားတာပါ ။ နောက်က စာသားကိုကြည့်ရင်တွေ့နိုင်ပါတယ်။

သူမေးတာက ရှင်းပြ အပြီး တတိယမြောက်အဖြစ်မေးတာဖြစ်ပါတယ်။ ဒါဟာလည်း စာနယ်ဇင်း ကျင့်ဝတ်နဲ့ပတ်သက်ရင် ဒေါ်မိုးအနေနဲ့ ဘယ်လောက်လိုက်နာလည်းဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။

ဦးရဲထွဋ် ကတော့သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွင် အခုလိုပြန်လည် တုန့်ပြန်ထားတာဖြစ်ပါတယ်။

10 comments:

  1. တတ်လဲတတ်နိုင်ပါပေ့။ ဝေ့လည်တိုင်ပတ်
    လိုတဲ့အချိန် လိုက်နာလိုက် ။ မလိုတဲ့အခါ
    လုပ်ချင်ရာလုပ်
    ပြောချင်ရာပြော

    ReplyDelete
  2. ပြန်ကြားရေးဝန်ကြီးရဲ့ လက်ထောက်ပီပီ အပြောအဆို အရှောင်အတိမ်းက ဂျက်ဆီဂျိမ်းဘဲဗျ။

    ReplyDelete
  3. သဘောထားကြီးရတယ်ဟ နင်တို့ကအာဏာကိုယူထားတာ

    ReplyDelete
  4. အမှန်တရားဆိုတာဖုံးကွယ်လို့မရပါဘူး အမှန်အတိုင်း ဖြစ်အောင်လုပ်ကြပါ

    ReplyDelete
  5. အမှန်တရားကို လက်ခံနိုင်ပါစေ

    ReplyDelete
  6. ပါရီ? You means Paris, right?

    ReplyDelete
  7. Don't explain as rubbish.meaning is the same....you are representing as government media, should be honor to Daw Su since whole world is giving respect...
    - Anyway, according to your replied,we understood that you are not qualify as a professional.

    ReplyDelete
  8. ဟုတ်ကဲ့၊ ဦးရဲထွဋ် ခင်ဗျာ၊ နိုင်ငံပိုင်သတင်းစာ ကို ပြည်သူတွေ ဝယ်ဖတ်နေဒါ "နာရေးကြော်ငြာ" စာမျက်နှာတခုတည်း အတွက်ဖြစ်ပါကြောင်း လူကြီးမင်း သိပြီးဖြစ်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဒီလို လူမဖတ်တဲ့ သတင်းစာမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ကို မဖေါ်ပြဒါကိုပဲ ကျေးဇူးတင်ရမည် ဖြစ်ပါတယ်။ လူကြီးမင်း အခု ပါရီ တို့၊ ဒိန်းမတ်တို့၊ ရောက်တဲ့အခါ လူစုလူဝေးနှင့်သောင်းသောင်းဖျဖျ လာကြိုခြင်းခံရပါလား ခင်ဗျာ၊ မသိလို့မေးဒါပါ။

    ReplyDelete
  9. နှစ်ပေါင်း ၅၀ လောက်အတွင်း နိုင်ငံခေါင်းဆောင်တွေသွားတဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ယခုလို ပြည်သူလူထုကသောင်းသောင်းဖြဖြ ကြိုဆိုတာမရှိလောက်ဘူး ဒါကြောင့်ရှက်လို့ပါ မြန်မာနိုင်ငံမှ မြန်မာအမျိုးသမီးတစ်ဦး ကမ္ဘာကအသိမှတ်ပြုတဲ့ဆုတွေရတာ တစ်နိုင်ငံလုံးကဂုဏ်ယူရမှာပါ

    ReplyDelete
  10. ဦးရဲထွဋ်ရေ.......
    ဘုရားဟောနဲ့ပဲပြောပါရစေတော့....
    “ကိုယ့်စိတ်ကိုယ်စစ်ကြည့်ပါ”...။

    ReplyDelete