Pages

Thursday, June 21, 2012

ဦးရဲထွဋ်သို့ အိတ်ဖွင့်ပေးစာ.....


ဦးရဲထွဋ်ခင်ဗျား...ကျွန်တော်နဲ့ခင်ဗျားဟာလူချင်းသိဖို့နေနေသာသာ တွေ့ဖူးကြတဲ့သူတွေတောင် မဟုတ်လို့ အခုရေးတဲ့စာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စာ မဟုတ်ပါဘူး။

အင်တာဗျူးတစ်ခုမှာ ခင်ဗျားဖြေခဲ့တဲ့ အပေါ် ကျွန်တော့် အမြင်ကို ရိုးသားစွာ တင်ပြခြင်းလေးပါ။
နေဦးပြောရဦးမယ်။

အစပိုင်းက ကျွန်တော်နဲ့ခင်ဗျားမသိဘူးလို့ပြောခဲ့ပေမယ့် ခင်ဗျားကတော့ ကျွန်တော့်နာမည်ကို သိကောင်းသိနေမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရေးတဲ့ စာတွေ ကာတွန်းတွေရဲ့(၇၀) ရာခိုင်နှုန်းလောက် ဟာ ခင်ဗျားတို့ အဖွဲ့ရဲ့ သုတ်သင်ချေမှုန်းခြင်းခံခဲ့ရပါတယ်။ ဒီတော့ ဒီကလောင်အမည်လောက်ကတော့ ခင်ဗျားသိနေမှာပါ။

ခင်ဗျားတို့အတွက် နာမည်ပျက်စာရင်းဝင်ခဲ့တဲ့ ကျွန်တော်ကတော့ မလိမ်တမ်းပြောရရင် အရင်က ခင်ဗျားကို မသိပါဘူး။ နောက်ပိုင်း ဒီမိုကရေစီကို လိုလား သယောင်ယောင် ပြောတာတွေ ရေးတာတွေကြောင့် “ဒီလူဟာ စာပေ စိစစ်ရေးမှာ တာဝန်ယူနေရပေမယ့် မဆိုးရှာလောက်ဘူး”လို့ ထင်ယောင် ထင်မှားဖြစ်သွားခဲ့မိပါသေးတယ်။

အခုတော့ ခင်ဗျားဖြေတဲ့ အင်တာဗျူး ကိုဖတ်ပြီး ခင်ဗျားဟာ အတွေးအခေါ်ပိုင်းမှာ အင်မတန် ချွတ်ခြုံကျနေတဲ့ ဗျူရိုကရေစီသမားပါလားလို့ သိလိုက်ရပါတယ်။

ဘာတဲ့ ခင်ဗျားဖြေထားတာ “NLD ဟာ ပါတီအများထဲက ပါတီတခုသာဖြစ်ကြောင်း ၊ သူတို့ USDP ပါတီရဲ့ အမျိုးသမီး အမတ်တယောက်လိုပဲ ဒေါ်စုဟာ သာမန် အမတ်တယောက် သာ ဖြစ်ကြောင်း၊ ဒါကြောင့် သာမန် ပါတီတခုရဲ့ အမတ်တယောက်ကို နိုင်ငံပိုင် STATE Media က အထူးတလည် အရေးထားပြီး ဖော်ပြနေဖို့ မလိုဘူးတဲ့” ဟုတ်စ။


ဒီမယ်ဦးရဲထွဋ်ခင်ဗျား - ဒေါ်အောင်ဆန်းစုကြည်ဟာ သာမာန်အမျိုးသမီး သာမာန်ခေါင်းဆောင် မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ၊ ခင်ဗျားတို့ USDP ပါတီက အမျိုးသမီး အမတ်တွေမှာ အမျိုးသားခေါင်းဆောင်တစ်ဦးဦးရဲ့ သားသမီး တစ်ယောက်တလေများ ယောင်လို့မျှ ပါပါလေစခင်ဗျာ။

ဒါက သမိုင်းရဲ့မျိုးရိုး ဂုဏ်ကို ထင်သာမြင်သာ အရင်ပြောလိုက်တာ၊ အရည်အချင်းပိုင်းကတော့
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောမနေတော့ပါဘူး၊ပြောဖို့မှ မလိုတောတဲ့ဟာ၊မြန်မာသာမက တကမ္ဘာလုံးက သိပြီးသား၊ဒီနေရာမှာ ကြုံလို့ ခင်ဗျား ဗဟုသုတရအောင်ပြောပြရဦးမယ်၊ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျွန်တော် မိတ်ဆွေတစ်ယောက်နိုင်ငံခြားသွားတော့ ဘယ်နိုင်ငံ ကလဲလို့မေးတော့ မြန်မာနိုင်ငံတို့ ဗမာနိုင်ငံတို့ အမျိုးစုံအောင်ပြောပေမယ့် ဘယ်သူမှ မသိကြဘူး တဲ့။

နောက်တော့မှ ကျွန်တော့်မိတ်ဆွေက သူမှာပါလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ထုတ်ပြလိုက်တယ်တဲ့၊အဲဒီမှာမှ ဟာကနဲ ဖြစ်သွားပြီး သူတို့ဒီအမျိုးသမီးကို သိတဲ့အကြောင်းပြောပြီး တလေးတစား ဆက်ဆံခြင်းခံလိုက်ရပါတယ် တဲ့.။

ဒါဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာနဲ့ တည်ကြည်ရဲ့ရင့်မှုကို ကမ္ဘာက သိတဲ့သဘောပါ။ ခုလည်းကြည့်လေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာခရီးစဉ်တွေကို..၊ကြိုလိုက် ဆိုလိုက်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပရိသတ်တွေ၊ လူမျိုးပေါင်းကို စုံနေတာပဲ။

ခင်ဗျားပြောသလို “USDP ပါတီရဲ့ အမျိုးသမီး အမတ်တယောက်လို့ပဲ ”ထင်ရင် ခင်ဗျားရဲ့ USDP ပါတီရဲ့ အမျိုးသမီး အမတ်(တစ်ယောက်ထဲမဟုတ်ဘူးနော်) တစ်ဖွဲ့လုံးကို နိုင်ငံခြားလွှတ် ကြည့်လိုက်ပါ၊ ကယ်ရီသယ်တဲ့ လေယာဉ်ကွင်း လုပ်သားကတောင် လှည့်ကြည့်မှာ မဟုတ်ဘူး။

ဒီလောက်ဆို ကျွန်တော်တို့ အမေစုရဲ့ကမ္ဘာ့လူအများရဲ့ လေးစားကြည်ညိုမှုကို တွေးမိလိုက်ရောပေါ့၊ ဘယ်လိုလဲ ဦးရဲထွဋ်..တူမလား၊ နောက်ထပ် ခင်ဗျားဖြေထားတာ ရှိသေးတယ်..“ဒေါ်စုဟာ နိုင်ငံတကာက
ခေါင်းဆောင်ဟု ၊ ပြည်တွင်းတွင် လူထုခေါင်းဆောင်ဟု ကိုယ်ထင်၇ာကို ဆွဲပြီး တွေးနေတာ ဖြစ်ကြောင်း ၊ အမှန်မှာ ဒေါ်စုဟာသာမန်ပါတီ တစ်ခုက သာမန် အမတ် တယောက်သာ ဖြစ်ကြောင်း” ပြန်လည်ဖြေကြားသွားပါတယ်။

သြော်ဦးရဲထွဋ် ဦးရဲထွဋ်..ကျွတ်..ကျွတ်...ကျွတ်..၊ခင်ဗျားဟာ ငါတို့အဖွဲ့ကလွဲပြီး ကျန်ပြည်သူတွေဟာ အလကား အရည်အချင်းမရှိတဲ့ ငတုံးတွေ ဆိုတဲ့ အတွေးဟာ ပျောက်ပဲ မပျောက်နိုင်သေးပါလား။

အဲဒီလို အယူအဆမှားတွေကြောင့် ကျွန်တော်တို့နိုင်ငံကြီး စုတ်ပြတ်သတ်သွားတာ ခင်ဗျားပြန် မဆန်းစစ်မိသေးပါလား ၊နိုင်ငံရေးဆိုတာ စစ်ရေးနဲ့ မတူဘူးခင်ဗျ ၊ နိုင်ငံရေးမှာ လူထုခေါင်းဆောင် ဆိုတာ ပြည်သူက သူတို့ချစ်မှ ကြည်ညိုမှ ယုံကြည်မှ တခဲနက် သတ်မှတ်ကြတာ၊ စစ်ေ၇းမှာကတော့ (အရင်ကဆို) တိုက်(၄)တိုက်နဲ့ပြည့်စုံလို့ အဆင့်မြင့်ရာထူးတွေ ရသွားတဲ့ သူတွေ ရှိဖူးတယ် ဆိုတာ ခင်ဗျား သိမှာပါ။

ခင်ဗျားသိပါတယ်၊(ခင်ဗျားတောင် ပါချင်ပါဖူးခဲ့မှာပါ)၊တိုက်(၄)တိုက်ဆိုတာ လူကြီးကို ဖိနပ် တိုက်ပေးတယ်၊ လူကြီးကို အချိန်မှန်ဆေးတိုက်ပေးတယ်၊ လူကြီးကို ခါးပတ်ခေါင်းတွေ ပြောင်နေအောင်တိုက်ပေးတယ်၊ပြီးတော့ အရက်အချိန်မှန်တိုက်ပေးတယ်၊အဲဒီတိုက်(၄)တိုက်လေ၊ခုခေတ် မဟုတ်ဘူးနော်၊ ခင်ဗျားတို့ ခေတ် ကဟာတွေပြောရတာ..။

တော်ပြီ တော်ပြီ၊ ခင်ဗျားကို ဒီစာတွေရေးရတာ ကိုယ့်အတွေး ကိုယ်အရေးကိုနှမြောတယ်၊
ဆက်မရေးချင်တော့ဘူး၊ ခင်ဗျားကို အကြံလေးတစ်ခုပဲပေးချင်တယ်၊ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း များများဖတ်ပါ၊ များများနားထောင်ပါ။

အဲဒီအခါ ခင်ဗျားတို့ အဖေတွေ..အဘတွေပြောခဲ့တာနဲ့ (လူထုအပေါ်ထားတဲ့စေတနာချင်း) ဘယ်လောက်ကွာတယ် ဆိုတာ သိလာရလိမ့်မယ်၊ ခင်ဗျားကြားဖူး ခဲ့တဲ့ ခင်ဗျားရဲ့ အကြီး အကဲတွေရဲ့လျှာဖျားက မိန့်ခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးသားက လာတဲ့ မိန့်ခွန်း တန်ဘိုးချင်း ကွာခြားပုံတွေကို...။

ဟာဂျူလီ(ကသာ)



26 comments:

  1. very nice writing and very brave guy.
    any exile media or journalist do not dare to write like this

    ReplyDelete
  2. One of the best open letter of our time.

    ReplyDelete
  3. Very Good,
    I fully agree and support.
    These peoples have no brain in their head or full with shit.
    Too much jealousy, because they don't have capability as Daw Su.

    ReplyDelete
  4. ဟယ် အို ဟာ အံ့ရော
    ရေးတတ်လိုက်တာ
    ကဲ မမှတ်သေးဘူးလား
    ကမ္ဘာမှာဘာတွေဖြစ်နေတယ်ဆိုတာ
    ပြောပြရအုံးမှာလား ဟားဟား

    ReplyDelete
  5. writer is mad about DASSK.But U Yee Htut is staff of government.So writer is not any staff level of government before.Government is for all.Not for 1 person. My be DASSK is graet.But in the village girl also the same of public as DASSK.We need to follow for all. Understand it or not. Sory for your poor view.

    ReplyDelete
    Replies
    1. သာမန်ပြည်သူတယောက် နိင်ငံတကာအသိအမှတ်ပြုဘွဲ့တခုရတာကို တချက်ထဲဂေါက်သီးကျင်းဝင်တဲ့သတင်းလောက်အရေးမကြီးဘူးတဲ့ပုံစံလုပ်နေတဲ့အစိုးရမီဒီယာ ဒီတခါပဲတွေ့ဘူးတယ်၊တကမ္ဘာလုံးအသိအမှတ်ပြုတယ်၊ပြည်သူတွေလဲအသိအမှတ်ပြုတယ်၊နဲနဲ လွတ်နေတဲ့တအုပ်စုကလွဲရင်ပေါ့၊တရွာလုံးနဲ့တယောက်ဆိုတော့ဆိုတော့ တရွာလုံးမှားတာပေါ့၊ရှက်တတ်ရင်လဲသေလိုက်ပါ။ငါတို့ကတော့အမှန်တရား၊ယုံကြည်မှုနဲ့ကိယ်ကျင့်တရားကို ထမင်းနဲ့လဲမစားဘူး။မျိုးရိုး၊နေရပ်လိပ်စာ၊ပညာအရည်အချင်း၊ဖုန်းနံပါတ်တွေဖေါ်ပြပြီး ဆွေးနွေးရအောင်လားကွာ။သာမာန် BSC လောက်နဲ့စစ်ဗိုလ်၊တကမ္ဘာလုံးနဲ့ဆိုင်တဲ့အစည်းအဝေးတွေမှာ သူတင်ငါတင်မဆွေးနွေးနိင်တဲ့ နိင်ငံခေါင်းဆောင်၊ပြည်သူ့မဲနဲ့မတက်လာတဲ့အစိုးရ၊အထင်မကြီးလို့ပါသူငယ်ချင်း၊

      Delete
  6. ဟာကျူလီ(ကသာ)တို့ကတော့ ကာတွန်းရေးဆွဲရာမှာသာ ပြောင်မြောက်သည် မဟုတ်၊ စာရေးရာမှာလည်း ထိမိပေသကိုး။
    ဒါပေမဲ့ ရဲထွဋ်ကလဲ တိုက်(၄)တိုက်နဲ့ ရာထူးရလာခဲ့တာဆိုတော့ ဘာမှ အတွေးအခေါ်ရှိတဲ့ကောင်မဟုတ်ဘူး။
    မီဒီယာလွတ်လပ်တဲ့ခေတ်မှာ သူပြောချင်တာ ပြောတိုင်း လူတွေက ငုံ့ခံနေကြမှာ မဟုတ်ဘူးဆိုတာတော့ ဒီကောင်သိလောက်ပါပြီ။

    ReplyDelete
  7. To Anonymous

    "writer is mad about DASSK.But U Yee Htut is staff of government.So writer is not any staff level of government before.Government is for all.Not for 1 person. My be DASSK is graet.But in the village girl also the same of public as DASSK.We need to follow for all. Understand it or not. Sory for your poor view."
    -------------------------------

    I have no idea to argue with you about your comment because I can guess your thinking level, but just want to point out one ugly thing.

    If you don't understand English, simply write in Myanmar. Everybody can understand what you mean.
    I don't simply understand what you meant because of your spelling and grammatical errors. First of all, learn proper English before writing rubbish.

    ReplyDelete
  8. ရေဒီယိုမှာလွှင့်ခဲ့တဲ့သီချင်းလေးပြန်ဆိုပြမယ်နော်...

    ကိုယိ့ထက်သာရင်မနာလိုတက်တဲ့ သဘောတွေမမှန်ပါ
    မနောကလေးလှကြပါ ။

    ReplyDelete
  9. ဧရာဝတီ ဘလော့ ခင်ဗျား
    သတင်းမှန်ကိုသာ ဦးစားပေးတယ်ဆိုရင်
    ဦးရဲထွဋ်ရဲ့ ပြန်လည် ရှင်းလင်းချက်ကိုလည်း တင်ပေးစေလိုပါတယ်။
    http://www.facebook.com/ye.htut.988/posts/251079268339016

    ReplyDelete
  10. အပေါ်က ပုဂ္ဂိုလ်ကို ပြောချင်ပါတယ်။ အင်္ဂလိပ်လို ရေးထားတာကို မနည်းကြိုးစားဖတ်ကြည့်ပြီး နည်းနည်းတော့ ရိပ်ဖမ်းသံဖမ်းသိပါတယ်။ စာရေးသူက ဒေါ်အောင်ဆန်းစုကြည်ကို ရူးသွပ်တယ်လို့ ဆိုလိုချင်ပုံ ရပါတယ်။ ရူးသွပ်တော့ကော ဘာဖြစ်ပါသလဲ၊ ဘာမှ အမှားမရှိပါဘူး။ ဝန်ထမ်းဖြစ်တာတွေ၊ မဖြစ်တာတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကြည်ညိုလေးစားတာ ဘာမှ မဆိုင်ပါဘူး။ ကျနော် အသက် ၅ဝ ကျော်ပါပြီ၊ ဆရာဝန်တစ်ဦးပါ၊ တပ်မတော်မှာ အမှုထမ်းခဲ့ဘူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လောက် မှန်တာကိုပြောရဲတဲ့သူ၊ မိမိယုံကြည်ရာကို တစိုက်မတ်မတ် (ဘာကိုမှ မကြောက်ပဲ) ပြောရဲတဲ့သူ၊ လုပ်ရဲတဲ့သူ ကျနော့် တသက်မှာ (တပ်မတော်ထဲမှာတောင်) မတွေ့ခဲ့ဘူးသေးပါဘူး။ ကျနော့်ကိုလည်း အထက်က စာရေးဆရာကို ခင်ဗျားစွပ်စွဲသလိုပဲ စွပ်စွဲနိုင်ပါတယ်။ ဝမ်းနည်းစရာ၊ ရှက်စရာ မဟုတ်ပါ။ ဒီလို တခေတ်မှာ တစ်ယောက် ကျနော်တို့တိုင်းပြည် ကံကောင်းလွန်းလို့ ထွန်းပေါ်ခဲ့တဲ့ မွေးရာပါ ခေါင်းဆောင်ကောင်းတစ်ယောက်၊ အတိုင်းတိုင်းအပြည်ပြည်က ခန့်ညားလေးစားကြသူတစ်ယောက်ကို ထိုက်တန်စွာ နေရာမပေးချင်တာ၊ နေရာမထားနိုင်တာဟာ သိမ်ငယ်စိတ်၊ အငုံ့စိတ် ဝင်နေကြတဲ့ ယောက်ျားမပီသတဲ့ သူတွေမို့လို့ပါ။ တစ်ယောက်ထဲ အပြေးပြိုင်နေကြတာလည်း ကြာလှပေါ့၊ ပန်းတိုင်ကလည်း ဝေးသထက်ဝေး၊ နောက်ကိုပြန်ပြန်လှည့်သွားတတ်ကြလွန်းလို့ အိမ်နီးချင်း နိုင်ငံတွေကတောင် ကျောက်ခေတ် တိုင်းပြည်လို့ ခေါ်နေကြပါပြီ။ ပြောင်းလဲမှ တိုးတက်မှာပါ၊ အပြောင်းအလဲကို မကြောက်ကြပါနဲ့၊ နောက်ပြန် မလှည့်ချင်ကြပါနဲ့၊ ဒါဟာ ကျနော် အစွဲကင်းကငိးနဲ့ ပြောတာပါ။ ခင်ဗျားလည်း အစွဲကင်းကင်းလေးနဲ့ အရာရာကိုမြင်နိုင်အောင်၊ စဉ်းစားနိုင်အောင် ကြိုးစားပါ၊ ခင်ဗျားရဲ့ English ကိုလည်း နည်းနည်း polish လုပ်လိုက်ပါဦး၊ စေတနာနဲ့ပြောတာပါ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  11. @June 21, 2012 5:11 PM, You are mad too. DASSK is not a normal public any more, she is the Member of Parliament and most importantly she is loved by the majority of Burmese people and admired by many people in the world. You need to read news locally and internationally, not just New Light of Myanmar. Yes I understand your poor view. And I am sorry for you.

    ReplyDelete
  12. မှန်လိုက်တာဗျာ မှန်တာတွေရေးရဲတဲ့ ဟာကြူလီ(ကသာ)ကိုလေးစားသွားပြီဗျို့

    ReplyDelete
  13. Anonymous... Very poor English and I can't understand what you want to say.

    ReplyDelete
  14. ကျွန်တော်တို့အားလုံး
    ယဉ်ကျေးစွာဝေဖန်တတ်သူများဖြစ်အောင်ကြိုးစားကြရပါမယ်။
    သဘောထားမတူရင်တောင်ပညာသားပါပါပြောတတ်ကြရပါမယ်၊
    ဒါမှပိုမိုကောင်းမွန်တဲ့လောကကိုတည်ဆောက်နိုင်မှာပါ။
    ကျွန်တော်တို့လိုပညာတတ်လူလတ်တန်းစားကလူထုကိုကောင်းမွန်
    တဲ့အသိတွေကိုယုံဖြန့်ဝေပေးနိုင်မှာပါ။

    အစွန်းရောက်မျိုးချစ်ပုဂ္ဂိုလ်များမဖြစ်ကြပါစေနဲ့လို့ စာရေးသူ နှင့်
    ဝေဖန်ခံရသူ နှစ်ဦးလုံးအတွက်ဆုတောင်းပါတယ်။

    ကျွန်တော် မိုးလှိုင်ပါ

    ReplyDelete
  15. It is not his poor view. It is the world's view.

    ReplyDelete
  16. Bravo. ... I 100% support u.

    ReplyDelete
  17. အော် ကိုယ်တိုင်လဲ နိုဘယ်ဆုရအောင်မလုပ်နိုင် ရတဲ့လူကိုလဲစော်ကား


    ကိုယ်ရာထူးကိုပြန်ကြည့်ပြီ စကားကိုဆင်ဆင်ခြင်ခြင်ပြောသင့်ပါတယ်
    သင်နိုင်ငံတာကာသွားလျှင် အမေစုလို ကမ္ဘာထိပ်သီးခေါင်းဆောင်ကအချိန်ပေးပီလာတွေ လာကြိုမလာ

    ReplyDelete
  18. အဲဒါတော့အမှန်ပဲဗျ။မြန်မာလို့၊ဗမာလို့ပြောရင်တော်တော်ရှင်းရတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံလို့ပြောရင်တော်တော်များများသိတယ်။

    ReplyDelete
  19. They're educated but thy've brain washed.they're narrow minded.

    ReplyDelete
  20. Maung Ye Htut ...,
    You are very samply like a frog till now .
    Please regard that what is your level and roal ? What is representer of servant ?
    I suggested you honestly that shall study gloval improvement and lift up your role accordingly .
    That place are not your internal MRTV interview .You are representer of Burma Country .Please step up for Country Roal .
    Thanks for teaching as a primary level student on you .

    ReplyDelete
  21. The above anonymous must be a young cadet whom had been brainwashed and blinded by the Generals.

    What a fool! Showing off to the world how capable you are? Writing in English with this standard? Which school you graduated from? Please just write in English if you can't. Or to comment this level of magnitude, please study or learn English for about 15 more years. And open your eyes to see the reality.

    From an ordinary person.

    ReplyDelete
  22. ကျွန်မတို.ပြောချင်နေတဲ.အကြောင်းတွေကို ဦးဟာဂျူလီ(ကသာ)ပြောပြလိုက်လို. အ၇မ်းကိုကျေးဇူးတင်ပါတယ်။ အခုထိ မြန်မာပြည်ကအုပ်ချုပ်သူလူကြီးတွေ အိပ်နေကြတုန်းဘဲကိုး။

    ReplyDelete
  23. အရှိကိုအရှိအတိုင်း အမှန်ကို အမှန်
    အတိုင်းမြင်နိုင်အောင်ကြိုးစားပါ
    ကိုဟာကြူလီ ခင်ဗျားကောဘယ်လောက်မှန်နေသလဲ
    ခင်ဗျားလည်းအစွန်းရောက်သမားပဲ
    စွာတာကတော့ ငါးစိမ်းသည်ပဲ

    ReplyDelete
  24. Mg lay Ye Htut said he is now at the Paris,
    I don't under stand such king of this man, what are he doing there.they are should not be representative for our people.

    ReplyDelete
  25. အေတူကန်June 22, 2012 at 8:56 PM

    မောင်ရဲထွဋ်အတွက် ဟစ်ပ်ဟော့ပ်-
    (အရည်ထုပ် သံစဉ်အတိုင်းသီဆိုရန်)

    မကောင်းတာတွေစား၊ ပေါက်ကရတွေပြော သတိထား၊ မင်း လူပေါင်းမှားနေတော့၊ ငါတို့ က ပြင်ပေးလို့ မရ၊ မင်းအကျင့်ကို လူတွေ အထင်သေး၊ မင်းအဘတွေ သင်ပေးထားသလို၊ ဆိုးပြီးရင်း ဆိုးဖို့ ပြင်နေ၊ မင်းတစ်ယောက်ထဲ အလွဲတွေကိုပြော၊ မင်းတစ်ယောက်ထဲလွဲ၊ မင်းတစ်ယောက်ထဲပဲ၊ လူတွေဝိုးင်းဆွဲ လမ်းမှားနေခဲ့...................

    ReplyDelete