Pages

Saturday, June 23, 2012

Facebook မှာ မေးနေကြတဲ့ မေးခွန်း


ခုတလော Facebook မှာ လက်ဆင့်ကမ်းနေကြတဲ့ထဲက တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်သတင်းနဲ့ ပတ်သက်ပါတယ်။ ဗြိတိန်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့တာကို မြန်မာသတင်းစာတွေက ဖော်ပြသင့်တယ်ဆိုတာ သဘောတူပါသလား တဲ့။

နိုင်ငံပိုင်သတင်းစာတွေကို အစိုးရက ချုပ်ကိုင်ထားတဲ့အတွက် အစိုးရအာဘော် သတင်းစာတွေ ဖြစ်နေပါပြီ။

အစိုးရက သူတို့မကြိုက်တဲ့အကြောင်းအရာတွေဆိုရင် ဘယ်တော့မှ ဖော်ပြလေ့ မရှိပါဘူး။

ဆင်ဖြူတွေအကြောင်းကိုတော့ မျက်နှာဖုံးမှာ အရေးတယူ ဖော်ပြတတ်တယ် လို့ Facebook မှာ ဝေဖန်နေကြပါတယ်။

5 comments:

  1. နိုင်ငံပိုင် သတင်းစာ သည် ပြည်သူပိုင် သတင်းစာ မဟုတ်သည်မှာ ကြာပာပြီ

    ReplyDelete
  2. ကျော်ဆန်းပိုင်သတင်းစာပါဆိုနေမှ ဒီမေးခွန်းမျိုး မေးနေစရာလိုသေးလား။ ခက်ပါဘိ။

    ReplyDelete
  3. တကယ်လို့ လွှတ်တော်ထဲက၊ နိုင်ငံရေးလောကထဲက လူတွေဟာ မနာလိုဝန်တိုမှု ကင်းရှင်းတဲ့၊ အရှိကို အရှိအတိုင်း မြင်တတ်တဲ့ သူတော်ကောင်း သူမြတ်လောင်းတွေချဉ်းပဲ ဆိုရင်တော့ ဒေါ်စုသတင်းကို ထည့်ပေးသင့်တယ်လို့ဖြေရမှာပေါ့။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ အဲဒီလို လုပ်လို့ မရသေးဘူး ထင်ပါတယ်။ တော်ကြာ ကြွက်စုတ်ပါတီက လွှတ်တော်အမတ် ကြွက်တွင်းနိုင်ငံသွားပြီး နိုက်ကလပ် တက်တာက အစ သတင်းစာမျက်နှာဖုံး မှာ ထည့်ပေးပါဆို ဘယ့်နဲ့လုပ်မှာလဲ။

    ReplyDelete
  4. ရိုးရိုးနိုင်ငံသားရှမ်းကလေးတယောက် ဟင်နရီဒူးနန့်ဆုရတာတောင် ဖေါ်ပြခဲ့သေးတာ
    နိုဘယ်ဆုရတဲ့ နိုင်ငံသားကို ဘာကြာင့်မဖေါ်ပြနိုင်ရမှာလဲဗျာ။

    ReplyDelete
  5. Don't say that...alater Nobel kyaw kyaw may block her work.... :-) dunens(sorry if spelling wrong) and Nobel is different... one is humanities one is political.....

    ReplyDelete