ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ မီးရထား ၀န်ကြီး ဦးအောင်မင်းနဲ့ တချိန်က မြေအောက် ဂီတ လူငယ်များအဖြစ် နေခဲ့ရာက မကြာသေးမီကမှ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း နေထိုင်လာခဲ့တဲ့ Generation Wave အဖွဲ့က ခေါင်းဆောင် တချို့ဟာ ရန်ကုန် မြို့ တနေရာမှာ တွေ့ဆုံဖြစ်ကြတဲ့ မှတ်တမ်း ဓာတ်ပုံလေးပါ။
Moe Thway ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖော်ပြထားတာလေးပါ။ ဘယ်နေ့ ၊ ဘယ်အချိန်မှာ ဘယ်လောက်ကြာတွေ့ခဲ့ပြီး ဘာတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်ဆိုတာ ဘာမှ သေသေချာချာ မသိဘူး။ ဓာတ်ပုံထဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး လိုက်စကားပြောနေတဲ့ ၀န်ကြီး ဦးအောင်မင်း၊ အီးဂရက်စ်က ဦးလှမောင်ရွှေ တို့နဲ့ အတူ GW ခေါင်းဆောင်တချို့ကို အတူတူတွေ့ရမှာပါ။
ယခု နေပြည်တော် မဲဆန္ဒနယ်တခုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် ခေါ် ကိုဇေယျာသော်ကတော့ တချိန်က ဒီ အဖွဲ့ထဲက သူတဦးလည်း ဖြစ်ပါတယ်။

LONG LIVE U Aung Min & memmbers of GW.
ReplyDeleteA Great LEAP forward in the democratic & PEACE direction .