Pages

Monday, July 23, 2012

ကိုမြအေးရဲ့ "မိုးကောင်းကင်၌ တိမ်တိုက်များ" ထွက်မည်

ဓာတ်ပုံ- ကိုမြအေး

အခု တလော ကျောင်းသားခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ စာပေအနုပညာ လက်ရာတွေကို စာပေစိစစ်ရေးက ခွင့်ပြုချက်တွေ ကျလာတာကြောင့် ဆက်တိုက်ထွက်ရှိလာပါတယ်။

မကြာသေးမီးကပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ဆိုတဲ့ ရှစ်လေးလုံး သမိုင်းနောက်ခံနဲ့ လုံးချင်း အချစ်ဝတ္တု ထွက်ပေါ်လာခဲ့ပြီး ရုပ်ရှင် ရိုက်ဖို့ အထိဖြစ်လာခဲ့ပါတယ်။
ဒီအရင်ကလည်း ကိုဂျင်မီရဲ့ အနုပညာ လက်ရာ ထွက်ခဲ့ဖူးပါသေးတယ်။

အခုတော့ ကိုမြအေးရဲ့ လုံးချင်း ၀တ္တုနဲ့ပတ်သက်ပြီး သူကိုတိုင် အခုလို ကြော်ညာ ထားပါတယ်။

"ကျွန်တော် မြအေး၏ "မိုးကောင်းကင်၌ တိမ်တိုက်များ"လုံးချင်းဝတ္တုအား စာပေစိစစ်ရေးမှ ခွင့်ပြုချက် ရပြီး
ဖြစ်သောကြောင့် သြဂုတ်လ အတွင်းတွင် ထွက်ရှိမည်ဖြစ်ပါကြောင်း" တဲ့။


ကျောင်းသားခေါင်းဆောင်တွေဟာ အနုပညာဝါသနာ ပါသူတွေလည်းဖြစ်ပါတယ်။ အခု ကိုမြအေးရဲ့ စာအုပ် မျက်နှာဖုံး ပန်းချီ ကိုတော့ ကိုပြုံးချိုက ရေးဆွဲပေးထားတာဖြစ်ပါတယ်။

ကိုမြအေးနဲ့ပတ်သက်ပြီး စပယ်ဖြူ မဂ္ဂဇင်း က ပြောထားတာကတော့ "
ကိုမြအေးက စာတွေ ကဗျာတွေ အများကြီးရေးဖူးပါတယ်.. ထောင်ကျစဉ် အတွင်းမှာပါ...သီချင်းတွေလည်း ရေးခဲ့ဖူးပါတယ်.. ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အနုပညာကိုလည်း ၀ါသနာပါပါတယ်.. ကိုပြုံးချိုရဲ့ ကာဗာ ပန်းချီလက်ရာလေးကိုပါ ချီးမွမ်းကြပါစို့ " လို့ ဆိုထားပါတယ်။

2 comments:

  1. I'd also like to read the books of U Ko Ko Gyi, Ko Htay Kywe and others.

    I think U Ko Ko Gyi is also a good writer as I have read his good writing in the past. If he uses his way of political thinking and writing style, a very interesting book will be appeared, I believe.

    ReplyDelete
  2. စပါယ်ဖြူ မဂ္ဂဇင်းက မဟုတ်ပါဘူး.. ကျမ ကော့မန့်အနေနဲ့ရေးထားတာပါ.. ကျမ ရှေ့ က ညီမငယ်တစ်ဦးမေးတဲ့ မေးခွန်းကိုဖြေရင်းရေးထားတာပါ...စပါယ်ဖြူဖေ့ဘုတ်ပါ...

    ReplyDelete