Pages

Friday, July 27, 2012

သူတို့လို လေးစား တန်ဘိုးထားတတ်ရင်

ဓာတ်ပုံ- Sai Naw's facebook

ဖေ့စ်ဘုတ်စာမျက်တခုဖြစ်တဲ့ Sai Naw ဆီက တွေ့ရတဲ့ ဓာတ်ပုံ တခုပါ။ ဒီဓာတ်ပုံဟာ ဘာ ဖိုတိုရှော့မှ မလုပ် ထားပါတယ်။ ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ဘယ်နေရာ ဘယ်ဒေသမှာဆိုတာ ဖော်ပြမထားပေမယ့် ဓာတ်ပုံပါ ကလေးငယ်တွေရဲ့ လုပ်ဆောင်ချက်က အလွန် လေးစားစရာ ကောင်းပါတယ်။

အလံတိုင် ရှေ့မှာ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ကို အလေးအမြတ်ပြုနေတာဟာ သူတို့ အသက်အရွယ်နဲ့ အသိစိတ်က မမျှအောင် မြင့်မြတ်ပါတယ်။

ဟိုတလောက ဆောင်းပါးလေး တပုဒ်ကို သတိရမိပါတယ်။ ရုပ်ရှင်ရုံထဲ နိုင်ငံတော် အလံ လွှင့်ထူစဉ် မတ်တတ်ရပ်ပြီး အလေးမပြုတဲ့ လူကြီးဆိုသူများအတွက် ဒီဓာတ်ပုံလေးက အရှက်ရစေမှာဖြစ်ပါတယ်။

1 comment:

  1. ကျနော်တို့ လည်း နိုင်ငံတော် အလံကို အလေးချင်ပါတယ်။ ဘယ်အလံကို အလေးပြုမှာလဲ။ စစ်အာဏာရှင်တွေ အတင်းပြောင်းခဲ့တဲ့ အလံကို နိုင်ငံတော်အလံလို့  လုံးဝ လုံးဝ မယူဆပါ။

    ReplyDelete