Pages

Wednesday, July 25, 2012

ဦးအောင်သိန်းလင်းက တရုတ်သတင်းစာဖော်ပြချက်ကို ငြင်းဆို

ဓာတ်ပုံ- Popular Myanmar News Journal's facebook

မကြာခင်က ပွဲဆူသွားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဦးအောင်သိန်းလင်းက ယနေ့ ထွက်ရှိ တဲ့ ပေါ်ပြူလာ ဂျာနယ်မှာ တုံ့ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံထုတ် သတင်းစာတခုဖြစ်တဲ့ Southern Weekend အပတ်စဉ် သတင်းစာ မှာ ဖော်ပြထားချက်တွေဟာ မိမိဖြေဆိုမှုနှင့် လွဲမှားနေတယ်လို့ ပေါ်ပြူလာ သတင်းဂျာနယ်ကို ဇူလိုင်လ ၂၃ ရက်နေ့က ဆက်သွယ် မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်တဲ့။

တရုတ်ထုတ်
南方周末 - Southern Weekly (Southern Weekend) အပတ်စဉ် သတင်းစာမှာ သူပြောခဲ့တာ ကို ဖော်ပြထားတာကတော့ " မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာ ဦးသိန်းစိန် တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ၊ လွှတ်တော်ရဲ့ အတည်ပြုချက် မဟုတ်ဘူး၊ ကျုပ်တို့က တရုတ်နဲ့ မြန်မာကြား နားလည်မှု လွဲမှားသွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို အားလုံး ကန့်ကွက်ခဲ့ကြတာ၊ ဘယ်နှယ့်ဗျာ ဒီလောက် အရေးကြီးတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်။ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံ
လောက်မှုကို အများကြီး အကျိုးပြုမယ့် စီမံကိန်းဗျ၊ ဒီစီမံကိန်း ပြန်ကို ပြန်စရမယ်ဗျာ" လို့ ဦးအောင်သိန်းလင်း က ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ သတင်းစာမှာပဲ သူက ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ ဘဲဥ မကွဲပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ အနိုင်ရသွားတာဟာ "ပြည်သူတွေက ရူးလို့ပေါ့"ဟု ပြောခဲ့တာကို ဖော်ပြ ထားပါတယ်။

ဦးအောင်သိန်းလင်းက မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ထင်ထင်ရှားရှားဖြစ်အောင် သေချာ စမ်းစစ်လေ့လာ သုံးသပ်သင့်တယ်လို့သာပြောခဲ့ တာပါတဲ့။ သူနဲ့ အင်တာဗျူးတဲ့ တရုတ် သတင်းစာက ဘာသာပြန် လွဲမှားဖော်ပြ ချက်သာဖြစ်ပြီး သူ့အနေနဲ့ ပြည်သူတွေနဲ့ သဘောထား တထပ်တည်းရှိကြောင်း တုံ့ပြန် ထားတယ်လို့ သိရပါတယ်။

ဦးအောင်သိန်းလင်း ဘယ်လို ပြန်ကုစားပြီး ဘယ်လို ဖြေထားတယ်ဆိုတာတွေ အသေးစိတ်သိနိုင်ဖို့ ယနေ့ ထွက်ရှိမယ့် ပေါ်ပြူလာ သတင်းဂျာနယ်ကို ဖတ်ကြည့်နိုင်ရန် လက်တို့ လိုက်ပါတယ်။

ပေါ်ပြူလာ ဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဤသတင်းကို အစ ဖော်ပြထားပါတယ်။ ဤနေရာလေးကို နှိပ်ပြီး အမြည်း သွားကြည့်နိုင်ပါတယ်။


ဆက်စပ်သတင်း။

"ပြည်သူတွေက ရူးလို့ပေါ့"

5 comments:

  1. Don't be panic.everything over

    ReplyDelete
  2. ခုတမျိုးတော်ကြာတမျိုးပြောတာ ခင်ဗျားတို့ချယ်လှယ်ခဲ့တဲ့အရင်တုံးကဘဲရမယ်.....
    ခေတ်ကုန်ပြီဦးအောင်သိန်းလင်း.......
    ရအုံးမလားဆိုပြီးလာမစမ်းနဲ့.။။.......

    ReplyDelete
  3. ATL, you days & life will be harder than Gadafi. That's all i can tell you, mark my words.

    ReplyDelete
  4. " စကားခြောက်ခွန်း ၊ လူ၌ထွန်း
    လေးခွန်းကိုပယ်...နှစ်ခွန်းတည်...။ "

    ၁။ ဟုတ်လည်းမဟုတ်၊ သူလည်းမကြားနာလို၊ အကျိုးလည်းမရှိ။
    ၂။ ဟုတ်ကားဟုတ်၏ ၊ သူကားမကြားနာလို၊ အကျိုးလည်းမရှိ။
    ၃။ ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူကားကြားနာလို၏။
    ၄။ ဟုတ်လည်းဟုတ်၏၊ ၊ သူလည်းကြားနာလို၏ ၊ အကျိုးကားမရှိ။
    ၅။ ဟုတ်လည်းဟုတ်၏ ၊ အကျိုးလည်းရှိ၏ ၊ သူကားမကြားနာလို။
    ၆။ ဟုတ်လည်းဟုတ်၏ ၊ သူလည်းကြားနညလို၏ ၊ အကျိုးလည်းရှိ၏ ။
    စကားပြောဆိုရာ၌ ၅ နှင့် ၆ ကိုသာ ပြောဆိုရာ၏ ။ ၁၊ ၂၊ ၃၊ ၄ ကိုပယ်ရ၏ ။

    ReplyDelete
  5. လူလိမ်၊လူညာ၊လူလည်ကြီးရယ်...တော်ရုံဖြီးပေါ့ကွယ်။
့မြန်မာပြည်မှာဆက်ရှင်ချင်ရင်..မြန်မြန်ဝန်ခံလိုက်ပေါ့ကွယ်။

    ReplyDelete