Pages

Sunday, July 29, 2012

သက်ဝင်းအောင်ရဲ့ အရိုးအုတ်ဂူကို နောင်တော်များ သွားရောက် အလေးပြု

ဓာတ်ပုံ- အံ့ဘွယ်ကျော် (၈၈)

မန္တလေးကို ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် အစရှိတဲ့သူတွေဟာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှာ မန္တလေးထောင်အတွင်း ကျဆုံးသွားခဲ့တဲ့ ညီလေး သက်ဝင်းအောင်ရဲ့ အရိုးအိုး အုတ်ဂူကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်က သွားရောက် အလေးပြု ခဲ့ကြတဲ့ မြင်ကွင်းပါ။

ကိုသက်ဝင်းအောင်ဟာ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်ပြီး ကိုပြုံးချိုရဲ့ ညီအရင်းလည်းဖြစ်ပါတယ်။ အခုအချိန်ထိတော့ ကိုသက်ဝင်းအောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ပေး အရေးယူမှု တစုံတရာ မရှိသေး ပါဘူး။

2 comments:

  1. ကောင်းရာသုဂတိလားပါစေ သက်ဝင်းအောင်၊ ငယ်ငယ်ကတည်းက တစ်ကျောင်းတည်းနေလာတဲ့ မင်းအတွက်၊ ငါစိတ်မကောင်းပါဘူး။ မင်းဟာသူရဲကောင်း ပီသပါတယ်။ ဘ၀ဆက်တိုင်း အဲဒီလိုရက်စက်တဲ့ အစိုးရနဲ့မတွေ့ရပါစေကြောင်း ဆုတောင်းလျှက်...

    ReplyDelete
    Replies
    1. သူရဲ့ကောင်းဆိုတာ သေမှတဲ့လားကွာ
      အမျိုးသားချင်း သတ်လို စနစ်တခုကိုတောင်းဆိုအောက်မြင်ဖို့
      အားလုံးမြင်မားတဲ့ညီမျှတဲ့ ဘဝတွေရဖို့
      မင်းကျတော့သေပေးရပြန်ပါရော
      မင်း အမျိုး မိဘမောင်ဖွား မင်းသွေးသားများတောင်
      မင်းအသက်ပေးအားထုတ်မူကို
      ဘာခံစားခွင်မှမရှီခဲ့ပြန်ဘူး
      နှီုင်ငံခြားတိုင်းတပါးကနေ
      လာဟဲ့ဒိုအမျိုးတွေ လို လှမ်းခေါ်နိုင်တဲ့
      ရသကောင်းကိုမင်းရှောင်ရှားပြိး
      မမောက်ကြွား မဟောက်စား
      အသက်ပေးသွားတဲ့ မင်းလိုရဲ့ဘော်အပေါင်း
      တိုင်းပြည်ကတနေ စုပေါင်းအမျှဝေမယ်
      သူငယ်ချင်း
      မျှော်လင့်ရင်းအသက်သေ
      မင်းတိုစိတ်အယူအဆ များစွာကို
      ရှင်နေသူအားလုံး
      ငုတ်တုတ်မမေ့ နိုင်ရေး အားထုက်နိုင်ကျပါစေ

      Delete