Pages

Friday, July 27, 2012

အိုလံပစ်ပွဲကို ဆိုက်ကားနဲ့ အရောက်သွားသူ







လန်ဒန်ရောက်ဖို့ နိုင်ငံ ၁၆ ခု ဖြတ်ခဲ့ရတယ် ဆိုတဲ့ အားကစား ပရိသတ်ကြီး Chen Guanming (ဓာတ်ပုံ - BBC)

တရုတ်ပြည်က Chen Guanming ဆိုတဲ့ လယ်သမားကြီးက လန်ဒန်အိုလံပစ်ပွဲကို တက်ရောက်ဖို့ ဆိုက်ကားနဲ့ ရောက်သွားပါတယ်။

အိုလံပစ်ပွဲကို ပရိုမိုးရှင်းလုပ်ပေးတဲ့ ထူးခြားသူတယောက်ပါပဲ။
သူက အသက် ၅၇ နှစ်အရွယ် ရှိပါပြီ။

ဆိုက်ကားပေါ်မှာလည်း သူ့ပစ္စည်း ပစ္စယတွေ အပြည့်နဲ့ပါ။

Chinese farmer Chen Guanming smiles as he talks to tourists after he claimed to have made a two-year 87,000 mile journey on a rickshaw from China to come to Britain for  the 2012 Summer Olympics, Thursday July 26, 2012, in London.
(ဓာတ်ပုံ - AP)

၂၀၀၈ ပီကင်းအိုလံပစ်ကတည်းက ၂၀၁၂ လန်ဒန်အိုလံပစ် တက်ရောက်ရေး စိတ်ကူးရခဲ့တာပါ တဲ့။

ဒီခရီးအတွက် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တရုတ်ပြည်က ထွက်လာတယ် လို့ ဆိုပါတယ်။

ဒီတခေါက် အိုလံပစ် အိမ်ရှင် ဗြိတိန်နိုင်ငံကိုတော့ ဒီလဆန်း ၆ ရက်နေ့မှာ ရောက်လာတယ် လို့ ဆိုတယ်။

Chinese farmer Chen Guanming smiles as he talks to tourists after he claimed to have made a two-year 87,000 mile journey on a rickshaw from China to come to Britain for  the 2012 Summer Olympics, Thursday July 26, 2012, in London.
(ဓာတ်ပုံ - AP)

BBC အင်တာဗျူးတခုမှာတော့ သူ့ ပတ်စ်ပို့မှာ ပါကစ္စတန်၊ ထိုင်း၊ အီရန်နိုင်ငံတို့ကို ရောက်ခဲ့တယ်လို့ ဆိုနိုင်တဲ့ ဗီဇာတံဆိပ်တုံးတွေ တွေ့ရတယ်လို့ ဆိုတယ်။

(ဧရာဝတီမှာ တွေ့ရတဲ့ Man ‘Rides Rickshaw’ from China to London Olympics
သတင်းကနေ ကောက်နုတ် ဖော်ပြပါတယ်။)



-

1 comment:

  1. အားနေရင်ဗမာငြည်ဆိုက်ကားလာနင်းပါလို့ဖိတ်ခေါ်ပါရစေ...
    အိမ်နီးချင်းတွေဘဲဟာ.....း)

    ReplyDelete