Pages

Wednesday, July 25, 2012

လေသေနတ်

~


"သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်းသားတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နာမည်ကိုသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်" လို့ နေပြည်တော်သတင်းရပ်ကွက်ကို ကိုးကားပြီး ဧရာဝတီ သတင်းတပုဒ်မှာ ဒီနေ့ ရေးထားပါတယ်။

ဗိုလ်ချုပ်သန်းရွှေက ဘယ့်သူ့ကိုဖြင့် မကြိုက်တော့ဘူး၊ ဘယ်သူ့ကိုတော့ဖြင့် ဒီအတိုင်း ဆက်မထားချင်တော့ဘူး ဆိုပြီး လေသံပစ်နေတယ် တဲ့။

မသိရင်တော့ လေသံတွေက ဗိုလ်ချုပ်မှူးကြီးဆီကို ၂၄/၇ အချိန်မရွေး ၀င်ထွက်နေသလိုလို ဘာလိုလိုပေါ့လေ။

ဗိုလ်သန်းရွှေ မကြိုက်တော့ဘူး ဆိုတဲ့ လူစာရင်းထဲမှာ ကာကွယ်ရေးဦးစီးချုပ်တောင် ပါနေတယ် တဲ့။

အဖိုးကြီးက ဘယ်လိုပြောနေပြီ၊ Number One ကြီးက ဘယ်လိုပြောနေပြီ ဆိုတာတွေကတော့ ဒီလိုပဲ ကြားနေရတာ များနေပါပြီ။

၁၀ နှစ်ကျော် ဆွဲထားတဲ့ စီမံကိန်းအတွက် စိတ်တိုင်းအကျဆုံးတပည့်တပန်းတွေကို အကွက်ချ နေရာပေးထားတာပဲ။
Link
ဘယ့်သူ့ကိုဖြင့် မကြိုက်တော့ဘူး ဆိုတဲ့ လေသံတွေကို အဖိုးကြီး ပြန်ကြားရင် စာဖတ်ပျက်နေပါအုံးမယ်။

ဗိုလ်ချုပ်မှူးကြီးကို ကိုယ်တိုင်ကိုယ်ကျ ၀င်ပြီး အကွက်ရွှေ့ဖို့ မျှော်လင့်နေသူတွေ၊ လေသေနတ်နဲ့စစ်တိုက်တဲ့သူတွေ နေပြည်တော်နိုင်ငံရေးလောကမှာ ရှိနေတာကတော့ အသေအချာပါပဲ။

3 comments:

  1. STILL ALIVE ???? PLS DON'T DISTURB ON GOOD PEOPLE. YOU SHOULD SEE MOHAMMED GADAFE.

    ReplyDelete
  2. သြော် ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီအစိုးရ
    ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရ၊ ပြည်သူဆန္ဒနဲ့ အညီ အုပ်ချုပ်နေတဲ့ အစိုးရ။
    နားလည်ပြီ ပြည်သူဆိုတာ အဲဒီ ငနဲကို ခေါ်တာထင်တယ်။

    ReplyDelete
  3. All peoples don't want to see this face on media again. Please don't pose with his any photo htweeeeeee.....,

    ReplyDelete