Pages
Saturday, July 28, 2012
အောင်သိန်းလင်း..ဘာလဲ? ဒါဘဲ..ဟဲ..ဟဲ..
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ – ဧရာဝတီ)
ဗိုလ်ဖိုက်တာ (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
[သစ်ထူးလွင်ဝက်ဆိုဒ်တွင်ဖေါ်ပြထားသည့် ElevenMediaGroup ၏“မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက် ရမည်ဟု အာဏာရ USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းပြောကြား” ဟုခေါင်းစဉ်တတ် သတင်းကို ရည်ညွှန်းသည်။]
(၁)
တလုပ်နိုင်ငံထုတ် Southern Weekend သတင်းစာရဲ့ပလက်ဖေါင်းပေါ်တက်ပြီး၊လမ်းတစ်ချမ်းခင်းအောင်သိန်းလင်းက၊ဖိုက်တင်ဟန်ရေးပြခဲ့သဗျ။
ဟန်ရေးပြရင်း,ချဲလဲင့်ခေါ်သွားတာက…
…မိမိကိုယ်တိုင်ပါဝင်လှုပ်ရှားနေသည့် ကြံ့ဖွံ့ပါတီအစိုးရအဖွဲ့၏ နိုင်ငံတော်သမ္မတ..။
…လူထုခေါင်းဆောင် နိုဘယ်ဆုရှင်..။
…ကမ္ဘာ့အဆင့်ခေါင်းဆောင် ‘ဒိတ်’တွေ….။
…ပြီးတော့..နိုင်ငံရေး အဖွဲ့အစည်းတွေ..။
…သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ..။
…လူထုလူတန်းစား အဖွဲ့အစည်းတွေ..။
…မီဒီယာတွေ..။
…ကြံ့ဖွံ့ပါတီဝင်မိသားစုများအပါအ၀င်တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး..။
…အိမ်း,အောင်သိန်းလင်း နောက်ထပ်ချဲလဲင့် ခေါ်ဖို့၊ ဘာတွေများ ကျန်နေသေးတုန်းဗျာ..။ ဧကန္တ..အောင်သိန်းလင်း..တစ်ယောက်..ဟဲ..ဟဲ..။
(၂)
ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင် အောင်သိန်းလင်းက..၊ မိမိ၏ကြံ့ဖွံ့ပါတီအစိုးရသမ္မတ, ဦးသိန်းစိန်ကို၊ မြစ်ဆုံကိစ္စနှင့် စပ်လျဉ်း၍ မရိုမသေမလေးမစား ပြန်လှန်စွပ်စွဲစော်ကားလိုက်ပုံက-
“ဒါဟာ..သူ(သမ္မတ) ရဲ့ကိုယ်ပိုင် အတွေးအခေါ်ပါ။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတဟာ တရုပ် မြန်မာဆက်ဆံရေးကို ပျက်ပြား အောင် လုပ်ခဲ့ပါတယ်”..တဲ့။
အောင်မယ်လေး..လေး။အောင်သိန်းလင်း၏ မိုက်ရိုင်းချက်ကတော့၊ ကမ်းကုန်ပါရောဗျို့.။
အောင်သိန်းလင်းသည် မျက်ကန်းတစ္ဆေ မကြောက်သူပီပီ၊ ဘာမျှ မစဉ်းစား မထောက်ထားပဲ၊ နိုင်ငံရေးပြစ်မှုကြီးကို ပြောင် ပြောင်တင်းတင်း ကျူးလွန်လိုက်လေပြီ။
<နံပါတ် 1>...သမ္မတ၏ အတွေးအခေါ်ကိုနာမ်နှိမ်အပုတ်ချသည့် ပြစ်မှုကျူးလွန်ခဲ့သည်။
<နံပါတ် 2>........လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဦးသိန်းစိန်က လုပ်ခဲ့သည်မဟုတ်၍၊ မိမိ (အောင်သိန်းလင်း) က ဆန့် ကျင်ပါသည်..တဲ့။
ကောင်းပါပြီဗျား..။ ဦးသိန်းစိန်,က၊ ၂၀၀၈ အခြေခံ ဥပဒေ ဘောင်ထဲမှ လုပ်သည်ကို၊ မိမိက ဆန့်ကျင်သည်ဟု၊ အောင်သိန်းလင်း က ပြောတော့…
…..အောင်သိန်းလင်းသည် အဲဒီအခြေခံ ဥပဒေကို ချေးကုန်း စက္ကူစုတ်လုပ်ပစ်သည့် ပြစ်မှု ကျူးလွန်လိုက်တာပဲဗျာ။
<နံပါတ်3>……အမျိုးသားရေးဆိုသည်မှာ၊ တိုင်းရင်းသား ပြည်သူများ၏ အရေးကိုဆိုလိုသည်ဖြစ်၍….
…တိုင်းရင်းသား ပြည်သူများ၏ အလိုဆန္ဒအတိုင်း ဦးသိန်းစိန်က မြစ်ဆုံ အရေးဆောင်ရွက်သည်ကို၊ အမျိုးသားရေးမူဝါဒ အရ ဆောင်ရွက်ခြင်း မဟုတ်ဟုစွပ်စွဲခြင်းသည်…
…….အောင်သိန်းလင်းက နိုင်ငံတော်သမ္မတကို ဘလိုင်းစော်ကားသည့် ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်။
ဘလိုင်းစော်ကားတာ မဟုတ်၊ မိမိ သိနားလည်သလို ပြောတာပါဟု၊ အောင်သိန်းလင်းက၊ ဆင်ခြေ, ဆင်လက်, ဆင်နားရွက်, ပေးလာအံ့..။ သည်ငနဲကို..အ,သုံးလုံး သင်တန်းသို့ မပို့ခဲ့သည့်..ယခင့် ယခင်, စစ်ဘုရင်..များကိုပင်, အပြစ်တင်, ရပေလိမ့်မည်။
<1:20AM;July 26,2012><ဆက်ပါဦးမည်>
<ကွန်ပြူတာပျက်သွားသဖြင့်၊ ‘အဆက်’ နောက်ကျသွားပါသည်။>
<နံပါတ်4>“သမ္မတဟာ၊ တလုပ် မြန်မာဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲပါတယ်”..တဲ့။
ဦးသိန်းစိန်က မြစ်ဆုံကိစ္စမှာ အမျိုးသားရေး ရပ်တည်ချက်ဖြင့် လုပ်ခဲ့သည်ကို၊ အောင်သိန်းလင်းက, တလုပ်ဘက်ကရပ်ပြီး၊ ဆတ်ဆတ်ခါ နာနေသည်။
‘မပြေးသော်,ကန်ရာရှိ’..တဲ့,ဗျ..။
သည်ငနဲ,ဟာ၊ တလုပ်အား နှမပေးထားသည့် ‘တလုပ်ရဲ့ နှမပေးယောက်ဖ’..ဖြစ်လျှင်,ဖြစ်.။ သို့မဟုတ်လျှင်..‘အလုပ်မရှိ၊ လှေလှော်။ တလုပ်ငတိ၊ အဖေခေါ်’သည့်၊ တလုပ်၏ မယားပါးသားဖြစ်ကို, ဖြစ်ရမည်။
အဲဒီလိုဖြစ်၍သာ၊ သူ့ပါတီရဲ့ အစိုးရ သမ္မတ၏ ပါးကို၊ လူစီးဖိနပ်နဲ့ အားမရ၊ ဆင်စီးဖိနပ်နဲ့ ပြန်ချတာပေါ့ဗျာ..။
သည်ပြစ်မှု ကျူးလွန်ခြင်းကို ထောက်လျှင်၊ အောင်သိန်းလင်းသည် ‘အမျိုးသားရေးသမား’..မဟုတ်။ ..‘တလုပ်ရေးသမား’..၊ ‘ငါရေးသမား’..၊ တစ်နည်းအားဖြင့်.. ငါ့ဘို့ တစ်ဘို့တည်းကိုသာ ကြည့်သည့်၊ ‘တစ်ဘို့ရေးသမား..နွား’.. ဧကန်ဧက, ဖြစ်ကို, ဖြစ်ရ, မည်။
<နံပါတ်5> ‘တစ်ဘို့ရေးသမား…နွား’အောင်သိန်းလင်းက၊ (မြစ်ဆုံဆည်ကို). .“ဆောက်ကို.. ဆောက်ရမှာပေါ့။ ကျွန်တော် တို့ လျှပ်စစ်ဓာတ်အားလိုတယ်”..တဲ့။
ဓာတ်ငွေ့တွေကို၊ တလုပ် ပထွေးအား ရောင်းစားတော့၊ လျှပ်စစ်ဓာတ်အားလို ရသပေါ့ဗျာ..။
<နံပါတ်6>…အောင်သိန်းလင်းက ဆက်ပြောပါသေးတယ်။ “အနောက်နိုင်ငံတွေက၊ ဒါကိုရပ်ဆိုင်းဖို့နဲ့..၊ တလုပ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ”..တဲ့။
အနောက်နိုင်ငံတွေ ဆိုတဲ့အထဲမှာ၊ အမေရိကန်ကို ထိပ်ဆုံးမှာထားပြီး အပြစ်တင်ပြောဆိုသွားတာ..၊ ဖြစ်မှာပါ။
အောင်သိန်းလင်းကို၊ သူ..နားလည်နိုင်မည့် ဘာသာစကားဖြင့် ပြောရလျှင်…
…‘တစ်ဘို့ရေးသမား…နွား’..အောင်သိန်းလင်း..ရေ့..
..နင့်ပထွေး အဖေကြီး ဗိုလ်နေ၀င် (ဗိုလ်နေ၀င်း, မဟုတ်ဖူးနော်။ဗိုလ်နေ၀င်) ကအစ, စစ်အာဏာရှင် တစ်ပြုံလုံးက၊ နင်တို့ ကို ‘နံ’တယ် ဆိုပြီး အကပ်မခံလို့၊ အမေရိကန်ကို ‘စပျစ်သီး၊ချဉ်တယ်’လုပ်နေတာ၊ အားလုံးကအသိပါ..။
အမေရိကန်ကသာ..‘ဟိတ်..လာခဲ့’လို့ လက်ဖျောက်တီး လိုက်ရင်၊ နင်တို့တတွေ, ဆီပုလင်း ခါးထိုးပြီး လေးဘက်ထောက် ပြေး ကြမှာကိုလည်း၊ အားလုံးက အသိပါ.ဟဲ.ဟဲ.ဟုတ်တယ်နော်.ဟဲ..ဟဲ..။
အဲ..အောင်သိန်းလင်း..ရဲ့။
တလုပ် မြန်မာဆက်ဆံရေး ပျက်ပြားအောင်’ ဆိုတာကလည်း၊ တလုပ် အလွဲသုံးစား လုပ်တဲ့ဗီတိုကို မရမှာစိုးလို့ ပြောနေ တယ် ဆိုတာလည်း၊ အားလုံးကအသိ။
<မိတ်ဆွေများခင်ဗျား..ကွန်ပြူတာက၊ ဖေါက်လာပြန်ပါပြီ။ အောင်သိန်းလင်းက သူကိုယ်တိုင် အမဲသား အစိမ်းကျွေးပြီး မွေးထားတဲ့ မကောင်းဆိုးဝါးတွေနဲ့၊ အနှောက်အယှက်ပြုနေတယ်.. ထင်ပါ့..ဟဲ..ဟဲ. မနက်ဖန်ကွန်ပြူတာ ဆြာလာပြီး, ထပ်ပြင်ဦးမှာပါ။ ဆက်ရန်ရှိသည်များကို ဆက်ပြီးလျှင်… ..ရုပ်ရှင်သရုပ်ဆောင် ကျာကူလီအေးကျူ ဌေးဦး, ဖါတာနှင့်.လမ်း တစ်ချမ်းခင်း…လျှော ချတာကိုဆက်ပါဦ မည်။.>
ဗိုလ်ဖိုက်တာ (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
6 comments:
  1. ကြိုက်တယ် ရေးထားတာတွေ
    အရမ်းကောင်းတာပဲ
    လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း ဟားဟားကြိုက်တယ် ကြိုက်တယ်
    ReplyDelete
  2. အောင်သိန်းလင်း ဘာလဲ? ဒါဘဲ…ဟဲ..ဟဲ..
    by BurmaMedia Wash on Saturday, July 28, 2012 at 11:47am ·
    အောင်သိန်းလင်း ဘာလဲ? ဒါဘဲ…ဟဲ..ဟဲ..
    ဗိုလ်ဖိုက်တာ (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
    ….အောင်သိန်းလင်းဆက်ပြောသည့်အထဲမှာ၊
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကိုရည်ညွှန်းပြီး
    ‘ကျွန်တော်သူ့ကိုမယုံဘူး’..တဲ့။
    တစ်တွဲတည်းဆက်ပြောလိုက်သေးတာက..‘ကုလသမဂ္ဂကိုလည်းမယုံဘူး’..တဲ့။
    အဲ..ရှေ့ဆက်ပြီးမှုတ်လိုက်သေးသည်။အမေရိကန်နိုင်ငံရေးဝန်ကြီးလာရောက်တာက…
    …ကျွန်တော်တို့ပြည်သူတွေအတွက်မဟုတ်ဖူး။ကျွန်တော်တို့နိုင်ငံအတွက်မဟုတ်ဖူး.တဲ့။
    ဒေါ်အောင်ဆန်းစုကြည်အားရည်ညွှန်းပြောဆိုလိုက်သေးသည်။
    ‘ဒီအမျိုးသမီး’..တဲ့..ဟဲ..ဟဲ..။သြော်..‘ဒီအမျိုးသမီး’..တဲ့လား..ဟဲ..ဟဲ..ဟဲ..
    EUနှင့်USကိုလည်းဗိုလ်အောင်သိန်းလင်းကအလွတ်မပေး။တွယ်လိုက်သေးသည်။
    ‘သူတို့ကိုမယုံဖူး။သူတို့ကသူတို့လိုချင်တဲ့ရုပ်သေးအစိုးရတင်ဖို့ဂိုဏ်းဖွဲ့နေကြတာ’..တဲ့..။
    အဲဒါ..လမ်းဘေးက,ကလေကချေ,ကလေက၀,တေလေဂျပိုးတွေရဲ့လေပေါက်နှင့်ထပ်တူဖြစ်နေပါလား။
    ရန်ကုန်မြို့တော်ဝန်လုပ်ခဲ့သူ..၊
    အာဏာရကြံ့ဖွံ့ပါတီ၏ထိပ်တန်းခေါင်းဆောင်လုပ်နေသူ..
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုသူ၏နှုတ်တော်မှ၊ထုတ်ဖေါ်ရမည့်စကား၊ဟုတ်ပေရဲ့လား..။
    ….‘လမ်းဘေးလေပေါက်’….ဖြင့်ဟောက်သည့်‘တစ်ဘို့ရေးသမား..နွား’..အလား၊အောင်သိန်းလင်းအား၊
    သူတို့လောကသားတွေနားလည်သည့်‘ဆီပုလင်း..ခါးထိုး’.ဘာသာစကားဖြင့်ပြောခဲ့တာ..၊
    ကျွန်တော် လွန် ပါသလားဗျာ..။
    လွန်..လျှင်၊ကျွန်တော်ကိုဆုံးမကြပါခင်ဗျာ..။
    အထက်နံပါတ်7တွင်ဖေါ်ပြခဲ့သည်များနှင့်စပ်လျဉ်း၍၊ကျွန်တော်ကဘာမျှထူးထူးထွေထွေမှတ်ချက်ပေးရန်မလိုပါ…။
    အားလုံးကရှင်းရှင်းလင်းလင်းဘွင်းဘွင်းကြီး၊သိရှိနားလည်သဘောပေါက်နေကြပြီဘဲခင်ဗျာ..။
    သို့သော်ညီလေးမောင်အောင်သိန်းလင်းနှင့်တကွ၊သူကဲ့သို့သောနယ်ပယ်သားတွေ၊
    ဗဟုသုတမကြွယ်၍မသိသည့်အကြောင်းအရာတစ်ခုလေးမျှကိုတော့၊ဝေမျှပါမည်။
    လွတ်လပ်ရေးရပြီးစ,ပါလီမန်ဒီမိုကရေစီခေတ်မှ,စ’ပါမည်။
    ဆွေမျိုးပေါက်ဖော်လို့ဖင်ပြဲသည်ထိအော်နေသည့်ကိုတလုပ်ကြီး၏ရုပ်သေးလည်းမလုပ်ခဲ့။
    သူ့ခေတ်သူ့အခါကလို့ပဲဆိုကြပါစို့။
    USသို့ဝန်ကြီးချုပ်ဦးနုရောက်ရှိနေခိုက်၊
    USကပြည်နယ်တစ်ခု၌၊လေပြင်းမုန်တိုင်းဘေးဆိုးက၊အတော်ပြင်းထန်စွာဒုက္ခကြီးကြီးပေးခဲ့သည်။
    ဤတွင်ဦးနုကလေဘေးဒုက္ခသည်များအတွက်ဆိုပြီးကမ္ဘာ့သူဌေးကြီးUSအားဒေါ်လာနှစ်သောင်းလှူခဲ့သဗျ။
    (ဒေါ်လာကိန်းဂဏန်းတိကျကို၊ဦးသုဝေကဝေမျှနိုင်မည်ထင်ပါ့။)
    ဦးနု၏ရည်ရွယ်ချက်က..ဘာလဲ။
    လှူတာဆိုတာထက်၊နိုင်ငံရေးအရBurmaဆိုတာ,ဒါဘဲကွလို့‘ပြ’ခဲ့တာဗျ။
    ဘက်မလိုက်အုပ်စုတည်ထောင်ရာ၊ဘန်ဒေါင်းမူကြီး(၅)ရပ်ကိုချမှတ်ရာ၊ဦးနုကထိပ်ဆုံး၏ထိပ်ဆုံးတန်းမှာ၊ပါဝင်လှူပ်ရှားခဲ့သူပါ..။
    ကိုင်း..US၏ရုပ်သေးလုပ်မည့်အတန်းအစားလား..။ဝေလာ..ဝေးပါ..။
    ဦးနုကUSကို‘ပြ’ခဲ့သလို၊ကိုတလုပ်ကြီးကိုလည်း‘ပြ’လိုက်သေးသည်။
    နှစ်ပြည်ထောင်နယ်နိမိတ်စာချုပ်အထိမ်းအမှတ်ပွဲကို၊အောင်ဆန်းကွင်းမှာကျင်းပတော့.
    ၊နှစ်ပြည်ထောင်ဝန်ကြီးချုပ်ကိုယ်စီကမိန့်ခွန်းချွေကြသည်..။
    ဦးနုမိန့်ခွန်းထဲမှာပါသည့်တစ်ချက်က -
    …တလုပ်က၊ကြီးသည်မို့၊ဆင်သတ္တ၀ါနှင့်အလားတူသည်။
    Burmaက၊ငယ်သည်မို့၊ပုရွက်ဆိတ်နှင့်အလားတူသည်…။
    ပုရွက်ဆိတ်ကအကောင်ငယ်သော်ငြား၊အကောင်ကြီးအမျိုးအစားဆင်၏နှာခေါင်းထဲဝင်ပြီး၊နှာနုနုကိုကိုက်နိုင်သည်..တဲ့။
    ကိုင်း..မှတ်ကရော..။
    အဲဒါ..ဦးနုက၊ကိုတလုပ်ကြီးကို‘ပြ’လိုက်တာဗျ..။
    ကိုင်း..ညီလေးကိုအောင်သိန်းလင်း..ရေ..။
    ညီလေးတို့စစ်ဘုရင်တွေ၊စစ်နယ်စားတွေကို၊
    ‘ဟ၀ှာ’အရေကြည်တည်ပေးခဲ့သည့်ဗိုလ်နေ၀င်းသည်ပင်၊
    US၏ရုပ်သေးမလုပ်ခဲ့…။
    ကိုတလုပ်ကြီး၏ရုပ်သေးလည်းမလုပ်ခဲ့။
    ညီလေးတို့၏စစ်အုပ်ချုပ်ရေးလက်ထက်တော်ရောက်ခါမှပဲ..၊
    ကုလသမဂ္ဂဗီတိုအတွက်၊
    ကိုတလုပ်ကြီး၏ရုပ်သေးဘ၀ရောက်ရတာကို၊
    သူခိုးက‘လူဟစ်’တော့၊ငါ့ညီ..မင်း,မလွန်ဖူးလားကွယ်..
    ငါ့ညီပြောရက်သည့်‘ဒီအမျိုးသမီး’ဆိုသည်က၊ကမ္ဘာမှာဝင့်ထယ်လွန်းသူမို့၊
    သူ့ကိုဘယ်သူကရုပ်သေးလုပ်နိုင်စွမ်းမှာလဲ..။
    ဟိတ်..ညီလေး..ရဲ့..။မင်းနှယ်‘ငပြူးက၊ငပြဲလုပ်’တယ်၊ရယ်ဖို့ကောင်းသကွယ်..ဟဲ..ဟဲ..
    ဤBurma Media Wash ဆောင်းပါးများကို၊ထပ်ဆင့်ဖြန့်ပါလေ။အွန်လိုင်းတင်ပါလေ။>
    ဗိုလ်ဖိုက်တာ (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
    ReplyDelete
  3. အဲ့လို ပညာရှင် မဟုတ်တဲ့သူ အုပ်ချူပ်ခဲ့လို့ မြန်မာပြည်ဒီလို ဖြစ်နေတာ ။ဒီိလိုလူမျိုးနိုင်ငံရဲ့ ဘယ်နေရာမှ မပါသင့်တော့ပါ။ထိရောက်စွာ ထုတ်ပယ်ပြီး အရေးယူသင့်ပါတယ်။
    ReplyDelete
  4. အောင်သိန်းလင်းအကြောင်းကတော့ မပြောတာပိုကောင်းမယ်ထင်ပါတယ် ဧရာဝတီ၊ ဒီလိုလူမျိုး ကို စာမျက်နှာပေးပြီးရေးနေရတာ အချိန်ကုန်ပါတယ်။ သူ့အားလည်း နာမည်ကြီးအောင် လုပ်ပေးရာကျပါတယ်။ မသိချင်ယောင် ပဲဆောင်နေလိုက်ပါ။ ဗမာတစ်ပြည်လုံးက သူ့ကို မေတ္တာများပို့နေပြီးသားပါ။
    ReplyDelete
  5. “ ‘ဒီအမျိုးသမီး’ဆိုသည်က၊ကမ္ဘာမှာဝင့်ထယ်လွန်းသူမို့၊
    သူ့ကိုဘယ်သူကရုပ်သေးလုပ်နိုင်စွမ်းမှာလဲ..။ ” တဲ့... ကြိုက်သဗျာ...
    ReplyDelete