Pages

Wednesday, July 4, 2012

နိုင်ငံတကာစံမီ အပြောင်းအလဲ ဘယ်က စလဲ ???



မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ နိုင်ငံတကာ စံချိန်နဲ့အညီ ထင်ရှားတဲ့ ပြောင်းလဲမှု တခုကို မြင်တွေ့ ရပါတယ်။

ဒါကတော့ တချိန်က ကားနံပတ်တွေကို မြန်မာ အက္ခရာ၊ မြန်မာ နံပတ်တွေနဲ့သာ ရေးသားကြပေမယ့် အခုတော့ အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်နံပတ်တွေ ပြောင်းလဲ အသုံးပြုပါပြီ။

ဒါပေမယ့် မြန်မာ့ထုံးစံအတိုင်း ကားတိုင်းကို နိုင်ငံတကာမှာလို အင်္ဂလိပ်အက္ခရာ၊ နံပတ်တွေသုံးတာ မဟုတ်ပါဘူး။ အငှားယာဉ် ( TAXI) ကာတွေကိုသာ "ကက" အက္ခရာ နေရာမှာ AA လို့ သုံးစွဲတာနိုင်ငံပိုင် သတင်းစာရဲ့ သတင်းထောက်က ဖော်ပြထားတာပါ။

အခုလို ပြောင်းလဲမှုက ပြည်ပ အတိုက်အခံ နံမည်ကြီးတယောက်က ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး နိုင်ငံတကာ စံချိန် မီချင်ရင် ပထမဆုံး ကားနံပတ်တွေကို အင်္ဂလိပ်လို ပြောင်းလဲသင့်တ ယ်ပြောလိုက်လို့များ လိုက်လုပ်လေသလား မပြောတတ်ပါ။

တကယ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှု မဟုတ်သေးဘူးဆိုတာ သတိထားမိစေပါတယ်။ နိုင်ငံပိုင် သတင်းစာက ဒါကို အမှတ်မထင် သတင်းမြင်ကွင်းအနေနဲ့ ဖော်ပြထားပါတယ်။

5 comments:

  1. တခြားကားတွေပါ အကုန် အင်္ဂလိပ်လို နံပါတ်တွေ ပြောင်းရမှာပါ။ တကယ်လို့  နိုင်ငံခြားသား တစ်ယောက်အနေနဲ့  မြန်မာလိုရေးထားတဲ့ နံပါတ်ပြားကားနဲ့  accident ဖြစ်ရင် နံပါတ်ကို ဘယ်လိုမှတ်ပြီး တိုင်မလဲ။

    ReplyDelete
  2. For the tourists' understanding, It is a good initiative.

    ReplyDelete
  3. ဒါဆိုသားတို့ဗမာတွေ မဖတ်တတ်တော့ဘူးပေါ့ ,,,,

    ReplyDelete
  4. နှစ်မျိုးလုံးရေးလိုက်ပေါ့ဗျာ။

    ReplyDelete
  5. မြန်မာအပါအ၀င် အာဆီယံအဖွဲ့ ဝင်အားလုံးဟာ ၂၀၁၅ နောက်ပိုင်းအာဆီယံလမ်ပမ်း ဆက်သွယ်မှု လွတ်လပ်စွာကူးသန်းဆက်ဆံနိုင်တဲ့အခါမှာအဖွဲ့ ဝင် နိုင်ငံအားလုံးက ကားနံပါတ်များအားလုံး တစ်ပြေးညီ ညှိနှိင်းသတ်မှတ်ဖို့ လိုလာပါမယ်။ အီးယူမှာလိုပေါ့။ အခုမြန်မာနိုင်ငံမှာ Taxi တွေကိုသတ်မှတ်တာနဲ့ ၊
    နောင် ကိုယ်ပိုင်ကား၊ ကုန်တင်ကား၊ အစိုးရကား၊ စစ်သုံးကား၊ မော်တော်ဆိုင်ကယ်၊အားလုံးအပါအ၀င် လိုက်လျောညီစေဖို့အတွက် ပြည့်စုံစွာစဉ်းစားလျာထားသတ်မှတ်ဖို့လိုပါမယ်။ ထော်လာဂျီနဲ့ကူးဖို့အတွက်တောင် ထည့်စဉ်းစားရပါမယ်။ ကောင်းသော အစလို့မြင်ပါ တယ်။ ပိုကောင်း​အောင်၊ အမြဲကောင်း​အောင်၊ ကိုယ့် နိုင်ငံ၊ ကိုယ့်နိုင်ငံသားတွေအကျိုးရှိအောင် လုပ်နိုင် ပါစေလို့ ကညန ကိုအားပေး ဆုတောင်းပါတယ်။ အံ့ကြီးမောင်

    ReplyDelete