Pages
Sunday, July 29, 2012
"မိန်းကလေးတယောက် အသည်းကွဲနေတယ်"
ဧပြီလ (၇) ရက်နေ့က မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့တဲ့ စိန်ဂေဟာ ဂီတဖျော်ဖြေပွဲ မှ
ဖြူဖြူကျော်သိန်း ၊ ဓာတ်ပုံ- myanmarcelebrity.com
"မိန်းကလေးတယောက်ကတော့ အသည်းကွဲနေပါတယ်လို့။ အဲဒါ ဖြူဖြူကျော်သိန်း ဟုတ်၊ မဟုတ် ဆိုတာကတော့ အခွေအစစ်ကို ၀ယ်ပြီးတော့ နားဆင်ခြင်းအားဖြင့် သိရှိနိုင်ပါလိမ့်မယ်"လို့ ဖြူဖြူကျော်သိန်းက ဇူလိုင်လ ၂၅ ရက်နေ့က လုပ်ခဲ့တဲ့ တေးစီးရီး မိတ်ဆက်ပွဲမှာ MRTV- 4 နဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။
"မိန်းကလေးတယောက် အသည်းကွဲနေတယ်" ဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ တကိုယ်တော် ကိုယ်ပိုင်သံစဉ် တေး စီရီး ကို လာမယ့် သြဂုတ်လ ၄ ရက်နေ့ စနေနေ့မှာ ထွက်ပါတော့မယ်တဲ့။
သီချင်း ၁၁ ပါဝင်တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဘ၀၊ ဆန္ဒနဲ့ ဂီတတွေကို တပုဒ်နဲ့ တပုဒ်ချိတ်ဆက်သီဆိုထားပြီး Lazy Club က တီးခတ်ထားပြီး PTL စတူဒီယို အသံဖမ်းထားတဲ့ တေးစီးရီးဖြစ်ပါတယ်တဲ့။
မိန်းကလေး တယောက် အသည်းကွဲနေတယ်ဆိုတဲ့ သီချင်းကတော့ အမျိုးသမီး တေးရေးအသစ်ဖြစ်တဲ့ "စိမ့်"က ရေးစပ်ပေးထား တာဖြစ်တယ် လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
တေးရေးတွေဖြစ်ကြတဲ့ စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ဖိုးကာ အစရှိတဲ့ အခြားတေးရေးသူတွေကလည်း အခု ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို အားဖြည့်ရေးထားပေးပါတယ်တဲ့။
အခုလို ကိုယ်ပိုင် သံစဉ်တေးစီးရီးဖြစ်လာဖို့က ၂၀၀၈ ခုနှစ်ကတည်းကပါတဲ့။ ဖြူဖြူကျော်သိန်းဟာ ကော်ပီ သီချင်းတွေနဲ့ နံမည်ကြီးလာတဲ့ အဆိုတော်ဖြစ်ပြီး အခု လို သူ့ရဲ့ စတုတ္တမြောက် တကိုယ်တော် တေး စီးရီး မှာတော့ သီချင်းတိုင်း ကိုယ်ပိုင်သံစဉ်ဖြစ်ပြီး Pop, R&B, Alternative, Rock ဆိုတဲ့ ဂီတမျိုးစုံနဲ့ စီစဉ်ထား တာဖြစ်ပါတယ်။
4 comments:
  1. ကိုယ်ပိုင်သံစဉ်တွေဆိုတော့ ပိုစိတ်ဝင်စားပြီး၊ ပိုပြီးအားပေးမှာပါလို့  ပြောပါရစေ။ ဆောင်းပါးရေးသူလည်း မြန်မာသဒ္ဒါမှန်မှန်နဲ့ 
    ဥပမာ-( အခြား တေးရေးတွေဖြစ်ကြတဲ့ စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ဖိုးကာ အစရှိတဲ့ သူတွေဖြစ်ပါတယ်တဲ့။) ကို အောက်ပါအတိုင်း တခုမဟုတ်တခုရေးရင် ဖတ်ရတာပိုပြီး အဆင်ပြေပါလိမ့်မယ်။
    ၁။ အခြား တေးရေးတွေဖြစ်ကြတဲ့ စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ဖိုးကာ အစရှိတဲ့ သူတွေ
    ၂။ အခြား တေးရေးတွေကတော့ စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ဖိုးကာ အစရှိတဲ့ သူတွေဖြစ်ပါတယ်တဲ့။
    ၃။ ကျန်တဲ့သီချင်းတွေကို ရေးသူတွေကတော့၊ အခြား တေးရေးတွေဖြစ်ကြတဲ့ စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ဖိုးကာ အစရှိတဲ့ သူတွေဖြစ်ပါတယ်တဲ့။
    အပြုသဘောနဲ့ ပါ။ ကျေးဇူးတင်ပါတယ်။
    ReplyDelete
  2. ဟုတ်ကဲ့.. ကိုယ်ပိုင်သံစဉ် ဆိုတော့လဲ ယုံပေးရမှာပေါ့... စလင်းကျော်သိန်း တော့ထပ်မလုပ်ပါ နဲ့တော့ မမ ရယ်... နားထောင်ရတာ စိတ်ဆင်းရဲလွန်းလို့ပါ...
    ဘ၀င်ရူးက ကုစရာဆေးမရှိဘူးနော်... be ware... it's no good for your health... :D :D :D :D
    ReplyDelete
  3. လူတစ်ယောက်ရဲ့ Personality ဆိုတာ ရုပ်ချောတာ မချောတာ၊ အသားဖြူတာ မဖြူတာ၊ ကိုယ်လုံးလှတာ မလှတာနဲ့ အရမ်းကြီးမသက်ဆိုင်ပါဘူး... ကိုယ်နဲ့လိုက်ဖက်ညီစွာ ၀တ်စားဆင်ယင်နေထိုင်ပြုမူမယ်ဆိုရင် အဆင်ပြေနေပါပြီ.. နာမည် ကြီးချင်လို့၊ သူများထက်ထူးချင်လို့ ကိုယ့်ရုပ်ရေ၊ ကိုယ့်ပုံစံ ကိုမကြည့်ဘဲ ပြူးတူးပြဲတဲဝတ်၊ ကော့ကော်ကန်ကား တွေလုပ်တာကတော့ ဆင်ခြင်သင့်ပါတယ်...
    ReplyDelete
  4. Anonymous ရေ၊ခင်ဗျားရဲ့အရေးအသားကိုတော့ကြုက်တယ်ဗျာ!
    ReplyDelete