Pages

Sunday, July 29, 2012

အင်တာနက်မှ ထူးဆန်းသည့်ပုံ



ဖြစ်ရပ်မှန်လေးပါ..
ဂျပန်နိုင်ငံမှာ ကောင်မလေးတစ်ယောက် ပန်းချီပုံတစ်ပုံဆွဲပါတယ်..။ ပုံကို စကင်နာဖတ်ပြီးတော့ ကာလာချိန်တယ်...။ ဆိုက်...အရွယ်အစားနဲ့ ပုံစံတွေကို သတ်မှတ်ပြီးတော့...။ အင်တာနက်ပေါ်ကို ဗွီဒီယိုအနေနဲ့တင်လိုက်ပါတယ်...။

ပြီးတော့ သူ့ကိုယ်သူသတ်သေသွားတယ်....။ အဲဒီပုံလေးကို ဗွီဒီယိုအဖြစ်နဲ့ လူတိုင်း ယနေ့ထိကြည့်နေကြ ဆဲပါ...။

ပုံမှာထူးခြားချက်ရှိတယ်လို့ပြောကြတယ်...။ ပုံကို ၅ မိနစ်ခန့် စိုက်ကြည့်ပေးပါလို့ပြောတယ်...။

ဘယ်သူ့ကို မှ အာရုံမထားပဲ.. စူးစူးစိုက်စိုက်ကြည့်ပေးပါတဲ့။ တချို့က တစ်ခုခုပြောင်းလဲ သွားတယ်လို့ပြော တယ်...။ တချို့ကတော့ စကားပြောသလိုပဲခံစားရတယ်တဲ့...။ တချို့ကတော့ မျက်ရည်ကျပြီးငိုလာတယ် လို့ပြောတယ်...။ ဘာဖြစ်လာတာလဲတော့ ကိုယ့်ဖာသာကိုယ် ကြည့်ကြည့်ကြပေါ့...။ ၅ မိနစ်လောက် ဘေးက သူငယ်ချင်းတွေကို သတိမထားပဲစိုက်ကြည့်ပါ...။ ထူးခြားမှုတွေတွေ့လာမယ်...။

by Stëvëń JüńïØr

မူရင်း ဗွီဒီယိုဖိုင်ကိုတော့




13 comments:

  1. မျက်ရည်ကျပြီး ငိုမှာပေါ့ ကွန်ပြူတာ စခရင်ပေါ်က ပုံ မှုန်းဝါးဝါးကို ၅ မိနစ်ကြီးတောင် စိုက်ကြည့်နေရတာကိုး .. အိမ်း အဲ့ဒါ ထူးခြားတာပဲ :P

    ReplyDelete
  2. တကယ့်ကိုထူးတာပဲ။ မယုံနိုင်စရာ အမှန်ပဲ။ ပါဝါ plus 10 တက်သွားတယ်။ တော်တော့ကိုမှုန်တဲ့ ပုံပဲ။

    ReplyDelete
  3. Thank you, I'd been watching more then 5 minutes, but it didn't work.

    ReplyDelete
  4. I look at picture so scare. i wanna make a pee .

    ReplyDelete
  5. ဟုက်လဲဟုက်ဘဲနဲ့

    ReplyDelete
  6. ဖန်တီးသူရဲ့အမည်နဲ့ သူ့အကြောင်းဒီ့ထက်ပိုသိရရင်ကောင်းမှာ။ ဒီကားချပ်ထဲကကောင်မလေးရဲ့မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုလေးတွေမြင်ရသလိုပဲ။ သမီးကပြောတယ်။ လှလဲမလှဘူးတဲ့။ မျက်လုံးလေးတွေကဘာလို့ပြာနေတာလဲတဲ့။ ကလစ်လဲမပါဘူး နောက်ပြီးနှတ်ခမ်းနီလဲ ဆိုးမထားဘူးတဲ့။ သြော်မေ့တော့မလို့။ သမီးကရှေ့လဆို လေးနှစ်ပြည့်ပြီ။

    ReplyDelete
  7. ဘာမှလည်း ဖြစ်ပါဘူး.........

    ReplyDelete
  8. ဘာမှ ထူးဘူး.....
    ဒါပေမယ့် ပုံလေးက တော်တော်လှပြီး အသက်ဝင်လို့ 
    ၅မိနစ် အချိန်ပေး ကြည့်လိုက်ရတာ တန်ပါတယ်

    ReplyDelete
  9. နူးညံ့ သိမ်မွေ့ခြင်း ၊ တစ်စုံတစ်ခုကို ပြောပြလိုသော ဆန္ဒရှိနေခြင်း ၊ ရံဖန်ရံခါ ဒေါသစိတ်ကြောင့်ဖြစ်ပေါ်လာသော အကြည့်တစ်မျိုးနှင့် ကြည့်နေခြင်း ၊ တဖန် ပြုံးယောင်သန်းနေခြင်း ၊ စိတ်ခံစားချက်ကို မှန်းဆလို့မရသော အကြည့်တစ်မျိုးရှိနေခြင်း အဒါတွေတော့ ခံစားမိပါတယ်။

    ReplyDelete
  10. ဗွီဒီယိုဖန်တီးတဲ့လူက တော်တော်ပညာသားပါတယ်ဗျ တော်တော်လည်း စိတ်ရှည်ရှည်နဲ့ ဖန်တီးထားပုံပေါ်ပါတယ် ကောင်မလေး သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတာက ပုံကို စိတ်ဝင်စားအောင် လုပ်တယ်ထင်ပါတယ် မိုနာလီဇာ လိုလေ လူ့စိတ်ကို ညှို့ငင်တဲ့ သဘောပေါ့.. ပုံက မျက်လုံးကို အသေထားပြီး လူ ၃ ဦး အမျိုးသမီး ၃ ဦးရဲ့ ဓါတ်ပုံနဲ့ ပန်းချီအဖြည့်သဘောမျိုး ပေါင်းစပ်ပေးထားတာလို့ ယူဆပါတယ်.. ဗွီဒီယိုမှာ လုံးဝအငြိမ်လို့ ယူဆရအောင် ရိုက်ထားပေမယ့် သေသေချာချာ ကြည့်မှ မသိမသာလေး မျက်နှာ ဖရိန် ပြောင်းလဲသွားတာကို မြင်နိုင်ပါတယ်.. ဒါပေမယ့် ပြောင်းလဲချိန်က အရမ်းမြန်ပါတယ် မြန်မာ့ ကော်နက်ရှင်နဲ့မို့ အဲလောက် အသေးစိတ်မြင်နိုင်တာပါ မြန်မာနိုင်ငံက ကော်နက်ရှင်က အဲလို အသေးစိတ်မြင်အောင်ကို နှေးပါတယ်ခင်ဗျ

    ReplyDelete
  11. ဗွီဒီယို ဖန်တီးသူက တော်တော်လေး ပညာပါပါတယ် ပန်းချီ ကိုစိတ်ဝင်စားအောင် ဂျပန်ကောင်မလေးက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ဇာတ်လမ်း ဖော်ထားပုံ ရပါတယ်.. မိုနာလီဇာ လိုပေါ့ ဒီဗွီဒီယိုမှာ ပန်းချီကားရယ် လူ ၃ ဦး(အမျိုးသမီး ၃ ဦး)ရဲ့ ပုံကို ပညာသားပါပါ ပေါင်းစပ်ထားတာပါ ဗွီဒီယို လှုပ်ရှားမှုဟာ အရမ်းညင်သာပါတယ် မျက်လုံးနဲ့ မျက်နှာ ဖရန်ကို စက္ကန့်ပိုင်းလေးအတွင်းမှာ အလှည့်ကျ နီးပါး ပြောင်းလဲထားတာပါ အရမ်းမြန်တဲ့ အတွက် ရိုးရိုး မီဒီယာနဲ့ ကြည့် လို့ အဆင်မပြေနိုင်ပါဘူး မြန်မာပြည်က အင်တာနက် ကော်နက်ရှင်နဲ့ ကြည့်ရင် တော့ အဆင်ပြေနိုင်ပါတယ်.. ထူးဆန်းလှပေစွတကား မြန်မာ့ကော်နက်ရှင်ရယ်

    ReplyDelete
  12. ပါးစပ်လှုပ်နေသလိုမြင်ရတယ်...တစ်ခုခုပြောဖို့များကြိုးစားနေသလား?

    ReplyDelete
  13. အရိုးရိုး လူကိုအရူးလုပ်တယ်

    ReplyDelete